iMyanmarHouse.com - Best Property Website for Myanmar
×














ကျောင်းမှာ၊ အလုပ်ထဲမှာ၊ သူငယ်ချင်းတွေထဲမှာ၊ မာနကြီးတဲ့ မိန်းကလေးဆိုတာရှိမှာပေါ့နော်။ သူ့ကိုကြည့်လိုက်ရင် အမြဲတမ်း နင်နဲ့တော့ ငါကမတူလို့ မပြောရုံပါပဲ။

သူတို့က တစ်ယောက်တည်း လုပ်နေတဲ့ကိစ္စကို ဘယ်သူမှ နှောက်ယှက်ခွင့်ပေးမှာ မဟုတ်ပါ။ ဘယ်သူက ဘာတွေပြောပြော လက်ခံမှာလည်း မဟုတ်ပါ။ ပြောင်းပြန် စဉ်းစားလိုက်ရင်တော့ အဲဒီလိုလုပ်တာက ပို၍တောင် အဆင်ပြေပြီး အေးအေးဆေးဆေး နေလို့ရတယ်လို့ထင်ပါတယ်။ ဘာတွေဖြစ်မလဲ။

★ ဘယ်သူ့ကိုမှ အားမနာပါ။ ပြောချင်ရာကို ပြောမည်။
သူ့စိတ်ထဲမှာ ရှိတဲ့အတိုင်းကို ပြောချလိုက်မယ်ဆိုတဲ့ ပင်ကိုစိတ်ထားလေးရှိပါတယ်။

★ ဘယ်လောက်ပင် ခက်ခဲပါစေ၊ ကြိုးစားမည်။
မာနကြီးတာ တခုတည်းဆိုရင်တော့ လူမုန်းမှာပေါ့နော်။ ဒါပင်မဲ့ သူ့မှာ အားသာချက်ရှိပါတယ်။ ဘာကိုပဲလုပ်လုပ် ပြီးမြောက်အောင် ကြိုးစားပြီး လုပ်တယ်ဆိုတဲ့ အားသာချက်လေးပါ။

★ မွေးကတည်းက တန်ခိုးအရှိန်အဝါရှိတယ်။
မွေးကတည်းက သူ့မှာ ပါလာတဲ့ အရာလေးဖြစ်မှာပါ။ သူကိုယ်တိုင်ကလည်း ဒါကို အသုံးချမယ်လို့ စဉ်းစားနေပြီလား။

★ သူ့မှာ ခိုင်မာတဲ့ ခံယူချက်တွေရှိတယ်။
ဘဝအတွက် ကြိးမားတဲ့ ရည်မှန်းချက်တွေ သူ့မှာရှိတယ်။ ဒီရည်မှန်းချက်က အောင်မြင်ရန်အတွက်ဆိုတာ ခိုင်မာတဲ့ ယုံကြည်ချက်တွေလည်း ရှိနေလို့ပါ။

★ အောင်မြင်အောင် ဇွဲရှိရှိနဲ့ ကြိုးစားသွားမယ်။
သူ့ရဲ့ဘဝမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိပါ။ ကိုယ်ကတတ်နိုင်သလောက် ကြိုးစားသွားမယ်လို့ ခံယူထားတယ်။

★ အချိန်ကို မဖြုန်းပါ။
အမြဲတမ်း တခုခုအတွက် ကြိုးစားနေတယ်။ ဒါမှမဟုတ် အချစ်ရေး၊ အလုပ်အတွက် အမြဲကြိုးစားနေရတဲ့အတွက် သူ့မှာ အားနေမဲ့အချိန်မရှိပါ။

★ ပေါင်းသင်းဆက်ဆံရေး ကောင်းပါတယ်။
မာနသာ ကြီးတာပါ။ စကားအပြောအဆို၊ ပေါင်းသင်းဆက်ဆံရေးကတော့ နံပါတ် ၁ နေရာမှာရှိပါတယ်။ ဒါကြောင့်လည်း ကိုကိုတို့က သဘောကျပါလိမ့်မယ်။

★ ဖြတ်ဖြတ်လတ်လတ်နဲ့ ဖြတ်ထိုးဥာဏ်အပြည့်။
ဘယ်လောက်ပင် အလုပ်ရှုပ်နေပါစေ။ ကိုယ်လုပ်ရမဲ့အလုပ်ကို သိပြီး ချက်ချင်းဆိုသလို စဉ်းစားဆုံးဖြတ်လိုက်နိုင်သောသူပါ။
သူ့ကို ညာပြီးလုပ်မယ်ဆိုရင်တော့ ကိုယ်ကခံသွားရမယ် ဆိုတာကို သတိထားပါ။

★ ပတ်ဝန်းကျင်နဲ့ လိုက်လိုက်ရောရော မနေတတ်ပါ။
သူများတွေနဲ့အတူတူ လုပ်ရမဲ့အလုပ်ကို မုန်းတတ်ပြီး သူများကချသွားတဲ့ စည်းကမ်းထက် ကိုယ့်ရဲ့စည်းကမ်း အတိုင်းသာလုပ်မှာပါ။

★ လူအမုန်းခံရပါစေ။ ပြောသင့်တာကို ပြောမှာပဲ။
လူအမုန်းခံရမှာကို မကြောက်ပါ။ မှားနေတာကို ပြင်ပေးဖို့ရန် ပြောသင့်တာကိုပြောမှာပဲ။

★ ကိုယ့်ရဲ့ရည်မှန်းချက်တွေအတွက် ကြိုးစားနေတယ်။
ဘယ်လိုအလုပ်ပင်ဖြစ်ပါစေ။ 120% အင်အားနဲ့ အားထည့်ပြီး လုပ်နေပါတယ်။ ဒါကြောင့်လဲ အမြဲဆိုသလို အရည်အသွေးမြင့်မားတဲ့ တာဝန်ကို ထိန်းဆောင်နေသူပါ။

★ သိပ်တကိုယ်ကောင်းဆန်တတ်တယ်။
ဒါကတော့ သူက သိသိပြီးနဲ့ကို လုပ်တတ်တာပါ။်ဒါမှမဟုတ် သရုပ်ဆောင်နေတာလား။

★ ဆုံးဖြတ်တာလည်း မြန်မှမြန်
ချစ်သူတွေမှာ များသောအားဖြင့် ယောင်္ကျားလေးတွေက ဦးဆောင်တတ်ပင်မဲ့လည်း သူတို့ကတော့ ကိုယ်ကဦးဆောင်ရမှကို ကျေနပ်တာပါ။
ဆုံးဖြတ်ချက်ချမဲ့နေရာမှာ မြန်လည်းမြန်၊ မှန်လည်းမှန်တတ်တယ်။

★ စိတ်ချမ်းသာစေမှာပါ။
သူနဲ့ချစ်သူတွေ ဖြစ်နေချိန်မှာ သူအတွက်တော့ စိတ်ပူစရာ မလိုပါ။ သူကိစ္စကို သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်တယ်အတွက် စိတ်အေးရမှာပါ။

★ ဘာစားချင်သလဲဆိုတာကို ဆုံးဖြတ်ပြီးသားပါ။
ဘယ်နေ့မှာ ဘာစားမလဲဆိုတာကို ဆုံးဖြတ်ပြိးသားဆိုတော့ ဘာမှပူစရာမလိုပါ။

★ လိုချင်တာတွေကို ဘာမလိုရအောင်ယူမယ်။
ဒီအခြေအနေရောက်ရင်တော့ လိုချင်တာကို မရရအောင်ကို လက်ထဲရောက်အောင်လုပ်တော့မှာပါ။ တားနိုင်မှာလည်း မဟုတ်ပါ။

★ လုံးဝ မလိုက်ရောပါ။
အလုပ်မှာကော၊ အချစ်ရေးမှာပါ လုံးဝကို မလျှော့ပေးပါ။ အားလုံးကို အကောင်းဆုံးဖြစ်အောင် ကြိုးစားစေချင်တဲ့သူပါ။

★ ဘာမှာ မကြောက်ပါ။
သူ့ကို လုပ်သွားရင်တော့ ခံရဖို့သာ ပြင်ထားပေတော့။ ရုပ်ရှင်ထဲကအတိုင်း ခလဲ့စားချေ ခံရမှာပါ။

★ နေရာသစ်၊ အသစ်တွေကို စိတ်ဝင်စားတယ်။
ဘဝအတွက် အကျိုးရှိမဲ့ကိစ္စတွေကိုဆိုရင် ဘာမဆို စိတ်ဝင်စားတယ်။ သူများကိုလည်း ဝေမျှလိမ့်မယ်။

★ ရှုံးရင်လည်း ချက်ချင်းပြန်ထနိုင်တယ်။
ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် ခံစားရပါစေ။ ဘယ်တော့မှ အရှုံးမပေးပါ။

★ ရှက်စရာကောင်းတဲ့အလုပ်ကို လုပ်ရန်မစဉ်းစားပါ။
ရှက်စရာကောင်းတဲ့အလုပ်ကပေါ်လာရင် တတ်နိုင်ရန် သွားလည်းမသွား၊ လုပ်လည်းမလုပ်ပါ။

★ အားလုံးကို ပေးဆပ်မှာပါ။
ချစ်တဲ့သူအတွက်ဆို အားလုံးကို ပေးဆပ်ရန်အသင့်ပါ။

★ လိုအပ်ရင်တော့ အကူအညီကို လက်ခံမှာပါ။
ကိုယ့်ရဲ့အားနည်းချက်တွေကို မပြနိုင်ပင်မဲ့လည်း လိုအပ်ရင်တော့ အကူအညီကို တောင်းခံချင်သူပါ။

★ အမြဲတမ်း မှန်မှန်ကန်ကန် နေသူပါ။
ကိုယ့်ဘဝအတွက် ဘယ်တော့မှ လိမ်လည်ခြင်းမရှိပဲ အရှိကိုအရှိအတိုင်း ပြတ်ပြတ်သားသားနေနေသူပါ။

★ မိန်းမဖြစ်လို့ ဆိုတာကို မေ့ထားတယ်။
မိန်းမဖြစ်လို့ ဆိုပြီး ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရ ဆိုတာတွေကို မေ့ထားတယ်။

Credit : Chelmo Team

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top