iMyanmarHouse.com - Best Property Website for Myanmar
×











ဇူလိုင် ၉ ရက်တွင် ကျရောက်မည့် (၂၃)နှစ်ပြည့်မွေး နေ့၌ ပထမဆုံးအကြိမ် ပဉ္စင်း တက်မည်ဖြစ်ကြောင်း ဘန်နီဖြိုး ကပြောသည်။‘‘ဘုန်းကြီးဝတ်တာနဲ့ကျောင်း တက်တာကို အရင်ကတည်းက လုပ်ချင်တာ။ ဒီနှစ်မွေးနေ့မှာ တော့ ဘုန်းကြီးဝတ်လိုက်မယ်ဆို ပြီး စဉ်းစားတာ။ ဘုန်းကြီးဝတ် လိုက်ရင် ပရိုမိုးရှင်းကျရင်လည်း ခေါင်းတုံးကြီးနဲ့ နောက်အလုပ်တွေကိုလည်း ခေါင်းတုံးကြီး၊ ဒါပေမဲ့ ဝတ်ချင်တာပဲ။ ဝတ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တာ’’ဟု ၎င်းကပြောသည်။

ပဉ္စင်းတက်မည့် ဘုန်းကြီး ကျောင်းကိုမူ အေးအေးဆေးဆေး နေလို၍မပြောလိုဘဲ သာသနာ့ ဘောင်တွင် ငါးရက်ခန့်နေထိုင် မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။‘‘ငါးတန်းတုန်းကတော့ ကိုရင်ဝတ်ဖူးတယ်။ ကိုရင်ဝတ် တုန်းက ဘွဲ့ကရှင်ပါမောက္ခပါ’’ ဟုဘန်နီဖြိုးကပြောသည်။

ဘန်နီဖြိုးသည် ပြီးခဲ့သည့်နှစ်က မွေးနေ့ကို ၎င်း၏အမာခံပရိသတ်များ  စုပေါင်းဖွဲ့စည်းထားသည့် B-Army အဖွဲ့ဝင်များနှင့်တွေ့ဆုံ ၍ ဖြတ်သန်းခဲ့ပြီး ယခုနှစ်တွင်မူ ‘လူပျိုလှည့်တေး’ဒီဗီဒီထွက်ရှိချိန်မှသာ B-Army နှင့်တွေ့ဆုံတော့ မည်ဟုပြောသည်။

လူပျိုလှည့်တေး ဒီဗီဒီမှာ ဖြန့်ချိရန် အဆင်သင့်ဖြစ်နေသော် လည်း အရောင်းမြှင့်တင်ရေးလုပ် ရန် ရည်ရွယ်ထားသည့်နေရာ အဆင်မပြေသေးသောကြောင့် ဖြန့်ချိမည့်နေ့ကို အတိအကျ မပြောနိုင်သေးကြောင်း ၎င်းက ပြောသည်။

Credit : 7 Day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top