iMyanmarHouse.com - Best Property Website for Myanmar
×










ထူထဲနက်မှောင်တဲ့ ဆံပင်တွေပိုင် ဆိုင်တာဟာ ကောင်းတဲ့အချက် ဖြစ်ပေမယ့် အပေါ်နှုတ်ခမ်း၊ နားနဲ့ နှာခေါင်းစတဲ့ မျက်နှာပေါ်ကနေ ရာတွေမှာဆိုရင်တော့ ပြဿနာ ရှိလာပါပြီ။ ပုံမှန်ဆိုရင်တော့ မျက်နှာမှာ အမွေးအမှင်ထူထူထဲ ထဲပေါက်လေ့မရှိပေမယ့် မျိုးရိုး ဗီဇနဲ့ ဟော်မုန်းကြောင့် အမွေးထူ တွေရှိနေရင် အန္တရာယ်ကင်းကင်း ဖယ်ရှားရှင်းလင်းနိုင်ဖို့အတွက် နည်းလမ်းလေးတွေဖော်ပြပေး လိုက်ပါတယ်။

နနွင်းမှုန့်သုံးခြင်း
သဘာဝပိုးသတ်ဆေးလည်း ဖြစ်၊ ရောင်ရမ်းနာတွေကိုလည်း သက်သာစေတဲ့ အစွမ်းသတ္တိရှိတဲ့ နနွင်းမှုန့်ကို နို့အနည်းငယ် (ဒါမှ မဟုတ်) ရေနဲ့ခပ်ပျစ်ပျစ်ဖျော်ပြီး အမွေးအမှင်ဖယ်ချင်တဲ့နေရာကို သုတ်လိမ်းပါ။ မိနစ် ၂၀ လောက် ထားပြီးရင်တော့ ရေနဲ့ဆေးပစ် တာမျိုးလုပ်ရင်း ဖယ်ရှားနိုင်ပါ တယ်။

ဂျယ်လတင်သုံးခြင်း
ကျောက်ကျောလို စေးပျစ် ပျစ် ဂျယ်လတင်လက်ဖက်ရည် ဇွန်းတစ်ဇွန်းနဲ့ နွားနို့လက်ဖက် ရည်ဇွန်းတစ်ဇွန်း၊ သံပရာရည် (သို့မဟုတ်) ရှောက်ရည်အနည်း ငယ်ကိုရောစပ်ပြီး နွေးသွားရုံ စက္ကန့် ၂၀ လောက်အပူပေးပြီးရင် တော့ အမွေးချွတ်ချင်တဲ့နေရာကို သုတ်ပေးပါ။ ငါးမိနစ်လောက် ထားပြီး ခြောက်သွားရင် ခွာချပစ်ရုံပါပဲ။

လက်ဖက်ဆီသုံးခြင်း
လက်ဖက်ပင်ကထုတ်ထား တဲ့ ဆီခြောက်စက်လောက်ကို လာဗင်ဒါဆီနဲ့ရောပြီး အမွေးရှိတဲ့ နေရာတွေကို ဂွမ်းစလေးနဲ့သုတ် ပြီးဖယ်ရှားတာမျိုး လအနည်းငယ် ကြာအောင်လုပ်ပေးနိုင်ပါတယ်။

သံပရာနှင့် သကြားသုံးခြင်း
သံပရာရည်လက်ဖက်ရည် ဇွန်းနှစ်ဇွန်းနဲ့ သကြားလက်ဖက် ရည်ဇွန်းနှစ်ဇွန်းရောထားတဲ့ အရည်ကိုသုတ်လိမ်းပြီး ၁၅ မိနစ် လောက်ကြာရင် ရေဆေးချတာ မျိုး တစ်ပတ်နှစ်ကြိမ်လောက်လုပ် ပေးနိုင်ပါတယ်။

သင်္ဘောသီးစိမ်းသုံးခြင်း
သင်္ဘောသီးစိမ်းအနှစ် လက် ဖက်ရည်ဇွန်းနှစ်ဇွန်းနဲ့ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းဝက်ရောထား တဲ့အနှစ်ကိုလိမ်းပြီး ၁၅ မိနစ် လောက်နေရင် မျက်နှာသစ်ပေး နိုင်ပါတယ်။

ငှက်ပျောသီးနှင့် အုတ်ဂျုံမှုန့် သုံးခြင်း
ငှက်ပျောသီးနဲ့ အုတ်ဂျုံမှုန့် ရောထားတဲ့အနှစ်ကို အမွေးချွတ် လိုတဲ့နေရာတစ်ဝိုက် သုတ်လိမ်း ပြီး ခဏကြာရင် မျက်နှာသစ်ပေး တာမျိုး တစ်ပတ်နှစ်ကြိမ်လောက် လုပ်ပေးရင် ထူးခြားမှုတွေကြုံ တွေ့ရမှာပါ။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top