iMyanmarHouse.com - Best Property Website for Myanmar
×










တစ်ယောက်နဲ့တစ်ယောက် နှစ်ရှည်လများ လက်တွဲလာပြီးဖြစ်တဲ့ စုံတွဲတွေအတွက် ချစ်တယ်ဆိုတဲ့ စကားအစား ဘယ်လိုစကားမျိုးလေးတွေက နှစ်ဦးသားအချစ်ကို ပိုအသက်ဝင်စေမလဲဆိုတာ သိချင်စရာပါ။ ချစ်သူနှစ်ဦး အိမ်ပြန်ဖို့ လမ်းခွဲခါနီးအချိန်တွေ၊ ဖုန်းပြောပြီး ဖုန်းချခါနီးအချိန်တွေ၊ ဖုန်း Message ပို့တဲ့အခါတွေမှာ ချစ်တယ်လို့ ပြောလေ့ရှိပါတယ်။ ဒါမကောင်းဘူးလားဆိုတော့ သိပ်ကောင်းတယ်လို့ ပြောရပါလိမ့်မယ်။ ချစ်တဲ့အကြောင်း မကြာခဏ ပြောလေလေ ချစ်သူနှစ်ဦး သံယောဇဉ်တိုးလေလေကိုး။ ဒါပေမယ့် ချစ်တယ်ဆိုတဲ့ စကားကိုနေ့တစ်နေ့ရဲ့ မနက်ပိုင်းမှာ ပြောပြီးသွားရင် ညနေပိုင်း ဘယ်လိုစကားမျိုးလေး ပြောဖို့ ပိုသင့်သလဲ၊ ဒီအချက်က ရေရှည်သွားနေတဲ့သူတွေအတွက် သိထားဖို့သင့်လှပါတယ်။

၁။မင်းက ဘယ်လိုကြည့်ကြည့်ကို ငါ့အတွက် ဆွဲဆောင်မှုရှိနေတယ်။

သူပြင်ဆင်ပြီးထွက်လာတဲ့ အချိန်မျိုးတွေမှာမှ မဟုတ်ပဲ သိပ်မပြင်မဆင် ရိုးရိုးလေး ၀တ်ဆင်ထားချိန်တွေမှာ သင့်အနေနဲ့ သူ့မျက်နှာကို စေ့စေ့ကြည့်ပြီး ပြောလိုက်ပါ။ ဒီစကားထဲမှာ ချစ်တယ်ဆိုတဲ့စကား မပါသွားပေမယ့် သူ့ကိုချစ်တယ်လို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။

၂။တစ်နေ့ထက် တစ်နေ့ ပိုပိုချစ်လာတယ်။ မခွဲချင်တော့ဘူး။

ဒီစကားဟာ ဘယ်တော့မှမခွဲဘူး။ အရမ်းချစ်တယ် ဆိုတာထက်ကို မင်းကိုလက်ထပ်ချင်တဲ့အထိ ဖြစ်လာပြီဆိုတာမျိုး ပြျောင်တာပါ။ ခြုံငုံပြောရရင်တော့ အရမ်းချစ်တယ်ဆိုတာနဲ့အတူတူပေါ့။

၃။ကိယ့်ကို ရယ်မောပျော်ရွှင်အောင် အမြဲလုပ်နိုင်တဲ့သူက မင်းတစ်ယောက်တည်းရှိတယ်။

လူတစ်ယောက်ကို အမြဲပျော်အောင်ထားနိုင်တဲ့သူ ဆိုတာ နည်းတဲ့အရည်အချင်းတော့ မဟုတ်ပါဘူး။ သင့်အရည်အချင်းကို တင်စားပြောဆိုသွားခြင်းရဲ့ အဆုံးဟာ သင့်လိုလူသူ့အတွက် နောက်တစ်ယောက်မရှိဘူးဆိုတာပါပဲ။

၎။မင်းနဲ့ပတ်သက်ပြီး အရာအားလုံးကို ကိုယ်ကျေနပ်တယ်။ သဘောကျတယ်။

တစ်ဖက်လူ ကိုယ့်အပေါ် ဘာလုပ်လုပ် ကျေနပ်နေတယ်ဆိုတာကလည်း မင်းကိုဘယ်လောက်ချစ်နေသလဲဆိုတာကို ပြောပြတဲ့ စကားတစ်ရပ်ပါ။

၅။ဟိုးအရင်စတွေ့ခါစ အချိန်ထက်တောင် ကိုယ့်မျက်လုံးထဲမှာ မင်းက ပိုကြည့်ကောင်းလာသေးတယ်။

တွဲတာကြာလာတဲ့အခါ၊ အသက်လေးကြီးလာတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ရိုးသွားတယ်၊ ပျင်းသွားတယ်၊ ငြီးငွေ့သွားတယ်ဆိုတာမျိုး မရှိကြောင်း သက်သေပြဖို့လိုပါတယ်။ ဒါ့အပြင် တစ်ဖက်လူသိအောင် ပြောပြဖို့လည်း လိုပြန်ရော။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top