iMyanmarHouse.com - Best Property Website for Myanmar
×













လှုပ်လီလှုပ်လဲ့ ထိုင်ခုံများတွင် ထိုင်သူများ၊ အောက်ခြေ မခိုင်သည့် စားပွဲများတွင် အလုပ် လုပ်သူများသည် ၎င်းတို့၏ ပုဂ္ဂလိက ဆက်ဆံရေး မခိုင်မြဲဟု ယူဆနိုင်ခြေ ပိုများကြောင်း သိပ္ပံပညာရှင်များက လေ့လာ တွေ့ရှိခဲ့သည်။

ဆက်ဆံရေးများ ကျောက်သားကဲ့သို့ ခိုင်မာသည်ဆိုသည့် စကားများသည် ဖွဲ့နွဲ့ပြောဆိုခြင်း မဟုတ်ဘဲ ပြင်ပ လောကတွင်လည်း တကယ် ဖြစ်တည်နေသည့် အရာများသာ ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောဆိုခဲ့သည်။ ငလျင် လှုပ်ခတ်သည့် အချိန်မျိုးတွင် ဆက်ဆံရေး ခွဲပြဲမှုများ ပိုမို ပေါ်ပေါက်တတ်ကြောင်း “ခက်ခဲ ကြမ်းတမ်းသော အချိန်၊ မတည်ငြိမ်သော ဆက်ဆံရေး- ရုပ်ပိုင်း မတည်ငြိမ်မှု၏ နှိုင်းရ အကျိုးဆက်များ” အမည်ရှိ သုတေသန စာတမ်းတွင် ဖော်ပြထားသည်။

ငလျင် လှုပ်ခတ်ချိန်မျိုးတွင် လူများသည် နောက်တစ်နေ့ အတွက် အသက် ဆက်ရှင်နိုင်ရန် အခွင့်အလမ်း နည်းပါးသွားပြီဟု ယူဆတတ်သောကြောင့် စိတ်ထင်တိုင်း နေထိုင်တတ်ကြရာ ယင်းကဲ့သို့ အချိန်မျိုးတွင် ယခင်ကတည်းက ဆက်ဆံရေး အဆင်မပြေခဲ့သည့် အိမ်ထောင်ရေးမျိုးမှာ ကွာရှင်းပြတ်စဲမှုဖြင့် အဆုံးသတ်တတ်ကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။

လေ့လာမှု တစ်ခုတွင် ပညာရှင်များသည် စုံတွဲ(၂၀) ဦး တို့အား တည်ငြိမ်မှု မရှိသော အလုပ်ခန်း တစ်ခုတွင်း ထိုင်နေစေခဲ့သည်။ အခြား လေ့လာမှု တစ်ခုတွင် အလေ့လာခံ (၁၀၀) ကျော်တို့အား ခြေတစ်ဖက်ရပ် အနေအထားဖြင့် နေစေပြီး မေးခွန်းများကို ဖြေဆိုစေခဲ့သည်။ ရုပ်ပိုင်း မတည်ငြိမ်မှု အခြေအနေများနှင့် ရင်ဆိုင် နေရသူများသည် ၎င်းတို့၏ ဆက်ဆံရေးကိုလည်း တည်ငြိမ်မှုရှိမည် မဟုတ်ဟု ယူဆနိုင်ခြေများကြောင်း ပညာရှင်များ လေ့လာ တွေ့ရှိခဲ့သည်။

၂၀၀၈ ခုနှစ်တွင် တရုတ်နိုင်ငံ၊ စီချွမ်ခရိုင်ရှိ ငလျင်၏ နောက်ဆက်တွဲများကို လေ့လာမှုအရ ၎င်းဒေသတွင် လင်မယား ကွာရှင်း ပြတ်စဲမှုနှုန်း မြင့်မားခဲ့ကြောင်း တွေ့ရှိခဲ့သည်။

Credit : messenger

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top