iMyanmarHouse.com - Best Property Website for Myanmar
×











မေးစေ့ နှစ်ထပ် ဖြစ်တာကို လည်ရှည် အင်္ကျီတွေ၊ လည်စည်းပ၀ါတွေနဲ့ ဖုံးကွယ်ဖို့ ကြိုးစား မိဖူးပါလိမ့်မယ်။ မေးစေ့ နှစ်ထပ် ဖြစ်တယ် ဆိုတာ မေးစေ့ အောက်မှာရှိတဲ့ အဆီပိုတွေကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့လည်း  အသက် အရွယ် ရလာခြင်း၊ အရေပြားတွေ တွဲကျလာခြင်းနဲ့လည်း ဆိုင်ပါတယ်။ တစ်ချို့ကတော့ မျိုးရိုး လိုက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

 မေးစေ့ နှစ်ထပ်ကို ခွဲစိတ်လို့ ရနိုင်ပေမယ့် ဈေးကြီးပါတယ်။ အကုန်အကျလည်း သက်သာပြီး နာလည်း မနာကျင်စေတဲ့ လွယ်ကူတဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဒါပေမယ့် မေးစေ့ နှစ်ထပ်ဖြစ်ခြင်းက အ၀လွန်ခြင်း နဲ့လည်းဆိုင်လို့ ဓာတ်စာကို မျှတအောင် စားသင့်ပါတယ်လို့ ရှေးဦးစွာ အကြံပြုပါရစေ။

၁။ သကြားမပါတဲ့ ပီကေ၀ါးပေးပါ။
 မေးစေ့ နှစ်ထပ်ပျောက်ဖို့က မျက်နှာ ကြွက်သားတွေကို ထိန်းညှိပေးပြီး မေးရိုး တစ်လျှောက်က ကြွက်သားတွေကို လေ့ကျင့်ခန်း လုပ်ပေးဖို့ အရေးကြီးပါတယ်။ အကောင်းဆုံး နည်းလမ်းက သကြားမပါတဲ့ ပီကေကိုဝါး ပေးတာပါပဲ။ ဒီနည်းက သွားနဲ့ သွားဖုံးကိုလည်း ကျန်းမာစေပါတယ်။

၂။ ကြက်ဥ အကာနှင့် ပေါင်းတင်ပေးပါ။
ကြက်ဥ အကာမှာ အရေပြားကို တင်းရင်းစေတဲ့ ဓာတ်ရှိပါတယ်။

- ကြက်ဥ အကာနှစ်ခုကို နွားနို့၊ ပျားရည်၊ ရှောက်ရည် တစ်ဇွန်းစီနဲ့ အတူ ရောမွှေပါ။

- ပက်ပါမင့် အဆီ (peppermint essential oil)  အစက် အနည်းငယ် ထည့်ပါ။

- ထိုပေါင်းတင်ဆေးကို မေးစေ့တ၀ိုက်နှင့် လည်ပင်းကို လိမ်းပါ။

- မိနစ် (၃၀) ခန့် ထားပြီး ကြက်သီးနွေးရေဖြင့် ဆေးပါ။

- ပိုထိရောက်စေချင်ရင် နေ့တိုင်း လုပ်ဆောင်ပါ။

၃။ မေးစေ့ လေ့ကျင့်ခန်း လုပ်ပါ။
 မေးစေ့ လေ့ကျင့်ခန်း လုပ်တာက မျက်နှာ၊ လည်ပင်းနဲ့ မေးရိုးရှိ ကြွက်သားတွေကို သန်မာစေပါတယ်။

- ကျောရိုးကို ဖြောင့်ဖြောင့်ထားပြီး မျက်နှာကြက်ကို မြင်ရသည် အထိ ခေါင်းကို မော့ထားပါ။ တစ်ချိန်တည်းမှာ နှုတ်ခမ်းကို စူထားပါ။ ထိုပုံစံအတိုင်း ငါးမိနစ်နေ ပြီးနောက် ဖြေလျှော့လိုက်ပါ။ ဒီနည်းအတိုင်း ငါးကြိမ်မှ ဆယ်ကြိမ် အထိ လုပ်ဆောင်ပေးပါ။ နေ့တိုင်း ထိုလေ့ကျင့်ခန်းကို လုပ်ပါ။

- နောက်တစ်နည်း ကတော့ ဦးခေါင်းကို နာရီ လက်တံအတိုင်း တစ်ကြိမ် နာရီ လက်တံနဲ့ ဆန့်ကျင်ဘက် အတိုင်း တစ်ကြိမ် ညင်သာစွာ လှည့်ပေးတာပဲ ဖြစ်ပါတယ်။ တစ်ခါလုပ်လျှင် ငါးကြိမ်မှ ဆယ်ကြိမ်အထိ တစ်နေ့လျှင် သုံးခါ လုပ်ပေးပါ။
သတိ ချပ်ရမှာ ကတော့ လေ့ကျင့်ခန်းတွေကို လုပ်တဲ့အခါတိုင်း ကျောရိုးကို ဖြောင့်ဖြောင့် နေပေးဖို့ပါ။

၎။ နွားနို့ဖြင့် ပေါင်းတင် နှိပ်နယ်ပေးခြင်း
 နွားနို့က အရေပြားကို တင်းရင်း လှပစေတဲ့ အာနိသင် ရှိပါတယ်။

- မေးစေ့ တစ်ဝိုက်ကို နွားနို့လိမ်းပြီး မိနစ် အနည်းငယ်ကြာ နှိပ်နယ်ပေးပါ။ ထို့နောက် ကြက်သီးနွေးရေဖြင့် ဆေးပါ။ တစ်နေ့လျှင် အကြိမ်များစွာ လုပ်ဆောင်ပေးလျှင် ထိရောက်ပါတယ်။

- နောက်တစ်နည်း ကတော့ နွားနို့နဲ့ ပျားရည်အရောကို မေးစေ့တစ်ဝိုက်ကို လိမ်းပြီး (၁၀) မိနစ်ခန့် ထားပါ။ ထို့နောက် ကြက်သီးနွေး ရေဖြင့် ဆေးပါ။ တစ်နေ့လျှင် တစ်ကြိမ် လုပ်ဆောင်ပေးပါ။
Tips:  - ရေများများ သောက်ပေးပါ။ ရေဓာတ် ပါဝင်မှုများတဲ့ သခွားသီး၊ ဖရဲသီး၊ ဆလတ်ရွက် တို့ကို စားပေးပါ။ တစ်ချိန်တည်းမှာ ကော်ဖီ၊ အရက်၊ ဆေးလိပ်၊ လက်ဖက်ရည် တို့ကို လျှော့ပါ။

- ထိုင်ပုံထိုင်နည်း မှန်ကန်ပါစေ။ ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်ထား၊ ဦးခေါင်းကို တည့်တည့် မတ်မတ်ထားပြီး ထိုင်ပါ။

- အဆီများပြီး ၀စေတတ်တဲ့ အစားအသောက်တွေကို တတ်နိုင်သမျှ လျှော့စားပါ။

- မေးစေ့ နှစ်ထပ်ဖြစ်တာ မပျောက်သေးခင် အချိန်အထိ မေးစေ့ နှစ်ထပ် ဖြစ်တာကို မသိသာစေဖို့ ဆံပင်ပုံစံကို လှိုင်းအထပ်တွေ၊ ဆံပင်ကုတ်ဝဲ ခပ်ရှည်ရှည် ပုံလေးတွေထားပြီး လှည့်စားနိုင်ပါတယ်။

Credit : messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top