iMyanmarHouse.com - Best Property Website for Myanmar
×











အင်တာနက်လူမှုကွန်ယက်တွေပေါ်မှာ အမျိုးသမီးတွေကို ခြိမ်းခြောက်အနှောက်အယှက်ပေးလေ့ရှိတဲ့ အမျိုးသားတွေဟာ လက်တွေ့ဘဝမှာ အရှုံးသမားတွေဖြစ်နေတက်ကြောင်း လေ့လာမှုတစ်ခုက ဖော်ထုတ်လိုက်ပါတယ်။ ဒီလေ့လာမှုကို ဝေလတောင်ပိုင်းတက္ကသိုလ်နဲ့ မိုင်ယာမီ တက္ကသိုလ်က လေ့လာသူနှစ်ဦးက ပူးပေါင်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အမျိုးသားနဲ့ အမျိုးသမီးတွေကို Halo3 လို့အမည်ရတဲ့ ဗီဒီယိုဂိမ်းပြိုင်ပွဲ ၁၆၃ ပွဲတိတိကစားစေပြီး ပညာရှင်တွေက လေ့လာခဲ့တာဖြစ်ပါတယ်။ အဲဒီအခါမှာ ကျွမ်းကျင်မှုနိမ့်ပါးပြီး ပြိုင်ပွဲမှာ ရှုံးနိမ့်သွားတဲ့ အမျိုးသားတွေက ပြိုင်ဘက်အမျိုးသမီးတွေအပေါ် ညစ်ညမ်းတဲ့စကားလုံးတွေသုံးကာ ရမ်းကားလေ့ရှိတာကို တွေ့ရပါတယ်။ အရှုံးသမားအမျိုးသားတွေဟာ ပြိုင်ဘက်ကိုကျား၊ မ မရွေးပဲ ရမ်းကားတာဖြစ်ပေမယ့် အမျိုးသမီးတွေဆို ပိုဆိုးတဲ့အပြုအမူမျိုးလုပ်တက်တာတွေ့ခဲ့ရပါတယ်။ ဂိမ်းပြိုင်ပွဲမှာ စွမ်းဆောင်ရည်မြင့်မြင့်နဲ့ ကစားနိုင်တဲ့အမျိုးသားတွေကတော့ ဒီလိုအပြုအမူမျိုးလုပ်တာ မတွေ့ခဲ့ရပါဘူး။ ဂိမ်းပြိုင်ပွဲဟာ တကယ့်လူ့ဘဝနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့အတွက် ဒါကိုအခြေခံပြီး လူတစ်ဦးရဲ့ဗီဇကို လေ့လာတာဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

အမျိုးသားအများစုက ပြင်ပဘဝမှာ ရှုံးနိမ့်မှုများလေလေ သူတပါးအပေါ်ကို ရမ်းကားလေလေဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အွန်လိုင်းမှာ အမျိုးသမီးတွေကို ထိခိုက်စော်ကားမှု ပြုလုပ်နေသူအမျိုးသားတွေဟာ အရှုံးသမားတွေဖြစ်တယ်လို့ သုတေသီတွေက ကောက်ချက်ချကြပါတယ်။

Credit : Planet Myanmar Network

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top