iMyanmarHouse.com - Best Property Website for Myanmar
×










မနေ့က စာတွေလိုက်ဖတ် ရင်းနဲ့ သြစတေးလျဘုန်းတော်ကြီး အရှင်ဗြဟ္မ၀ံသရဲ့ ဆောင်းပါးလေးတွေ ကို ဖတ်ဖြစ်တယ်။ အဲဒီထဲမှာ ဆုံးဖြတ်ချက်ချတာနဲ့ပတ်သတ်ပြီး အိုင်ဒီယာတစ်ခု သဘောကျလို့ မျှဝေချင် ပါတယ်။

တစ်ကယ်တော့ လူတိုင်း မှာ ပြဿ နာပေါင်း သောင်းခြောက်ထောင် တစ်ခုပြီး တစ်ခု ပေါ်နေတာပါပဲ။ အဲလို ပြဿနာပေါ်လာတဲ့ အခါမှာ ဖြေရှင်းဖို့ နည်းလမ်းတွေ များ စွာရှိပါတယ်။ ထိုနည်းတွေ ထဲကမှ သင့်တော် မယ့်နည်းလမ်း ကို ရွေးချယ်ဖို့ အတွက် ဆုံးဖြတ် ချက်ဟာ အရေးကြီးပါ တယ်။

ပြဿနာ နဲ့ ကိုက်ညီ မယ့် ဆုံးဖြတ်ချက် ချ ရမှာပေါ့။ ဆုံးဖြတ်ချက် မှားသွား ရင် ပြဿနာ ပိုကြီးနိုင်ပါ တယ်။အချို့ကတော့ ပြဿနာကြုံတဲ့ အခါ သူများ ရဲ့ ဆုံးဖြတ်ချက် ကို မျော်လင့်ကြတယ်။ ကိုယ်တိုင် မဆုံးဖြတ် တတ်ကြဘူး။ ဆရာတော်ပြောထား တဲ့ ဥပမာလေး ကတော့……
“သင် ဘက်စ်ကား လမ်းဆုံရောက်တဲ့ အခါ၊ ကိုယ် သွားမယ့်နေရာ ကို ရောက်နိုင်မယ့် လိုင်းကားကို လည်း သေချာ မသိရ တဲ့ အခါမျိုးမှာ လမ်းဘေး ကို ခဏ ကပ်ပြီး လာမယ့် ကားတွေကို စောင့်နေ လိုက်ပါ။ မကြာခင် လိုင်းကားတွေ လာပါလိမ့်မယ်။

လိုင်းကားရှေ့ မှာ သူတို့ ရဲ့ ဦးတည် ချက်နေရာတွေ ကို ရေးထား ပါတယ်။ အဲဒါ ကို ကြည့်ပြီး ကိုယ်သွား မယ့်နေရာ နဲ့ ကိုက်လား ကြည့်ရမယ်။ ကိုယ်သွားမယ့်နေရာ နဲ့ ကိုက်ညီ ရင် တက်စီး သွားလိုက်ပါ။ မကိုက် ညီရင် နောက်ကားစောင့်ပေါ့။အလားတူ ပါပဲ၊ ဆုံးဖြတ်ချက် တစ်ခု ချတဲ့ အခါ၊ ဘယ်လို ဆုံးဖြတ်ချက် မျိုး ချ ရမလဲဆိုတာ မသေချာ တဲ့ အခါမျိုး မှာ ခဏလေး ဘရိတ် အုပ်ပြီး စောင့်နေလိုက်ပါ။

မကြာခင် ဖြေရှင်းချက် တစ်ခု ပေါ်လာ ပါလိမ့်မယ်။ ဖြေရှင်းချက် တိုင်းမှာ ဦးတည် ချက် ဆိုတာ ရှိပါ  တယ်။ ပေါ်လာ တဲ့ ဖြေရှင်းချက် ဟာ ကိုယ့် အခတ်အခဲကို ပြေလည်စေမယ့် ဦးတည်ချက် ပါဝင်လား ဆိုတာ စဉ်းစားရမယ်။ကိုယ့် ဦးတည်ချက် နဲ့ ကိုက်ညီတယ် ဆိုရင် ရဲရဲ ဆုံးဖြတ်ပြီး လုပ်ဆောင် လိုက်ပါ။ မကိုက်ညီဘူး ဆိုရင်တော့ အခြား ဖြေရှင်း ချက်တွေ ထပ်ပြီး စဉ်းစား ချဉ်းကပ်ရမှာပေါ့။ ကိုယ်သည်း ခံပြီး စောင့်နိုင် သလောက်စောင့်ပါ။ အကောင်းဆုံး အဖြေတစ်ခု ပေါ်လာပါလိမ့် မယ်။”

ဒါကြောင့် ပြဿနာကြုံရင် စိတ်ဓာတ် မကျပါနဲ့။ ဖြေရှင်းဖို့ နည်းလမ်းတွေ၊ ပြဿနာ ချဉ်းကပ်နည်းတွေ အများကြီး ရှိပါတယ်။ ကိုယ်နဲ့ သင်တော်မယ့် နည်းလမ်း ကိုရွေးပြီး ဆုံးဖြတ်ချက် ချလိုက်ပါ။ ဒါဆို ပြေ လည် သွားပါ လိမ့်မယ်။

Credit : yinkhwinlam

 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top