iMyanmarHouse.com - Best Property Website for Myanmar
×










ကလေး တစ်ဖက်နဲ့ အလုပ် လုပ်ရခြင်းသည် အမျိုးသမီးများ အတွက် ၀န်ထုပ်ကြီးနှယ် ဖြစ်နိုင်၏။ သို့သော် ယခုနောက်ဆုံး လေ့လာမှု စစ်တမ်းတစ်ရပ် အရကား အလုပ် တစ်ဖက်နဲ့ မိခင်များ၏ သမီးများသည် ကြီးလာသည့်အခါ လုပ်ငန်းခွင်မှာ ပိုအောင်မြင်ကြသလို၊ သားများသည်လည်း မိသားစုကို ကြင်နာတတ်သော ဖခင်ကောင်းများ ဖြစ်လာကြကြောင်း သိရသည်။

အလုပ်တစ်ဖက်နဲ့ မိခင်များ၏ သမီးများသည် ကြီးလာပြီး အလုပ်ခွင် ၀င်သည့်အခါ အလုပ်ရနှုန်း ပိုများသလို၊ လစာလည်း ပိုကောင်းကြပြီး၊ ရာထူးလည်း ပိုကြီးကြီး ရကြကြောင်း သိရသည်။

အိမ်မှာနေသော မိခင်များ၏ သမီးများကား ထိုမျှလောက် မအောင်မြင်ကြဟု စစ်တမ်းက ဆိုသည်။ အလုပ် တစ်ဖက်နဲ့ မိခင်မျိုးသည် သားဖြစ်သူ၏ အလုပ်အကိုင် အခြေအနေ အပေါ် လွှမ်းမိုးမှု သိသိသာသာ မရှိသော်လည်း ထိုသားများသည် ကြီးလာသည့် အခါ ၎င်းတို့၏ ကလေးများကို ပိုကြင်နာတတ်ကြကြောင်း သိသိသာသာ တွေ့ရသည်ဟု စစ်တမ်းက ဆိုသည်။

စစ်တမ်းကို ဟားဗတ် တက္ကသိုလ်မှ သုတေသန ပညာရှင်များက ပြုလုပ်ထားခြင်း ဖြစ်ပြီး၊ နိုင်ငံတကာ လူမှုဘ၀ စစ်တမ်း အစီအစဉ် (ISSP) က ကောက်ထားသော မိသားစုဆိုင်ရာ အချက်အလက်များကို အသုံးပြုပြီး စစ်တမ်း လုပ်ထားခြင်း ဖြစ်သည်။

စစ်တမ်းတွင် နိုင်ငံပေါင်း (၂၄) နိုင်ငံမှ မိသားစုများ ပါဝင်သည်။ မြောက်အမေရိက၊ တောင်အမေရိက၊ သြစတြေးလျ၊ ဥရောပ၊ အာရှနှင့် အရှေ့ အလယ်ပိုင်း ဒေသတို့မှ နိုင်ငံများ ပါဝင်သည်။ ဗြိတိန် နိုင်ငံတွင် ကောက်ထားသော စစ်တမ်းအရလည်း ယခုအခါ အမျိုးသမီး ဆယ်ယောက်တွင် တစ်ယောက်သာ အိမ်မှာ အချိန်ပြည့်နေသော မိခင်အဖြစ် ခံယူထားကြကြောင်း သိရသည်။

ဗြိတိန်တွင် ပြီးခဲ့သည့် နှစ်ပေါင်း (၂၀) အတွင်း အိမ်မှာ အချိန်ပြည့်နေသော မိခင်ပမာဏသည် သုံးပုံ တစ်ပုံကျော် ကျဆင်း သွားကြောင်းလည်း သိရသည်။အမျိုးသားများကား လွန်ခဲ့သော အနှစ် (၂၀) ကနဲ့ ယခုတူတူပင် ဖြစ်ပြီး၊ အိမ်မှာ အချိန်ပြည့်နေကာ ကလေးများကို ပျိုးထောင်သော ဖခင်က အယောက် (၁၀၀) တွင် တစ်ယောက်သာ ရှိသည်။

Credit : messenger news journal

 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top