iMyanmarHouse.com - Best Property Website for Myanmar
×














အမျိုးသမီးများ အတွက် သတင်းကောင်း တစ်ခုရှိနေပါပြီ။ ကိုယ်နှင့် ဒိတ်လုပ်သည့် အမျိုးသားသည် ရက်ရောသူ ဖြစ်သလား၊ တွန့်တိုတတ်သည့် ကပ်စေးနည်း ဖြစ်သလားကို သိရှိနိုင်မည့် နည်းလမ်း ရှိနေပါပြီ။

သိနိုင်ဖို့ အတွက် သူ့အလုပ်အကိုင် ကိုလည်း မမေးပါနှင့်။ သူ့ ပိုက်ဆံအိတ်ထဲ ကိုလည်း မကြည့်ပါနှင့်။ သူ့လက်ချောင်းလေးတွေကိုသာ ကြည့်လိုက်ပါ။ ရက်ရောသူလား၊ ကပ်စေးနည်းသူလား သိဖို့ရန် လက်ချောင်းလေးများ၏ အတိုအရှည်ကိုသာ ကြည့်လိုက်ပါ။ အမျိုးသား တစ်ဦး၏  လက်ညှိုးသည် လက်သူကြွယ်ထက် တိုနေပါက ယင်းအမျိုးသားသည် အမျိုးသမီးများ အထင်ကြီးစေရန် အတွက် ငွေကြေးများစွာ သုံးစွဲသူ ဖြစ်နိုင်ခြေများကြောင်း လေ့လာမှု တစ်ခုတွင် ဖော်ပြထားသည်။

အဆိုပါ အမျိုးသားသည် ပန်းများ လက်ဆောင် ပေးတတ်သည်။ ချောကလက်များ လက်ဆောင် ပေးတတ်သည်။ ညစာအတွက်လည်း သူကပဲ စိုက်ထုတ် အကုန်အကျ ခံတတ်သည်။ ထို့ပြင် အဆိုပါ ကိုယ်တော်ချောသည် အားကစားရုံ သို့လည်း ပိုသွားနိုင်ခြေရှိသည်။ စတိုင်ကျသော အ၀တ်များကိုလည်း ၀တ်ကြသည်။

တက်စတိုစထရုန်းနှင့် အီစထရိုဂျင် အနည်းအများ ကွာဟချက်ကြောင့် လက်ချောင်းလေးများ အတိုအရှည် ကွဲပြားခြင်း ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောသည်။ တက်စတိုစထရုန်း ပမာဏပိုများလေ လက်ညှိုးသည် လက်သူကြွယ်ထက် ပိုတိုလေ ဖြစ်ကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။တိုသည့် လက်ညှိုးနှင့် ရှည်သော လက်သူကြွယ်တို့အား ယောက်ျားဆန်သော လက်များဟု သတ်မှတ်ထားပြီး ယင်းကဲ့သို့ လက်ပိုင်ရှင် အမျိုးသားများသည် ရန်လိုတတ်ကြပြီး အားကစားလည်း လိုက်စားတတ်ကြသည်။

ဆန့်ကျင်ဘက်အားဖြင့် လက်ညှိုးရှည်ပြီး လက်သူကြွယ် တိုခြင်းကို အမျိုးသမီးဆန်သော လက်များဟု သတ်မှတ်ထားသည်။ သုတေသန သစ်တစ်ခု၏ တစ်စိတ် တစ်ပိုင်းအဖြစ် စိတ်ပညာရှင်များသည် လက်ချောင်း အတိုအရှည်နှင့် လူတစ်ဦး၏ ဒိတ်လုပ်မှုဆိုင်ရာ ကိုယ်ရည် ကိုယ်သွေးတို့ကြား ဆက်စပ်မှု ရှိမရှိကို စိတ်ပညာရှင်များ သိရှိလိုခဲ့သည်။

ဘွဲ့လွန် ကျောင်းသားများအား လေ့လာမှု ပြုလုပ်ခဲ့ရာ အမျိုးသားဆန်သော လက်ချောင်း ပိုင်ရှင်များသည် ချစ်သူ မိန်းကလေး သို့မဟုတ် ပိုးပန်းနေသည့် မိန်းကလေး အထင်ကြီးအောင် ပိုမိုအားထုတ်လေ့ ရှိကြောင်း လေ့လာ တွေ့ရှိခဲ့သည်ဟု မွန်ထရီယယ် တက္ကသိုလ်မှ လေ့လာမှုကို ဦးဆောင် ပြုလုပ်ခဲ့သည့် ဒေါက်တာမာဆယ်လို နီပိုမူဆဲနိုက ပြောဆိုခဲ့သည်။

Credit : messenger

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top