iMyanmarHouse.com - Best Property Website for Myanmar
×












 ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီး ရှာလိဇ် သရွန်သည် အသက် (၄၀)ပြည့် တော့မည်ဖြစ်၍ ပျော်ရွှင်နေသည်ဟု E! Online သတင်းနှင့်အင်တာဗျူးတွင် ထုတ်ဖော်ပြောကြား လိုက်သည်။

ရှာလိဇ်သရွန်သည် လာမည့် လတွင် အသက် (၄၀)နှစ်ပြည့် မွေးနေ့ကျင်းပမည်ဖြစ်သည်။ အသက် (၄၀)ဝန်းကျင် ပုဂ္ဂိုလ် များသည် အသက် (၂၀) ဝန်းကျင် လူငယ်များထက် ဘဝအပေါ် နှစ်သက်ခံစားမှုအား ပိုမိုကောင်း မွန်ကြသည်ဟု ရှာလိဇ်သရွန်က ယုံကြည်ထားသောကြောင့် သမိုင်းမှတ်တိုင်တစ်ခုရောက်ရှိ မည်ကို စိတ်လှုပ်ရှားနေသည်ဟု ထုတ်ဖော်ပြောကြားသည်။

‘‘ကျွန်မအသက် (၄၀) ထဲ ရောက်တော့မှာမို့ အရမ်းပျော်တယ်။ အသက်(၂၀)ဝန်းကျင်တုန်း ကတော့ ဒီအသားကပ်ဂျင်း ဘောင်းဘီတွေနဲ့ တော်ပါ့မလား။ အဲဒီကလပ်ထဲကော ဝင်လို့ရပါ့ မလားဆိုတာတွေ စိုးရိမ်ခဲ့ရ တယ်။ ဒါပေမဲ့ အခုတော့ ခုတင် ပေါ်မှာဇိမ်နဲ့နေ၊ ချိစ်တွေအများ ကြီးပါတဲ့ အသားညှပ်ပေါင်မုန့် တွေလုပ်စား၊ ဘဝကို အရသာခံ လိုက်။ အရမ်းမိုက်ပါတယ်’’ဟု ရှာလိဇ်သရွန်ကပြောကြားသည်။

အော်စကာဆုရှင် သရုပ် ဆောင်မင်းသမီးတစ်ဦးဖြစ်သော ရှာလိဇ်သရွန်သည် လာမည့် သြဂုတ် ၇ ရက်တွင် အသက်(၄၀) ပြည့်မည်ဖြစ်သည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top