iMyanmarHouse.com - Best Property Website for Myanmar
×










အပြုံးပန်းတွေ ထာဝစဉ်ပွင့်နိုင်ဖို့ နဲ့ ပါးစပ်တွင်းမှာ ဖြစ်တတ်တဲ့ရောဂါတွေနဲ့ အလှမ်းဝေးနိုင်ဖို့ သွားကျန်းမာရေးကို အထူးဂရုပြုဖို့လိုသလို ခံတွင်းပိုင်းကိုလည်း အမြဲတမ်း ဂရုစိုက်၊ သန့်စင်ပေးနိုင်ဖို့လိုပါတယ်။ မိမိရဲ့ လွဲမှားတဲ့ သို့မဟုတ် သတိနည်းပါးတဲ့ အပြုအမူ တချို့ကြောင့်လဲ ခံတွင်းနာကျင်မှုပြဿနာတချို့ကို ရင်ဆိုင်ရတတ်ပါတယ်။ ကြုံလာရတဲ့ ဒီအခက်အခဲပြဿနာတွေကို ဘယ်လို ဖြေရှင်းမယ်ဆိုတာနဲ့ သတိတရား ဘယ်လိုထားကြမယ်လဲဆိုတာ တင်ပြထားတဲ့ လေ့လာကြည့်ရအောင်။

သွားပိုးပေါက်များကြောင့် နာကျင်ကိုက်ခဲခြင်း

သွားနဲ့ပတ်သက်ရင် ယားယံနာကျင်ကိုက်ခဲမှုဖြစ်ပွားရတဲ့ အကြောင်းအရင်းက နားလည်ရခက်တဲ့ ပုစ္ဆာတစ်ခုလိုပါ။ သူ့အလိုအလျောက် ရောဂါခုခံမှုစနစ်တစ်စုံတစ်ခု ရှိလိမ့်မယ်လို့ ယုံကြည်ထားတာ တစ်ခုတော့ရှိတယ်။ တခါတလေ စိတ်ဖိစီးမှု၊ နာမကျန်းဖြစ်ခြင်း သို့မဟုတှ် ထိခိုက်ဒဏ်ရာကြောင့်လဲဖြစ်နိုင်ပါတယ်။ ပါးပြင်တွေ ဒါမှမဟုတ် ခံတွင်းနံရံတို့လို လှုပ်ရှားနိုင်တဲ့ တစ်ရှူးတွေ မမျှော်လင့်ပဲပေါ်တတ်တာ။ သွားကိုက်တာတွေက အချိန်တန်ရင် သူ့အလိုအလျောက် ပျောက်သွားပေမဲ့ ဒီအခြေအနေကို အမြန်ဆုံးပျောက်ကင်းအောင် လုပ်ဆောင်နိုင်ပါတယ်။ အဓိက ရည်ရွယ်ချက်မှာ နာကျင်ကိုက်ခဲမှုသက်သာစေဖို့၊ အမြန်ပျောက်ကင်းဖို့နဲ့ နောက်တခါဒီလို ဝေဒနာ ပြန်လည်မခံစားရအောင် တားဆီးခြင်းတို့ဖြစ်ပါတယ်။

အပူလောင်တာ

ကော်ဖီကို အလျင်စလိုမော့ချလို့ အပူလောင်သွားပြီး နာကျင်မှုတွေ၊ ခံတွင်းထုံထိုင်းမှုတွေ ခံစားရတတ်တယ်။ အများအားဖြင့် အဲဒီလိုကြုံရတဲ့အခါ တစ်ရက်အတွင်း သူ့ဟာသူ သက်သာလာတာကတော့ ပိုများပါတယ်။ အပူလောင်သွားတဲ့ ဒဏ်ရာကို တစ်ခုခုနဲ့ သန့်စင် သို့မဟုတ် ဖုံးထားနိုင်တယ်။ ခံတွင်းနာအတွက် အသုံးပြသော ဘက်တီးရီးယား ကာကွယ်ပေးတဲ့ ပလုတ်ကျင်းရည်ကို ဝယ်သုံးနိုင်ပါတယ်။

ခံတွင်းခြောက်ခြင်း

ပုံမှန်အားဖြင့် ခံတွင်းအမြဲ စိုပြေ၊ စွတ်နေအောင် တံတွေးဂရင်းမှ တံတွေးကို အလုံလောက်ထုတ်ပေးတာပါ။ အဲဒီလို ပုံမှန်တံတွေး ထုတ်ပေးမှုမရှိတော့တဲ့အခါ တခါတလေရေဓာတ်ခမ်းခြောက်မှုဖြစ်ပေါ်နေလို့ပဲ။ ခံတွင်းပုံမှန် လိုမဟုတ်ဘဲ ခြောက်သွေ့နေရင် သို့မဟုတ် မျက်စိတို့လို တခြားနေရာတွေမှာ ခြောက်သွေ့နေရင် သွားဆရာဝန်ဆီပြသင့်ပြီး ရောဂါကင်းစင်အောင် အသေအချာ စစ်ဆေးကုသသင့်ပါတယ်။

လျှာပေါ် အဖုအထစ်လေးတွေဖြစ်ပေါ်ခြင်း

တကယ်တော့ လျှာအပူလောင်မှုကြောင့် ထွက်လာတဲ့အဖု (inflamed papillae)တစ်ခုပဲဖြစ်တယ်။ စားထားတဲ့အစားအစာရဲ့ အစအနတွေ ကပ်ဝင်သွားတာ သို့မဟုတ် ပိုးမွှားဝင်သွားတဲ့အခါ အဖုအထိ(papillae) တွေ အပူရှပ်သွားနိုင်တယ်။ အကောင်းဆုံးနည်းလမ်းကတော့ သွားပွတ်သံနဲ့ လျှာကို ပွတ်တိုက်ပေးပါ။ နောက်တစ်ခုက ဘက်တီးရီးယား ပိုးမွှားသန့်စင်ပေးတဲ့ ပလုတ်ကျင်းရည်ကို အသုံးပြုပါ။

ခံတွင်းမှ အနံ့ဆိုးထွက်ခြင်း

ပါးစပ်ထဲမှာ ဘက်တီးရီးယားတွေ သန်းနဲ့ချီ ရှိနေပါတယ်။ ဘက်ဘီးရီးယားတွေ ဝင်ရောက် နေရာယူလိုက်ပြီဆိုရင် ခံတွင်းအနံ့ဆိုး ထွက်စေပါတယ်။( ဖြစ်တတ်တာက မနက်အိပ်ရာမှ နိုးလာချိန်ပါပဲ။ ဒါကလည်း ညအချိန်မှာ တံတွေးထုတ်လုပ်မှု လျော့နည်းလို့ ဖြစ်ပေါ်လာတာပါ။ ခံတွင်းခြောက်တာဟာ ပါးစပ်အနံ့ဆိုးထွက်ခြင်းရဲ့ အဓိက အကြောင်းရင်း တစ်ခုဆိုပေမဲ့ တခါတရံ ခန္ဓာကိုယ်ရဲ့ ဇီဝအရ ဖြစ်တတ်တဲ့ သဘောသဘာဝသာဖြစ်ပါတယ်။ တချို့ရဲ့ခန္ဓာကိုယ်မှာ ဆာလဖာ ထုတ်လုပ်တဲ့ ဘက်တီးရီးယားပိုတွေ များစေတာကြောင့် ခံတွင်းအနံ့ဆိုး အမြဲတမ်းထွက်ပါတယ်။ ဒါကို ပါးစပ်ပလုတ်ကျင်းရည်နဲ့ ဖြေရှင်းနိုင်ပါတယ်။ သွားတိုက်ပြီးလို့ အနံ့ဆိုးပြဿနာဖြစ်နေသေးတယ်ဆိုရင် သွားဆရာဝန်နဲ့ပြပါ။ သွားကို ပုံမှန်တိုက်တာ သေချာပါစေ။

သွားဖုံးသွေးယိုခြင်း

အများအားဖြင့် သွားဖုံးသွေးယိုတဲ့ ပြဿနာဟာ ပါးစပ်သန့်ရှင်းမှုနဲ့ (gingivitis) ခေါ် သွားဖုံးနာကျင် ယောင်ယမ်းခြင်းနဲ့ ပတ်သက်ဆက်နွယ်ပါတယ်။ သွားကို ပုံမှန်တိုက်နေကျအတိုင်းသာ တိုက်နေမယ်ဆိုရင် ထူးခြားမှုရှိလာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သွားနဲ့ သွားဖုံးကြား ဟတဲ့အပေါက်မှာ ပုံမှန်သွားတိုက်ရုံနဲ့ ပြောင်မှာ မဟုတ်ပါဘူး။ ဒီလိုထိပါများလာတဲ့အခါမှာ အထဲက သွေးကြောတွေ ကျယ်သထက်ကျယ်လာ၊ ပျက်စီးသထက် ပျက်စီးလာပြီး သွေးယိုထွက်မှုပိုဖြစ်စေပါတယ်။ ရိုးရှင်းလွယ်ကူတဲ့ ဂရုစိုက်နည်းတစ်ခုက သေသေချာချာနဲ့ သွားကိုတစ်နေ့ တစ်ကြိမ်သာ တိုက်ပေးပါ။ ရက်အနည်းငယ်အတွင်းမှာ သွားဖုံးသွေးစိမ့်မှု ပျောက်ကင်းလာမှာဖြစ်တယ်။

အထိမခံ သွားများ

အပူ အအေး သို့မဟုတ် ချိုတဲ့ အစားအစာများကြောင့် နာကျင်မှုကို ခံစားရပေမဲ့ သင့်သွားတွေ သာမန်အားဖြင့် အထိမခံဘူးဆိုရင် ဒါ သွားပိုးပေါက်ရှိနိုင်တယ်ဆိုတဲ့ လက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သွားဆရာဝန်ဆီ သွားပြပါ။ သွားတွေ မကြာခဏဆိုသလို အထိမခံဖြစ်နေရင်တော့ သက်သာရာစေဖို့ ဖြစ်နိုင်ချေ နည်းလမ်းတစ်ချို့ရှိပါတယ်။ သွားရဲ့အပေါ်ယံကြွေသား မရှိတော့တဲ့အချိန် သို့မဟုတ် သွားရဲ့ အမြစ်နဲ့ သွားဖုံးထိမိတဲ့အချိန်မှာ အထိမခံဖြစ်တတ်ပါတယ်။ သိပ်သည်းမှုများသော သွားတိုက်ဆေးတွေလို ခုခံကာကွယ်ပေးနိုင်တဲ့ ထုတ်ကုန်များစွာရှိပါတယ်။ ရက်သတ္တပတ် အနည်းငယ်ကြာ အသုံးပြုပေးမယ်ဆိုရင် အကျိုးကျေးဇူးများစွာ ခံစားရရှိလာမှာ ဖြစ်ပါတယ်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top