ကျန်းမာရေးနဲ့ အလှတိုးစေမယ့် ဟင်းသီးဟင်းရွက်စိမ်းသုပ်
ကယ်လိုရီပါဝင်မှု အနည်းငယ်သာရှိပြီး သန့်ရှင်းလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်စိမ်းသုပ် တစ်မျိုးအကြောင်း ပြောပြပေးချင်ပါတယ်။
ပန်းသီးကို အတုံးသေးသေးလေးဖြစ်အောင် လှီးပါ။ တရုတ်နံနံကြီး (celery)နဲ့ တရုတ်နံနံ (parsley) ရဲ့ အရွက်နဲ့ ရိုးတံကို နုပ်နုပ်စဉ်းပါ။ နောက်ပြီး အဲဒီ ပါဝင်ပစ္စည်းတွေအပေါ် ဒိန်ချဉ်လောင်းထည့်ပေးရပါမယ်။
ဘယ်လိုအကျိုးသက်ရောက်စေသလဲ
တရုတ်နံနံ (celery) က အစာခြေအား ကောင်းမွန်စေပါတယ်။ တရုတ်နံနံကြီး (parsley) ကျတော့ ယောင်ကိုင်းခြင်းနဲ့ မျက်ကွင်းညိုခြင်းကို လျော့ကျစေရာမှာ အစွမ်းထက်ပါတယ်။ ပန်းသီးက ခန္ဓာကိုယ်ကို ဗီတာမင်ဓာတ်နဲ့ စွမ်းအင်များစွာ ရရှိစေပါတယ်။ နောက်ပြီး ဒိန်ချဉ်က အသက်ရှူရတာ လန်းဆန်းစေပြီး သွားတွေကိုလည်း ဖြူဖွေးတောက်ပြောင်စေပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...