iMyanmarHouse.com - Best Property Website for Myanmar
×










ကျောက်ကပ်ရောဂါဟာ မိမိမသိရဘဲ အခြေအနေ ပိုမိုဆိုးရွားလာလေ့ရှိပြီး ရောဂါလက္ခဏာကို သိဖို့လည်း မလွယ်လှပါဘူး။  ခန္ဓာကိုယ်ရှိ အရေးပါဆုံး လုပ်ငန်းတွေထဲက တစ်ခုကို ဆောင်ရွက်ပေးတဲ့ ကျောက်ကပ်ပြသနာကို တစ်သက်နဲ့ တစ်ကိုယ် မခံစားချင်ရင် ခုချိန်မှာ တစ်ခုခုဆောင်ရွက်ဖို့ အချိန်ရောက်ပါပြီ။

ကျွန်ုပ်တို့ နေ့စဉ်ပုံမှန်စားနေကျ အစားအစာနဲ့ အသောက်အစားများ ပိုဂရုစိုက်ပေးရပါမယ်။ ဒါပေမယ့် အတိတ်က ပျက်စီးထိခိုက်မှုတွေကို အာဟာရဓာတ်တစ်ခွက်နဲ့ ဖြေရှင်းနိုင်ပါတယ်။အဲဒီအာဟာရဓာတ်ထဲမှာ သံပုယိုသီး (၁) လုံး၊ ကီဝီသီး (၁) လုံး၊ သစ်ကြားသီး (၄) လုံး၊ ငှက်ပျောသီး (၁) လုံး၊ တရုတ်နံနံ အနည်းငယ်နဲ့ ရေတစ်ခွက် ပါဝင်ပါတယ်။အဲဒီပါဝင်ပစ္စည်းအားလုံး သစ်သီးဖျော်စက်တစ်ခုထဲပေါင်းထည့်ပြီး ရေနဲ့ရောပေးရပါမယ်။ ရလာတဲ့ အဲဒီအာဟာရဖျော်ရည်ကို နေ့တိုင်းမဟုတ်ရင်တောင် တစ်ပတ်ကို အကြိမ် အနည်းငယ်သောက်ပေးရပါမယ်။

ဒါကိုသောက်ပေးခြင်းအားဖြင့် ကျောက်ကပ်ကို ထိခိုက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ရောဂါဘယတွေနဲ့ ကူးစက်ရောဂါတွေကို သင် ကာကွယ်နိုင်ပါတယ်။ ဒီအံ့မခန်း ကျန်းမာရေးအကျိုးဖြစ်စေတဲ့ ဖျော်ရည်ဖော်စပ်ခြင်းတာ အချိန်များစွာ မကုန်ဘဲ တစ်ငုံစုပ်လိုက်တိုင်း ကျန်းမာမှု ရရှိစေပါလိမ့်မယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top