iMyanmarHouse.com - Best Property Website for Myanmar
×










ကုမ္ပဏီတစ်ခုအတွက် ၀တ်ကျေတမ်းကျေဝန်ထမ်း များများစားစားထက် အမြင့်မားဆုံးစွမ်းဆောင်ရည်တွေနဲ့ ကုမ္ပဏီအကျိုးသယ်ပိုးပေးမယ့် လက် တစ်ဆုပ်စာဝန်ထမ်းက ပိုလို့အကျိုးထူးစေမှာပါ။ ဒီလိုမျိုး အမြင့်မားဆုံးစွမ်း ဆောင်ရည်မှတ် အထွတ်အထိပ်ရောက်ရှိအောင်လို့ ၀န်ထမ်းတွေကို စည်းရုံး လှုံ့ဆော်တာဟာ စီပွားရေးလုပ်ငန်းရှင်တွေရင်ဆိုင်နေရတဲ့ အကြီးမားဆုံး အခက်အခဲတစ်ခု ဖြစ်နေဆဲပါပဲ။
ကမ္ဘာမှာလက်ရှိအောင်မြင်နေတဲ့ အမှုဆောင်အရာရှိချုပ်လေးယောက် ကတော့ သူတို့ဝန်ထမ်းတွေကို ဘယ်လို အောင်အောင်မြင်မြင် ဆွဲဆောင်ထားလဲဆိုတာကို ဖွင့်ဟလာပါတယ်။ ဒီနည်းလမ်းလေးသွယ် အတွက် ကိုယ်စီကိုယ်စီကလည်း သုတေသနတွေ အများကြီးလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

၁။ အလုပ်နဲ့ ဘ၀ ဟန်ချက်ညီခွင့် ပေးပါ။
Capriotti ဆန်းဒ၀စ်ရှ်လုပ်ငန်း စီအီးအို အက်ရှ်လေ မောရစ်က ဒီအချက်ကတော့ သားသမီးရှိတဲ့ ၀န်ထမ်းတွေကို ဆိုလိုပါသတဲ့။ ကလေး အသက်ငယ်သေးတဲ့ အမျိုးသားဝန်ထမ်းဆိုရင် သူ့မိသားစုလိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ ခွင့်တွေ ပိုယူလာမယ်။ မောရစ်ကတော့ သူ့ဝန်ထမ်းတွေရဲ့ ကျန်းမာပျော်ရွှင်ရတဲ့ အလုပ်နဲ့ဘ၀ ဟန်ချက်ညီဖို့ သိပ်အရေးကြီးတယ်ဆိုတာကို နားလည်သဘောပေါက်ပါသတဲ့။ ဒါကြောင့် သူက သူ့ဝန်ထမ်းအားလုံး ကိုယ့်မိသားစုအတွက်လည်း အချိန်ပေးနိုင်ဖို့ အခွင့်အရေးအပြည့်အ၀ပေးထားတယ်လို့ ဆိုပါတယ်။ ဒါက ၀န်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို ထိန်းသိမ်းပေးပြီး အရည်သွေးမြင့် လုပ်ငန်းခွင်ကို ဖန်တီး ပေးတယ်လို့လည်း မောရစ်က ပြောကြားခဲ့ပါတယ်။

၂။ သင့်ဝန်ထမ်းတွေရဲ့စွမ်းဆောင်မှုကို အသိအမှတ်ပြုချီးမြှောက်ပါ။
ဒါဟာ ၀န်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုချီးကျူးတာကို ပြတာပဲ ဖြစ်တယ်လို့ Menchie ဒိန်ချဉ်လုပ်ငန်း စီအီးအို ကလိန်းဘာဂါက ဆိုပါတယ်။ Menchie ဆိုင်ခွဲသစ်တစ်ဆိုင်ဖွင့်တိုင်း အစားအစာတွေ အပြည့်တင်လာတဲ့ ထရပ်ကားတစ်စီး ရုံးချုပ်ကို ပို့စေတယ်လို့ ပြောပါတယ်။ ဒီမပြောပလောက်တဲ့ အချက်လေးကပဲ သူအနေနဲ့ ၀န်ထမ်းတွေရဲ့လုပ်ငန်းတာဝန်စွမ်းဆောင်ရည်ကို တန်ဖိုးထားတဲ့ အကြောင်း ၀န်ထမ်းတွေကို ပြခဲ့တာလို့ ကလိန်းဘာဂါက ပြောကြားခဲ့ပါတယ်။

၃။ ၀န်ထမ်းတွေဘက်မှ ရှုမြင်ပါ။
Pancheros မက္ကဆီကိုအသားကင်စားသောက်ဆိုင် စီအီးအို ရိုဒနီအန်ဒါဆင်ဆိုတာ ဒီ့မတိုင်ခင် အရင်က အဲ့ဆိုင်မှာပဲ ပန်းကန်ဆေးကနေ ငွေ ကိုင်အထိ အလုပ်စုံလုပ်ခဲ့သူပါ။ အဲ့တော့ သူက အထက်ပါအချက်ကို ကိုယ်ချင်းစာတရားနဲ့ သဘောပေါက်ခဲ့တော့တာပေါ့။ သူချမှတ်ထားတဲ့ စည်းကမ်းတွေကြားထဲမှာမှ သူ့ဝန်ထမ်းတွေနဲ့ သူနဲ့ အဆင်ပြေအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ ၀န်ထမ်းတွေဘက်ကနေ ခံစားပေးတယ်လို့ ဆိုပါတယ်။

၎။ ပွင့်ပွင့်လင်းလင်း ပေးပြောပါ။
Goddard Systems ကုမ္ပဏီ စီအီးအို ဂျိုးရှူးမေကာကတော့ သူ့ကုမ္ပဏီကိစ္စရပ်တွေ အိုင်ဒီယာတွေကို အရာရှိအကြီးပိုင်းတွေကိုပဲ အသိပေးတာမဟုတ်ဘဲ ၀န်ထမ်းတိုင်းကို အသိပေးပြီး သဘောထားအမြင် တွေ ပွင့်ပွင့်လင်းလင်း ပြောစေပါတယ်။
ဝန်ထမ်းတွေရဲ့ အမြင်ကို နားထောင်ပြီး သူတို့ရဲ့ တုံ့ပြန်ချက်ကို ယူတာက အရိုးရှင်းဆုံးဖြစ်နိုင်ပါတယ်။ ခုထိတော့ ဒါက ၀န်ထမ်းစွမ်းဆောင်ရည်ကို တိုး မြှင့်ဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။

Credit : phothutaw

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top