iMyanmarHouse.com - Best Property Website for Myanmar
×

၂၀၁၅ ထဲမှာ ကားကြီးအနေနဲ့ ၃ကား ရိုက်ကူးပြီးသွားပြီး နောက်ထပ်လဲ နယ်ထွက်ပြီး ကားကြီး ၃ကားထပ်ရိုက်ဖို့ရှိနေသေးသလို ကြားထဲမှာ ဗီဒီယိုကားတွေ အဆက်မပြတ်ရိုက်ကူးနေမှုကြောင့် ပရိသတ်နဲ့အနည်းငယ် အဆက်အသွယ်ပြတ်နေသလိုဖြစ်နေတဲ့ အိချောပိုနဲ့တွေ့ဆုံခိုက်

"ဒီ၂၀၁၅ ထဲမှာ လောလောဆယ် ကားကြီးက အိချော ၃ကားရိုက်ပြီးသွားပြီ။ နောက်ထပ် ၃ကားထပ်ရိုက်ဖို့ရှိတယ်။ အားလုံးပေါင်း ၆ကားပေါ့။ နောက်ထပ်ပြောထားတာလေးတွေလဲရှိပါသေးတယ်။ ပထမဆုံးကားကြီးက ဟန်းနီးမွန်းပေါ့။ ဦးကျော်ရဲအောင်၊ ကိုမြင့်မြတ်၊ ကိုကျော်ကျော်ဗိုတို့နဲ့ပါ။ နောက်တစ်ကားက အော်တိုဘုရင် အဲ့ဒီကားလေးက ဦးဇာဂဏာရယ်၊ ကိုကျော်ကျော်ဗိုရယ်၊ အိချောရယ်ပါ။ နောက်တစ်ကားက ကိုနေတိုးနဲ့ပါ။ ရွှေဒဂီါးကို ထွေခင်းကစားမယ်တဲ့။ အဲ့ဒါတွေကရိုက်ပြီးသားတွေပေါ့။ နောက်ထပ်ရိုက်မဲ့ ကားနှစ်ကားက ပုပ္ပါးနဲ့မေမြို့မှာရိုက်မဲ့ကားက ကိုမြင့်မြတ်နဲ့ကိုဟိန်းဝေယံနဲ့ပါ။ နောက်တစ်ကားကတော့ ဦးကျော်ရဲအောင်၊ ကိုဇေရဲထက်တို့နဲ့ပါ။ နောက်တစ်ကားကတော့ မသိရသေးပါဘူး။ ကားကြီးမှာကာရိုက်တာတွေကတော့ မျှတယ်။ ဟာသလဲပါတယ်။ ဒရာမာလဲပါတယ်။  ကြားထဲမှာတော့ အိချော ဗီဒီယိုလေးတွေကြိုကြားကြိုကြား ထပ်ရိုက်သွားမယ်။"လို့ သူမက ပြောပါတယ်။

ဆံပင်ပုံစံချိန်းလိုက်တာနဲ့ပတ်သက်ပြီး သူမက "ဆံပင်က ကိုနေတိုးနဲ့ရိုက်တဲ့ ကားကြီးမှာ ပြင်ဦးလွင်က အင်းလျားရွာမှာ ရိုက်တာဆိုတော့ ရွာသူပုံစံရိုက်ရမှာမို့ အိချော သျှောင်ပေစူး ပုံစံလေး လုပ်ချင်တာနဲ့ညှပ်ချပစ်လိုက်တာပါ။ အိချောက အရှည်ပဲကြိုက်တာဆိုတော့ အရှည်ပဲ ဆက်ထားဖြစ်မှာပါ။ ညှပ်လိုက်တုန်းက နှမြောတယ်။ ဒါပေမဲ့ အဲ့ဒီကားမှာ အဲ့လိုပုံလေး လုပ်ချင်လို့ညှပ်လိုက်တဲ့အတွက် ကျေနပ်ပါတယ်။ များသော အားဖြင့် ရွာကားဆို အိချောတို့ ဆံပင်ကို ကျစ်ဆံမြီးကျစ်၊ ခွဲစည်း အဲ့ဒါတွေပဲဆိုတော့ ထူးခြားချင်လို့ညှပ်ချလိုက်တာပါ။

ခုလတ်တလာမှာ အိချောပိုဟာ ဘယ်ဘက်ရင်ဘတ်တစ်ခြမ်းဧ။် အလယ်ဗဟိုတည့်တည့် ဆိုတဲ့ကားလေးကို မင်းဦး၊ နေဒွေးတို့နဲ့အတူ ရိုက်ကူးနေတယ်လို့ သိရပြီး အချစ်ရေးကတော့ အေးဆေးပါတဲ့။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top