iMyanmarHouse.com - Best Property Website for Myanmar
×










ဖုန်းသုံးပုံကိုကြည့်ပြီး လူတစ်ယောက် စိတ်ကျနေလား စိတ်တက်ကြွနေလား အနီးစပ်ဆုံး ခန့်မှန်းနိုင်သည်။
ဖုန်းသုံးသည့် ကြာချိန်နှင့် သုံးသည့် နေရာကို ကြည့်ခြင်းဖြင့် လူတစ်ယောက် စိတ်ကျနေမလား မကျဘူးလား ပြောနိုင်သည်ဟု သုတေသန ပညာရှင်များက ဆိုလိုက်သည်။ ဖုန်းသုံးချိန်များလေ စိတ်ကျနှုန်းများလေဟု ယေဘုယျ ပြောနိုင်ကြောင်း သုတေသန ပညာရှင်များက ပြောသည်။

စိတ်ကျနေသူ တစ်ဦး၏ တစ်နေ့ပျမ်းမျှ ဖုန်းသုံးချိန်သည် (၆၈) မိနစ်ဖြစ်ပြီး စိတ်ပျော်ရွှင်နေသူ တစ်ဦး၏ ပျမ်းမျှ ဖုန်းသုံးချိန်က (၁၇)မိနစ် ရှိသည်ဟု သုတေသနက ဆိုသည်။ထို့အပြင် ဖုန်းကို အိမ်မှာချည်း သို့မဟုတ် နေရာအချို့မှာသာ သုံးသူများသည်လည်း နေရာပေါင်းများစွာမှာ သုံးနေသူများထက် စိတ်ကျနိုင်ခြေ ပိုများကြောင်း လေ့လာမှု စစ်တမ်းက ဆိုသည်။ အကြောင်းမှာ စိတ်ကျနေသူသည် ဟိုနေရာ ဒီနေရာ သိပ်မသွားဘဲ အိမ်မှာနဲ့ နေရာအချို့မှာသာ ကျင်လည်နေသည်က များကြောင်း စစ်တမ်းက ဆိုသည်။

ဖုန်းအသုံးပြုပုံများကို လေ့လာခြင်းဖြင့် သက်ဆိုင်ရာ ဖုန်းပိုင်ရှင်၏ စိတ်ပျော်ခြင်း၊ စိတ်ကျခြင်းများကို (၈၇) ရာခိုင်နှုန်းထိ နီးစပ်မှန်ကန်စွာ ခန့်မှန်းနိုင်ကြောင်း အမေရိကန် သုတေသန အဖွဲ့က ပြောသည်။ ရှီကာဂိုမြို့ အနောက်မြောက် တက္ကသိုလ်ရှိ ဖိုင်ဘတ် ဆေးကျောင်းမှ ပါမောက္ခဒေးဗစ်မိုးနှင့် အဖွဲ့က လေ့လာ သုတေသန ပြုခဲ့ခြင်း ဖြစ်သည်။ လေ့လာမှု စစ်တမ်းကို Medical Internet Research ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။
သုတေသနတွင် အမျိုးသမီး အမျိုးသား(၂၈) ဦး ပါဝင်သည်။ လေ့လာမှုကာလ ရက်သတ္တပတ် နှစ်ပတ်အတွင်း ထိုသူများ၏ ဖုန်းဂျီပီ အက်စ်စနစ်ကို ထောက်လှမ်းကာ တည်နေရာကိုလည်း မှတ်တမ်းတင်သည်။ ထိုသူများ၏ စိတ်ပျော်ခြင်း၊ ၀မ်းနည်းခြင်းကိုလည်း မေးမြန်း မှတ်တမ်းတင်သည်။

ဝမ်းနည်းနေသည်ဟု ပြောသူများသည် ဖုန်းကိုလည်း ကြာကြာ သုံးလေ့ရှိကြပြီး နေရာ များများစားစားကိုလည်း သိပ်မသွားဘဲ အိမ်မှာချည်း ကုပ်နေခြင်း၊ နေရာ အနည်းငယ်လောက်ကိုသာ အထပ်ထပ် သွားခြင်းများ လုပ်နေကြကြောင်း ပါမောက္ခမိုးက ပြောသည်။သဘောထားကို မေးမြန်း စစ်တမ်း ကောက်ခြင်းထက် ဖုန်းသုံးချိန်နှင့် ဖုန်းသုံးသည့် နေရာကို စောင့်ကြည့်ခြင်းက လူတစ်ဦး စိတ်ဓာတ် ကျနေလား တက်နေလားကို ပိုနီးစပ်စွာ ခန့်မှန်းနိုင်သည်ဟုလည်း ဒေါက်တာမိုးက ပြောသည်။

Credit : messenger

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top