iMyanmarHouse.com - Best Property Website for Myanmar
×

သင်က အဆင်တန်ဆာတွေထဲမှာ ဘယ်အရာကို စွဲစွဲမြဲမြဲ ဆင်မြန်းလေ့ရှိပါသလဲ။ အဲ့ဒီ အဆင်တန်ဆာတွေကို ကြည့်ခြင်းအားဖြင့် သင်ဘယ်လိုလူလဲဆိုတာ ပြောပြပေးနိုင်တယ်လို့ ဆိုရင် ယုံနိုင်ပါ့မလား။ ကဲ တစ်ချက်ကြည့်လိုက်ပါဦး။


၁။သင်ဟာ နေကာမျက်မှန်တပ်ရတာ နှစ်ခြိုက်သူဆိုရင်
အများအားဖြင့် နေကာမျက်မှန်တပ်ရတာ နှစ်ခြိုက်သူတွေဟာ ညဘက်အိပ်ရာဝင် နောက်ကျတတ်ကြပါတယ်တဲ့။ ညဉ့်နက်တဲ့အထိ မအိပ်ပဲ နေလေ့ရှိကြပါတယ်။

၂။သင်ဟာ ဆွဲကြိုးဆွဲရတာ နှစ်ခြိုက်သူဆိုရင်
သင်ဟာ ကျောက်မျက်ရတနာ တစ်မျိုးမျိုးနဲ့ ဆွဲကြိုးမျိုးကို ပုံသေဆွဲတတ်သူဆိုရင် သင်ဟာ ကိုယ့်ကိုယ်ကို ဂရုတစိုက်နေတတ်တဲ့သူဖြစ်ပြီး ကိုယ်နေဟန်ထား ကြည့်ကောင်းအောင် အမြဲထိန်းတတ်တဲ့လူပါတဲ့။

၃။သင်ဟာ နားစွဲတွေကို အမြဲဝတ်တတ်သူဆိုရင်
နားစွဲတွေကို တစ်မျိုးပြီးတစ်မျိုး ၀တ်တတ်တဲ့သူတွေဟာ သူတို့ဆံပင်တွေကို လှအောင် ဂရုစိုက်တတ်ကြပါတယ်။ ဆံပင်ကို အမြဲသတတ်တဲ့သူတွေပါ။

၎။သင်ဟာ လက်စွပ်ကို ပုံသေစွပ်တတ်တဲ့သူဆိုရင်
ကတိတည်ပြီး၊ ပြောပြီးသား၊ ပေးပြီးသား ကတိအတိုင်း လုပ်ဆောင်တတ်သူပါ။ နောက်ပြီးတော့ အပြောင်အလက်ပါတဲ့ အရာတွေကိုလည်း သဘောကျတတ်သူပါ။

၅။သင်ဟာ လက်ပတ်လေးတွေ၊ လက်ကောက်လေးတွေ ၀တ်တတ်သူဆိုရင်
စကားပြောတဲ့အခါ လက်ဟန်ခြေဟန်နဲ့ အမြဲပြောတတ်သူတို့ရဲ့ လက်မှာ လက်ကောက် သို့မဟုတ် လက်ပတ်လေးတစ်ခုခုတော့ ရှိနေတတ်ပါတယ်တဲ့။

၆။သင်ဟာ လည်ပင်းမှာ လည်စီးတွေ ပတ်တတ်တဲ့သူဆိုရင်
လည်ပင်းမှာ လည်ပတ်၊ scarf စည်းရတာ နှစ်ခြိုက်သူဆိုရင် သင်ဟာ ရင့်ကျက်တဲ့အလှကို သဘောကျတဲ့သူ ဖြစ်တယ်။ တည်တည်ငြိမ်ငြိမ်နေတတ်တဲ့သူလည်း ဖြစ်တယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top