iMyanmarHouse.com - Best Property Website for Myanmar
×










လက်တွဲဖော် နှစ်ဦးအနက် တစ်ဦးဦး ဖျားနာတဲ့အခါ ကျန်လက်တွဲဖော် တစ်ဦးလည်း သူ/သူမ ရောပိုးများမှ အကာအကွယ်မဲ့စွာ လုံးလုံးလျားလျား ထိတွေ့နေရလို့ ရောဂါပိုးကူးစက်ဖို့ အခွင့်အလမ်း အင်မတန်များပါတယ်။ ဒါကြောင့် ကိုယ်ခံအား စနစ်ကောင်းမွန်နေဖို့ အရမ်းအရေးကြီးပါတယ်။ ဒီတော့ ဖျားနာမှုနည်းတဲ့ ကင်းတဲ့ ချစ်သူစုံတွဲတွေရဲ့ လျှို့ဝှက်ချက်တွေကို ပြောပြပေးချင်ပါတယ်။

(၁) ကြက်သွန်ဖြူကို အစိမ်း စားပါဆေးဘက်ဆိုင်ရာ သက်သေ အထောက်အထားများအရ သဘာဝ အင်တီအောက်စီဒင်းနဲ့ ပိုးသတ်ဆေးတစ်မျိုးဖြစ်တဲ့ ကြက်သွန်ဖြူကို allicin ခေါ် အစွမ်းထက်သော ပါဝင်ပစ္စည်းကြောင့် စားသုံးသင့်တယ်လို့ ဆိုပါတယ်။သို့သော် ကြက်သွန်ဖြူ စားသူများအနက် ၇၀% မှာ ခံတွင်း ကြက်သွန်ဖြူနံ့ စွဲကြပါတယ်။ တခါတလေ အဲဒီအနံ့ကို သင့်လက်တွဲဖော် နှာခေါင်းရှုံ့တတ်ပါတယ်။ အနံ့ဖျောက်ဖို့ တရုတ်နံနံစားပေးနိုင်ပါတယ်။ ကျန်းမာရေး အတွက်ပါ ကောင်းမွန်ပါတယ်။

(၂) ရေအေးနဲ့ ရေချိုးပါရေအေးနဲ့ရေချိုးတာဟာ ကပ္ပယ်အိမ်ကို စေ့ဆော်ပေးကာ အမျိုးသားသုတ်ရည် ပိုထုတ်လုပ်စေတယ်လို့ UK မှ လေ့လာမှုအတစ်ခုက ဖော်ပြထားပါတယ်။ သို့ပေမယ့် အဲဒါဟာ ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ အကြောင်းအရင်းတော့ မဟုတ်သေးပါဘူး။ ရေအေးနဲ့ ရေချိုးတာဟာ သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ်၊ ဒါ့အပြင် အရေပြား ကြံ့ခိုင်စေပြီး အရေးကြီးဆုံးက ကိုယ်ခံစားစနစ် တိုးမြင့်ပေးပါတယ်။

(၃) ဟင်းခတ်အမွှေးကြိုင်များ အသုံးပြုပါဆေးဖက်ဝင်အပင်နဲ့ ဟင်းခတ်အမွှေးကြိုင်တို့မှာ သဘာဝ ဗီတာမင်ဓာတ်နဲ့ ဖြည့်စွက် အစာတွေဖြစ်ပါတယ်။ ငရုတ်ကောင်းမုန့်က ကျန်းမာရေးကို ပိုကောင်းစေပြီး vitamin နဲ့ carotenoid တွေကြွယ်ဝပါတယ်။ သစ်ကြမ်းပိုးခေါက်မှာ သဘာဝ ပိုးသတ်ဆေးအစွမ်းသတ္တိ ပါဝင်တယ်လို့ ဆိုပါတယ်။ နနွင်းဟာ သဘာဝ အင်တီဆပ်တစ်နဲ့ ပိုးသတ်ဆေးအပြင် သဘာဝအကိုက်အခဲပျောက်ဆေး တစ်ခုလည်း ဖြစ်ပါတယ်။

(၄) တစ်မှေးအိပ်ပါအအိပ်နဲ့ ပတ်သက်ရင် ကျွန်ုပ်တို့အများစု အယူလွဲမှားကြပါတယ်။ ည ၇နာရီခွဲကနေ ရေတွက်ကြည့်ရင် ၈ နာရီကြာ အိပ်ပေးရမယ်လို့ ကျွန်ုပ်တို့ သိထားကြပါတယ်။ တကယ်တော့ ၂၄ နာရီအတွင်း အဲဒီလောက်ကြာအောင် အိပ်ပေးရမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ နေ့ဘက် တစ်မှေးအိပ်တဲ့ အလုပ်သမားတွေဟာ မအိပ်သူတွေထက် အလုပ်လုပ်နိုင်စွမ်း ပိုရှိကြတယ်လို့ မကြာသေးမီက လေ့လာမှုတွေအရ သိရပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top