iMyanmarHouse.com - Best Property Website for Myanmar
×










ရုံးခန်းထဲမှာ သစ်ပင်တွေ ထားရှိခြင်းဟာ အလုပ်လုပ်တဲ့အခါမှာ ပိုပြီးလုပ်နိုင်စွမ်းတွေ ဖြစ်စေတယ်လို့ လေ့လာမှုတစ်ခုအရ သိရပါတယ်။ စိတ်ပညာ ကျွမ်းကျင်သူတွေဟာ အလှသစ်ပင် တစ်ပင်ကို အလုပ်ရှုပ်တဲ့ အလုပ်နေရာတွေမှာ ထားရှိခြင်းအားဖြင့် ၀န်ထမ်းတွေရဲ့ လုပ်နိုင်စွမ်းတွေကို ၁၅ ရာခိုင်နှုန်းပို မြင့်စေနိုင်တာကို တွေ့ရှိခဲ့ကြပါတယ်။

ဝန်ထမ်းတွေရဲ့ အာရုံစိုက်နိုင်စွမ်း ပိုကောင်းလာသလို သူတို့ရှုရှိုက်ရတဲ့ လေထုဟာလည်း ပိုမို သန့်စင်စေပါတယ်။ အကြောင်းအရင်းကတော့ သစ်ပင်တွေဟာ  လေထုထဲက ဖုန်မှုန့်တွေ ၊ ပိုးမွှားတွေ ၊ အညစ်အကြးတွေကို စုပ်ယူနိုင်စွမ်း ရှိကြလို့ပါ။

Cardiff တက္ကသိုလ်က သုတေသီတွေဟာ UK နဲ့ဟော်လန်နိုင်ငံတွေမှာ ရှိတဲ့ စီးပွားဖြစ် လုပ်ငန်း ကြီးနှစ်ခုရဲ့ ရုံးခန်းတွေကို စမ်းသပ်စောင့်ကြည့်ခဲ့ပါတယ်။ သစ်ပင်တွေထားရှိပြီး ၃ လ အကြာမှာ ထုတ်လုပ်နိုင်စွမ်း အားလုံးဟာ ၁၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ သုတေသီတွေက Experimental Psychology ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top