iMyanmarHouse.com - Best Property Website for Myanmar
×








ဟောလိဝုဒ် သရုပ်ဆောင်မင်းသားဘရက်ပစ်သည် ညာဘက်လက်ဖျံတွင် မိသားစုကို ဂုဏ်ပြုသော တက်တူးသစ်တစ်ခုထိုးထား သည်ဟု မီဒီယာများကဖော်ပြသည်။

ဘရက်ပစ်၏လက်ဖျံပေါ်တွင် ကြက်ခြေခတ်ပုံသဏ္ဌာန် တက်တူးထိုးထားရာ၌ ကြက်ခြေခတ်၏တစ်ဖက်တွင် ဇနီးဖြစ်သူအန်ဂျလီနာဂျိုလီ၏ အမည်အစ အက္ခရာ (A)ဟု ရေးထားပြီး တစ်ဖက်၌ ၎င်းတို့သားသမီးများ၏အမည်အစအက္ခရာများ (MPZSVK)ကို ရေးထိုးထားသည်။ ဘရက်ပစ်နှင့်ဂျိုလီတို့တွင် မက်ဒေါက်စ်၊ ပက်စ်၊ဇာဟာရာ၊ ရှီလို၊ ဗီဗီယန်နှင့် နော့စ်အမည်ရ သားသမီး ခြောက်ဦးရှိ သည်။

ဘရက်ပစ်၏ရင်ဘတ်တွင် ဂျိုလီ၏မွေးနေ့ကို ရေးထိုးထား သည့် တက်တူးရှိသည်ဟုသိရ သည်။ ဇနီးဖြစ်သူ ဂျိုလီကလည်း မိသားစုကို တက်တူးတစ်ခုဖြင့် ဂုဏ်ပြုထားပြီးဖြစ်သည်။ ဂျိုလီ၏ဘယ်ဘက်အပေါ်ပိုင်း လက် မောင်းကြွက်သားပေါ်၌ သားသမီး ခြောက်ဦး၏ မွေးရပ်မြေနေရာများကိုဖော်ပြသည့် အမှတ်အသား များနှင့်အတူ ခင်ပွန်းဘရက်ပစ်၏မွေးရပ်မြေ အမှတ်အသားများ ကို တက်တူးထိုးထားသည်။

၎င်းတို့မိသားစုသည် ဇူလိုင် ၁၂ ရက်တွင် ကျရောက်ခဲ့သော နော့စ်နှင့်ဗီဗီယန်တို့၏ (၇) နှစ်ပြည့်မွေးနေ့ကို ခရီးထွက်၍ပျော်ရွှင်စွာဆင်နွှဲခဲ့ကြသည်။

Credit : 7daydaily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top