iMyanmarHouse.com - Best Property Website for Myanmar
×














 မြန်မာနိုင်ငံရဲ့ Miss တစ်ဦးဖြစ်တဲ့ ဂုဏ်ရည်အေးကျော်က Miss ပြိုင်မယ့် ညီမငယ်တွေအတွက် ဆုတွေပိုက်ပြီး ပြန်လာတာကိုပဲ မြင်ချင်တဲ့ ဆန္ဒတွေရှိကြောင်း ပြောခဲ့ပါတယ်။

“ညီမအနေနဲ့လည်း နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်ခဲ့တယ်။  နိုင်ငံတကာ Miss ပြိုင်ပွဲတွေကို   သွားပြိုင်မယ့်  ညီမလေးတွေကို ဆုတွေပိုက်ပြီး ပြန်လာတာပဲ မြင်ချင်ပါတယ်။ မကြာခင် သွားပြိုင်မယ့် ညီမလေးတွေကလည်း ထရိန်နင်ဝင်ဖို့က တစ်လကျော်လောက် လိုသေးတယ်။ အဲဒီတော့ သေချာပြင်ဆင်သွားပါ။ ၀င်ပြိုင်မယ့် ညီမလေးတွေကိုလည်း အသက် (၁၈)နှစ်ကနေ (၂၅)နှစ်အတွင်းရှိတဲ့ ညီမလေးတွေကိုပဲ ၀င်ပြိုင်စေချင်တယ်။ မနှစ်က အတွေ့အကြံအရ လွဲသွားမှာလည်း စိုးတယ်။ မနှစ်က Miss ရခဲ့တဲ့ ခင်ဝေဖြိုးဟန်က (၁၈)နှစ် ပြည့်ဖို့ ရက်ပိုင်းလေး လိုတာကို ပြိုင်ခွင့် မရခဲ့ဘူး။ ဂျပန်နိုင်ငံမှာ ပြိုင်မှာဆိုတော့ စည်းကမ်းကတင်းကျပ်တယ်။ အဲဒါကြောင့် ကိုယ်ရသင့်တဲ့ဆုတွေကို မရမှာလည်း စိုးလို့ပါ” ဟု ပြောပြခဲ့ပါတယ်။

Miss ဂုဏ်ရည်အေးကျော်က သူ့အနေနဲ့ အတွေ့အကြုံတွေကို မျှဝေချင်တယ် လို့လည်း ဆိုပါတယ်။ ပရဟိတအလုပ်တွေ လုပ်နေတဲ့သူဖြစ်လို့ ဇူလိုင်လထဲမှာလည်း နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးများကို ခွဲစိတ်ပေးမှုတွေမှာ ကူညီပေးဖို့ရှိတယ်လို့ ပြောပါတယ်။

Credit : The Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top