iMyanmarHouse.com - Best Property Website for Myanmar
×










ချစ်သူစုံတွဲတွေ၊ အထူးသဖြင့် အိမ်ထောင်ပြုပြီး ၀ိတ်တက်လာတဲ့ စုံတွဲတွေအနေနဲ့ ရိုမန်တစ်လည်းဖြစ်မယ်၊ ၀ိတ်လည်းကျစေမယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ ဒါတွေကို ချစ်သူနဲ့အတူ လုပ်ဆောင်ရမှာမို့ ပျင်းရိစရာလည်း မရှိတော့ပါဘူး။ တစ်ယောက်ကိုတစ်ယောက် ဖေးမစောင့်ရှောက်ရင်း ခုပြောပေးမယ့် အချက်လေးတွေအတိုင်း လုပ်ဆောင်ကြည့်မယ်ဆိုရင် ၀ိတ်တက်စရာ ဘယ်မှာရှိတော့မှာလဲ။

၁။အကသင်တန်းတူတူသွားပါ။

ကတာဟာ ပညာရပ်တစ်ခုတိုးရုံတင် မဟုတ်ပါဘူး၊ ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။ ချစ်သူစုံတွဲတွေ အတူကရတဲ့ ဖီလင်က ဘယ်လောက်မိုက်သလဲ။ အကသင်တန်းမို့လို့ မတက်ချင်ဘူးဆိုရင်လည်း GYM အတူတူဆော့တာ၊ ယောဂကစားတာတွေ လုပ်ဆောင်နိုင်ပါသေးတယ်။

၂။တစ်ပတ်ကို တစ်ခါ၊ ဒါမှမဟုတ် နှစ်ခါ ကားအတူတူဆေးတာမျိုးလုပ်ပါ။

ကိုယ်ပိုင်ကား ပိုင်ဆိုင်တဲ့သူတွေဆိုရင်တော့ ဒီအချက်လေးက သင့်တော်ကောင်းမွန်ပါတယ်။ ကိုယ်တိုင်ကားဆေးတာမျိုးကတည်း နှစ်ဦးသားစိတ်ပျော်ရွှင်ကြည်နူးစေသလို တစ်ဖက်ကလည်း အလုပ်ပြီးပါတယ်။ ကားမပိုင်ဘူး၊ မ၀ယ်ရသေးဘူးဆိုရင်တော့ ပန်းပင်ရေလောင်းတာတို့၊ ခြံထဲသန့်ရှင်းရေး အတူလုပ်တာတို့ စတာတွေကို လုပ်ဆောင်ကြည့်ပါ။

၃။ပျော်ပွဲစားထွက်ရင်း စကိတ်စီးတာ၊ ဂိမ်းကစားတာတွေလုပ်ပါ။

ကိုယ်တွေအတွဲနဲ့အတူ နောက်ထပ် သူငယ်ချင်းအတွဲတစ်တွဲကို ခေါ်ပြီး ပျော်ပွဲစားထွက်ပါ။ အဲ့ဒီလိုထွက်ရင်း ရေကူးတာမျိုး၊ စကိတ်စီးတာမျိုး ဒါမှမဟုတ် ဂိမ်းကစားကြတာမျိုးတွေ လုပ်ဆောင်နိုင်ပါတယ်။

၎။အခန်းကို ကိုယ့်စိတ်ကြိုက် ဆေးသုတ်ပါ။ နံရံကပ်စက္ကူတွေနဲ့ အလှဆင်ပါ။

ဆေးသုတ်တယ်၊ ဆေးခြယ်တယ်ဆိုတာ လွယ်ကူတဲ့အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။  ဒီတော့ တစ်ယောက်တည်း ဒီအလုပ်ကို လုပ်မယ့်အစား ချစ်သူနဲ့အတူ တစ်ဦးနဲ့တစ်ဦး အကြံတွေဖလှယ်ရင်း အခန်းလေးကို ကောင်းမွန်လှပအောင် ခြယ်သလိုက်ပါ။ နံရံကပ်စက္ကူကပ်မယ်ဆိုရင်လည်း နှစ်ယောက်အတူရွေးချယ်ပြီး အလှဆင်တာ ပိုကောင်းပါတယ်။

၅။ကားနဲ့သွားလို့ရမယ့် အချို့နေရာတွေကို စက်ဘီးနဲ့သွားပါ။

ညနေပိုင်း နှစ်ဦးသားအတူ စက်ဘီးစီးတာ တကယ်ကို ပျော်စရာကောင်းသလို လေ့ကျင့်ခန်းလုပ်တဲ့သဘောလည်း ပါဝင်သွားပါတယ်။ အဝေးကြီးမဟုတ်တောင် အနီးအနားက ကော်ဖီဆိုင်လေးကို စက်ဘီးစီးသွားတာ မျိုးလောက်ပေါ့။

၆။အချိုပွဲ၊ မုန့်သရေစာတွေကို ဝေမျှစားသောက်ပါ။

ထမင်းစားပြီးလို့ ရေခဲမုန့်အရမ်းစားချင်လာတယ်ဆိုရင် ချစ်သူနှစ်ဦးစလုံးအတွက် ရေခဲမုန့်တစ်ခုသာ ၀ယ်ပြီးမျှစားပါ။ ဒါဟာ ၀ိတ်မတက်အောင် တားတဲ့နည်းလည်းဖြစ်သလို ချစ်သူနဲ့အတူ ဝေမျှ စားသောက်တာဖြစ်တဲ့အတွက် ပျော်စရာလည်း ကောင်းပါတယ်။

၇။အပန်းဖြေခရီးသွားတိုင်း နှစ်ဦးသားအတူလုပ်ဆောင်နိုင်မယ့် လေ့ကျင့်ခန်းမျိုးတွေ လုပ်ပါ။

ကမ်းခြေကို အပန်းဖြေခရီးသွားတယ်ဆိုပါစို့။ မနက်တိုင်း သဲသောင်ပြင်ပေါ်မှာ နှစ်ဦးသား လေ့ကျင့်ခန်းအတူတူ လုပ်မယ်။ ပြီးမှ မနက်စာအတူစားမယ်၊ ရေကူးမယ်၊အနီးအနား လျှောက်လည်မယ် စသဖြင့် စနစ်တကျလေး လုပ်ဆောင်သွားမယ်ဆိုရင် အပန်းဖြေခရီးမှာ ၀ိတ်တက်လာတယ်ဆိုတဲ့အသံမျိုး ဘယ်ကြားရတော့မှာလဲ။

၈။ဧည့်ခန်းထဲ တီဗီချည်းပဲ ကြည့်နေမယ့်အစား လမ်းထွက်လျှောက်တာမျိုးတွေလုပ်ပါ။

နှစ်ဦးသားဖုန်းနဲ့ အင်တာနက်ချည်းသုံးနေကြမယ်၊ တီဗီချည်းပဲ ကြည့်နေမယ့်အစား ညနေပိုင်း လေကောင်းလေသန့်ရမယ့်နေရာကို စကားလေးတပြောပြောနဲ့ လမ်းလေးလျှောက်တာက ပိုကောင်းပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top