iMyanmarHouse.com - Best Property Website for Myanmar
×









အမျိုးသမီးတွေ နေ့စဉ်ပုံမှန်စားသောက်နေကြတဲ့ အစားအသောက်တွေထဲမှာကျန်းမာရေးအကျိုးကျေးဇူးပြုတဲ့ အရာတွေများစွာရှိပါတယ်။ မိမိစားသောက်နေတဲ့အစားအသောက်ဟာ မိမိတို့အတွက် ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးပြုမှုတွေရှိတယ်ဆိုတာသိထားရင် ကျန်းမာရေးအတွက် အကျိုးရှိရှိ စားသောက်ဖြစ်သလို မိတ်ဆွေအပေါင်းအသင်းတို့ကိုလည်းမျဝေပေးနိုင်ခြင်းဖြင့် အကျိုးကျေးဇူးများစေပါတယ်။

အနောက်နိုင်ငံတွေမှာ အမျိုးသမီးတွေဟာ ဝိုင်ကို နှစ်သက်စွာ သောက်လေ့ရှိကြပေမယ့် မြန်မာနိုင်ငံမှာတော့အမျိုးသမီးအချို့လောက်သာ ဝိုင်ကို သောက်သုံးလေ့ရှိကြပါတယ်။ ဒါပေမယ့် ဝိုင်ဟာ အမျိုးသမီးတွေအတွက် ကျန်းမာရေးအကျိုးကျေးဇူးပြုမှုရှိကြောင်း လေ့လာသိရှိရတဲ့အခါ အမျိုးသမီးထုအတွက် ဝိုင်ရဲ့ အကျိုးကျေးဇူးကို ဖော်ပြပေးလိုက်ပါတယ်။

နှလုံးအတွက်ကောင်းမွန်စေပါတယ်
သုတေသနပြုသူတွေဟာ ဝိုင်နဲ့ နှလုံး ကျန်းမာရေး ဆက်နွယ်နေမှု ကောင်းတာကို လွန်ခဲ့တဲ့နှစ်ကာလများစွာကပင်  လေ့လာ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ Nutrition and Aging ကလည်း လူမျိုး ၊ဘာသာ မတူညီတဲ့ အမျိုးသမီး ၃၀၀၀ ကို လေ့လာဆန်းစစ်ခဲ့ရာ  ဝိုင်ကို သင့်တင့်မျတစွာ သောက်သုံးခြင်းဖြင့် အမျိုးသမီးတွေမှာ ဖြစ်နိုင်တဲ့ နှလုံးရောဂါကို လျော့ချနိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ကြွက်သားကျန်းမာရေးကို အထောက်အကူပြုပါတယ်
ပြင်သစ်သုတေသနပညာရှင်တွေဟာ ဝိုင်ထဲမှာ ပါဝင်တဲ့ပစ္စည်းတွေရဲ့ အကျိုးအာနိသင်ကို ရှာဖွေဖော်ထုတ်ကြရာ ကိုလက်စထရောကို လျော့ကျစေပြီး နှလုံးသွေးကြောနံရံတွေကို ကာကွယ်ပေးကြောင်း၊ အထူးသဖြင့် ပုံမှန်ကြွက်သားကျန်းမာရေးကို အထောက်အကူပြုနိုင်ကြောင်း ဖော်ပြထားကြပါတယ်။

စိတ်ပင်ပန်းဖိစီးမှုတွေကိုလျော့ကျစေပါတယ်
ဝိုင်မှာပါဝင်တဲ့ ပစ္စည်းတွေက သောက်လိုက်တဲ့အခါ ရီဝေဝေဖြစ်စေပြီး စိတ်မွန်းကြပ်မှုတွေ၊ဖိစီးမှုတွေကိုလည်း ပြေလျော့သက်သာစေကြောင်းပြောဆိုထားကြပါတယ်။

မှတ်ဥာဏ်ဆုံးရှုံးမှုကို ကာကွယ်ပေးပါတယ်
Journal of Neuroscience က လေ့လာဖော်ပြထားတာမှာလည်း ဝိုင်ထဲမှာ ပါဝင်တဲ့ ပစ္စည်းတွေဟာ ဦးနှောက်မှတ်ဥာဏ်အားကိုလည်း သက်ရောက်မှုပေးကြောင်းဖော်ပြထားပါတယ်။

အဆီကျစေပါတယ်
ဝိုင်ကိုသောက်ပေးခြင်းဖြင့် အမျိုးသမီးတွေမှာ စုပုံနေတဲ့အဆီတွေကိုကျစေပြီး သွယ်လျှလှပစေမှာဖြစ်ပါတယ်။

ရင်သားကင်ဆာဖြစ်ပွားမှုကို လျော့ကျစေပါတယ်
Journal of Women's Health က လေ့လာတွေ့ရှိချက်ကိုဖော်ပြထားတာမှာလည်း အနီရောင်ဝိုင်ကိုသင့်တင့်မျတစွာသောက်သုံးပေးခြင်းဖြင့် အမျိုးသမီးတွေမှာ ဖြစ်ပွားတတ်တဲ့ရင်သားကင်ဆာကို ကင်းဝေးလျော့ကျစေတယ်လို့ ဖော်ပြထားပါတယ်။

Credit : yangonlife

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top