iMyanmarHouse.com - Best Property Website for Myanmar
×














လက်ရှိအချစ်ရေးက အရမ်းကို ပျော်စရာကောင်းနေတယ်လို့ ၀န်ခံလာတဲ့ မိစန္ဒီက မကြာတော့တဲ့ အချိန်တစ်ခုမှာ ပစ်တိုင်းထောင် အမ်တီဗီနဲ့ ၄ ယောက် စုလုပ်နေတဲ့ ဟစ်ဟော့ အမိုက်စားအခွေတစ်ခွေကို ပရိသတ်ထံ အရောက်ပို့ပေးတော့မှာပါ။

"အမ်တီဗီကို စက်တင်ဘာလကုန် ( သို့ ) အောက်တိုဘာလကုန်လောက် မှန်းထားတယ်။ မိစန္ဒီတို့ပရိုမိုးရှင်းနေရာလဲ ချိတ်ရဦးမယ်ဆိုတော့ အဓိက အဲ့ဒီအပေါ်မှာလဲ မူတည်သေးတာပေါ့နော်။  ဒီအမ်တီဗီအတွက် မိစန္ဒီရင်လဲ အရမ်းခုန်တယ်။ မိုနိုပိုလီတုန်းကဆိုလဲ အမ်တီဗီမှာ ပရိသတ်တွေ ပိုအားပေးခဲ့တာဆိုတော့ ဒီပစ်တိုင်းထောင်ကိုလဲ မိုနိုပိုလီကို မမှီမှာအရမ်းကြောက်နေတယ်။ ဒါပေမဲ့ နှစ်တွေကလဲ မတူတော့ဘူး။ ကင်မရတွေကလဲ အရမ်းကို ပိုကောင်းလာတယ်ဆိုတော့လေ ကောင်းမှာပါ။

 မိုနိုပိုလီတုန်းကထက်ပိုပြီးအချိန်တွေရော၊ လူတွေရော၊ ငွေကြေးအင်အားတွေရော အများကြီး စိုက်ထုတ်ထားတယ်။ မိစန္ဒီရှာသမျှ ဒီထဲပဲ ထည့်နေတာပါ။ အပုဒ်တွေကလဲ တနေ့ကို တစ်ပုဒ်ထဲပြီးသွားတာ ရှားတယ်။ သေချာလေး ၂ရက်လောက်အချိန်ယူပြီးရိုက်ထားတယ်။ ပရိသတ်တုံ့ပြန့်မှု ကိုလဲအရမ်းမျှော်လင့်တယ်။ ပြီးတော့ မိစန္ဒီရဲ့ ပစ်တိုင်းထောင်အခွေလေးက ပရိသတ်ဝယ်ရတာတန်တယ်ဆိုတာလေးကိုပဲကြားချင်ပါတယ်။ အဲ့ဒီလိုပြန်ကြားရပါ့မလားဆိုတာကိုလဲ ရင်ခုန်နေပါတယ်။"လို့သူမက ပစ်တိုင်းထောင် အမ်တီဗီအကြောင်း ပြောပြသွားပါတယ်။

ရှိုးပွဲအခြေအနေ၊ တခြားသီချင်းသစ်ဖန်တီးမှုအကြောင်းကိုတော့ " ဒီကြားထဲမှာ နယ်ရှိုးတွေတော့လက်ခံထားတယ်။ မကွေးနဲ့မေမြို့ပါ။ ကြားထဲမှာ သီချင်းအသစ်တွေလဲလုပ်နေတယ်။ ကိုစိုးကြီးရယ်၊ X- boxရယ်၊ မိစန္ဒီရယ် ၊ ဂျူနီယာစိုးရယ်ပေါ့။ မိစန္ဒီတို့ အခွေ လုပ်နေတယ်။ သူက မိစန္ဒီတို့ပစ်တိုင်းထောင်လို မိုနိုပိုလီလို မဟုတ်ဘူး။ တကယ့် ဟစ်ဟော့ပုံစံကိုမှ ခေတ်အဆန်ဆုံးနဲ့အမိုက်ဆုံး ပုံစံတွေသွားမှာပေါ့။ အဲ့ဒါကိုလဲ ပစ်တိုင်းထောင်နဲ့မကွာပဲ ထွက်ဖို့ရှိပါတယ်"တဲ့။

လက်ရှိအချစ်ရေးနဲ့ပတ်သက်ပြီးတော့ "လက်ရှိမှာတော့ ချစ်တဲ့သူတော့ ရှိပါတယ်။ လက်ရှိ အချစ်ကလဲ အရမ်းကို ပျော်ဖို့ကောင်းနေပါတယ်"လို့ သူမက ဖွင့်ဟသွားပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top