iMyanmarHouse.com - Best Property Website for Myanmar
×











သွေးတိုးရောဂါ ဝေဒနာသည်များ အနေဖြင့် လက်ဖက်စိမ်း ဖျော်ရည် သောက်သုံးမှုမျိုးကို ဆင်ခြင်သင့်ကြောင်း ပညာရှင်များက သတိပေး ပြောကြားခဲ့သည်။ သွေးတိုးဝေဒနာ ရှိသူများ အနေဖြင့် သွေးကျဆေးများကို သောက်သုံးရလေ့ ရှိသည့်အခါ လက်ဖက်စိမ်း ဖျော်ရည်ကြောင့် ဆေးဝါး အာနိသင် ကျဆင်းတတ်ကြောင်း သိရှိရသည်။ သွေးကျဆေး မသောက်မီ လက်ဖက်စိမ်းဖျော်ရည် သောက်လေ့ရှိသူများတွင် ဆေး၏ အာနိသင် ထက်မြက်မှု ယုတ်လျော့သွားတတ်ကြောင်းကို သုတေသီများက ခြေရာခံ ဖော်ထုတ်နိုင်ခဲ့သည်။ လက်ဖက်စိမ်းသည် သဘာဝအရ ကျန်းမာရေးအတွက် အထောက်အကူပြုသည့် ဖြည့်စွက်ဆေးဝါး တစ်ခုအဖြစ် ယူဆနိုင်သည်။

သို့သော်လည်း သွေးတိုးကျဆေးများ အတွက်မူ ဆေးဝါး၏ လုပ်ဆောင်နိုင်စွမ်းများအား အနှောင့်အယှက် အဟန့်အတား ဖြစ်သွားစေတတ် ယင်းအချက်သည် သတိထားသင့်သည့် ပြဿနာ တစ်ရပ်ဟု ပညာရှင်များက မှတ်ချက်ပြုခဲ့သည်။ အချို့သော သွေးတိုးသူများသည် ကဖိန်းဓာတ် စားသုံးမှုကို လျှော့ချရန် ရည်ရွယ်ပြီး ကော်ဖီအစား လက်ဖက်စိမ်းကို သောက်သုံးလေ့ ရှိကြသည်။ ယင်းအခြေအနေက ဆေးဝါးများ အာနိသင် ထက်မြက်ရန် အလိုအလျောက် အဟန့်အတား ဖြစ်သွားစေကြောင်း ဂျပန်နိုင်ငံမှ သုတေသီများက ဖော်ထုတ်တွေ့ရှိခဲ့သည်။ လက်ဖက်စိမ်းသည် သွေးတိုးကျဆေးများ၏ အာနိသင်ကို (၇၅) ရာခိုင်နှုန်းမျှထိ လျော့ပါးသွားစေတတ်ကြောင်း ဖူကူရှီးမား တက္ကသိုလ်တွင် ပြုလုပ်သည့် သုတေသန ရလဒ်များက ညွှန်ပြလျှက် ရှိသည်။

သုတေသီများက သွေးတိုး ရောဂါသည်များကို နှစ်ဖွဲ့ခွဲကာ တစ်ဖွဲ့ကို လက်ဖက်စိမ်း ဖျော်ရည်နှစ်ခွက် သောက်ပြီးမှ သွေးကျဆေးတိုက်သည်။ ကျန်တစ်ဖွဲ့ကမူ ရေနှစ်ခွက်သောက်ပြီး သွေးကျဆေး သောက်ခဲ့ခြင်း ဖြစ်သည်။ နှစ်ပတ် ကြာမြင့်သည့်အခါ လေ့လာဆန်းစစ်မှုများ ပြန်လည် ပြုလုပ်သည့်နောက် သွေးကျဆေး၏ Credit  :အာနိသင်က ဝေဒနာသည်များ၏ သွေးထဲသို့ ရောက်ရှိမှုတွင် လက်ဖက်စိမ်းဖျော်ရည် သောက်သူများက ရေသောက်သူများထက် (၄) ပုံ (၃) ပုံထိ ထင်ထင်ရှားရှား လျော့နည်းနေသည်ကို တွေ့ရသည်။ Clinical Pharmacology & Therapeutics ဆေးပညာ ဂျာနယ်တွင် ယင်းသုတေသန ရလဒ်ကို ဖော်ပြထားပြီး သွေးတိုး ရောဂါသည်များ အနေဖြင့် ဆေးသောက်ချိန်နှင့် လက်ဖက်စိမ်းဖျော်ရည် သောက်သုံးချိန်ကို ခပ်ခွာခွာ သတ်မှတ်ထားသင့်ကြောင်း ပညာရှင်များက အကြံပြု ဆွေးနွေးထားခဲ့သည်။

Credit : Planet

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top