iMyanmarHouse.com - Best Property Website for Myanmar
×











နေ့စဉ်ဘဝမှာ ကိုယ့်ကိစ္စကိုတောင် စဉ်းစားရမယ့် အချိန်မရတဲ့သူတွေ အများကြီးရှိပါတယ်။ သင်ဟာ အဲလိုလူတွေထဲက တစ်ဦးဖြစ်နေတယ်ဆိုရင် သင့်ကိုယ်ပိုင်အတွက် အချိန်တွေ ဘာတွေလုပ်ရမလဲ ဆိုတာကို လေ့လာဖို့ လိုအပ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့အချက်တွေကို လိုက်နာကြည့်မယ်ဆိုရင်တော့ သင့်ကိုသင် ပိုဂရုစိုက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

၁။ ဘာသာရေးဘက်မှာ အာရုံပိုစိုက်ပါ။
နေ့တိုင်း ပုံမှန် တရားလုပ်မယ်၊ တရားထိုင်မယ် ဆိုရင်တော့ သင့်စိတ်ဝိဥာဉ်အတွက် အကောင်းဆုံးဖြစ်ပြီး ကိုယ်ပိုင်အချိန်ယူပြီး ပြုလုပ်ရမယ့် အရာလည်းဖြစ်ပါတယ်။ ဖြစ်နိုင်တယ်ဆိုရင် နံနက်စောစော လုပ်ပါ။ တစ်နေ့လုံး လှုပ်ရှားမှု အရင်ကထက် ပိုအဆင်ပြေနေတာကို မြင်ရပါလိမ့်မယ်။

၂။ လေ့ကျင့်ခန်းလုပ်ပါ။
ကိုယ်ပိုင်အချိန်ယူဖို့ အသင့်တော်ဆုံးပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာပိုင်းပဲ ကျန်းမာစေတာမဟုတ်ပါဘူး။ ဥာဏ်ရည်ပိုပြီးကောင်းမွန်စေတဲ့အတွက် သင့်ရဲ့အောင်မြင်မှုအတွက် အထောက်အကူပြုမှာပဲ ဖြစ်ပါတယ်။

၃။ အလှပြင်ပါ။
အလုပ်နဲ့ ပါတီပွဲတွေအတွက် လောပြီး ပြင်ဆင်ချိန်ကောင်းကောင်းမယူပဲ ဖြစ်သလိုသွားတတ်ကြပါတယ်။ ဒီလိုလုပ်ခြင်းက ပွဲမှာပျော်မသွားအောင် အနှောင့်အယှက်ပေးတတ်ပါတယ်။ အဲဒါကြောင့် အချိန်ယူပြီး အလှပြင်ပါ။ ဆံပင်တွေကို သေချာဂရုစိုက်ပြင်ဆင်ပါ။ ကိုယ့်ကိုယ်ကို အာရုံစိုက်ပြီး ဘာမဆိုလုပ်ဆောင်ခြင်းဟာ အကောင်းဆုံးတွေပဲ ဖြစ်စေတတ်ပါတယ်။

၎။ တစ်ယောက်တည်းဈေးဝယ်ထွက်ပါ။
တစ်ယောက်တည်းဈေးဝယ်ထွက်တဲ့အချိန်မှာ ဘယ်သူနဲ့မှ စကားပြောစရာမလိုတဲ့အတွက် ဘယ်သူကမှ သင့်ကိုအနှောင့်အယှက်ပေးမှာမဟုတ်ပါဘူး။ အချိန်ယူပါ။ ကိုယ်နှစ်သက်တဲ့ပစ္စည်းတွေကို ကိုယ်တိုင်ရွေးပြီး ပျော်ပျော်ရွှင်ရွှင် တစ်ယောက်တည်း အချိန်ကုန်စေပါ။

၅။ တစ်ယောက်တည်း ကိုယ်နှစ်သက်တဲ့ ဇာတ်လမ်းတွေကို ကြည့်ပါ။
အနားယူဖို့နဲ့ တစ်ယောက်တည်း အချိန်ကုန်ဖို့အကောင်းဆုံးနည်းလမ်းထဲက တစ်ခုပဲဖြစ်ပါတယ်။ အလုပ်များနေတဲ့နေ့တစ်နေ့ကို ဖြတ်သန်းပြီးတဲ့နောက်မှာ အကောင်းဆုံးစိတ်ဖြေလျော့နည်းပဲဖြစ်ပါတယ်။

၆။ သူငယ်ချင်းတွေနဲ့ ဖုန်းပြောပါ။
ကိုယ်ယုံကြည်စိတ်ချရတဲ့သူငယ်ချင်းနဲ့ စကားအားရပါးရပြောခြင်းဟာ စိတ်ဖိစီးမှုလျော့ချတဲ့ နည်းလမ်းထဲက အကောင်းဆုံးတစ်ခုပဲဖြစ်ပါတယ်။ သင့်အိပ်ခန်းထဲမှာ တံခါးပိတ်ထားပြီး သူငယ်ချင်းနဲ့ ဖုန်းပြောရင်း အချိန်ယူဖို့လည်း လိုအပ်ပါတယ်။

၇။ လူမှုမီဒီယာမှာ အချိန်ဖြုန်းပါ။
လူမှုမီဒီယာတွေမှာ ဆိုးကျိုးတွေအများကြီးရှိပေမယ့် ကိုယ်ပိုင်အချိန်ယူဖို့အတွက် ကောင်းတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဖျော်ဖြေမှုတစ်ခုအတွက်သာ
အသုံးပြုသင့်ပြီး ဘဝတစ်ခုလုံးလွှမ်းမိုးမသွားအောင်တော့ သတိထားရမှာပဲ ဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top