iMyanmarHouse.com - Best Property Website for Myanmar
×










ဝိတ်ချချင်လို့ GYM ကို အပြင်းအထန် ကစားနေတာ တစ်လကျော်ပြီ။ ၀ိတ်က ကျမသွားလို့ စိတ်ညစ်နေတာလား။ ဒါမှမဟုတ် အစားအသောက်နဲ့ ဆိုင်တဲ့ ၀ိတ်ချနည်းတွေနဲ့လည်း ချကြည့်သေးပေမယ့် အဆင်မပြေဘူး ဖြစ်နေတာမျိုးလား။ ဘယ်လို ၀ိတ်ချနည်းလမ်းအမှားတွေက သင့်ကို ပိုတောင်ဝိတ်တက်စေသလဲဆိုတာ ပြောပြပေးချင်ပါတယ်။

၁။ချက်ချင်းကြီး ဘာမှမစားပဲ နေလိုက်ခြင်း

အစားအသောက်စနစ်ကို တစ်ဖြည်းဖြည့်လျော့သွားမယ့်အစား ချက်ချင်းကြီးဘာမှမစားပဲ နေလိုက်ခြင်းဟာ ၀ိတ်ကျသွားဖို့ အလားအလာထက် အားနည်းပြီး နေမကောင်းဖြစ်ဖို့ အလားအလာ ပိုများသွားပါလိမ့်မယ်။ ပင်ပင်းပန်းပန်း အလုပ်လုပ်ရတဲ့သူတွေဆို ပိုဆိုးပါတယ်။

၂။လိုအပ်တာထက်ပို မစားမသောက်ပဲ နေခြင်း

ဘာမစားဘူး၊ ညာမစားဘူးဆိုပြီး ကန့်သတ်ချက်လုပ်ထားတာဟာ သင့်ရဲ့စားချင်စိတ်ကို ပိုကြီးမားစေပါတယ်။ နေ့စဉ်စားနေကျ အရာတွေကို ချက်ချင်းကန့်သစ်မပစ်လိုက်ပါနဲ့။

၃။ပေါင်ချိန်စက်ကို အားကိုးခြင်း

တစ်နေ့တစ်နေ့ ပေါင်ချိန်စက်ပေါ် တက်လိုက်ဆင်းလိုက်လုပ်ရင်း အချိန်ကုန်နေတာမျိုးတွေ မဖြစ်သင့်ပါဘူး။ ပေါင်ချိန်လိုက်တိုင်း ငါ ၀ိတ်တက်နေပြီလားဆိုပြီး စိတ်ပူနေရတာမျိုးဟာ မကောင်းပါဘူး။ စိတ်ပူခြင်း၊ စိတ်ဖိစီးမှုများခြင်းဟာ ၀ိတ်ချနေတဲ့သူတွေအတွက် တကယ့်အန္တရာယ်ပါပဲ။ ဒီတော့ တစ်ပတ်တစ်ခါသာ ပေါင်ချိန်ပါ။

၎။အားကစားလုပ်ခြင်းနဲ့ အစားအသောက်ကို ညီမျှအောင် မထိန်းနိုင်ခြင်း

လေ့ကျင့်ခန်းတော့ လုပ်နေပါရဲ့။ ဒါပေမယ့် ကယ်လိုရီတက်စေမယ့် အစားအသောက်တွေ စားနေတယ်ဆိုရင်လည်း ၀ိတ်ကျမှာ မဟုတ်ပါဘူး။ ဒီတော့ ကိုယ်စားမယ့်အစားအသောက်က ကယ်လိုရီဘယ်လောက်တက်စေသလဲဆိုတာကိုပါ လေ့လာထားရပါမယ်။

၅။ နေ့လည်စာ (သို့) မနက်စာ စတာတွေကို မစားပဲ ကျော်လိုက်ခြင်း

နေ့လည်စာ မစားပဲနေရင် ငါတော့ ၀ိတ်ကျမှာပဲဆိုပြီး မစားပဲထားလိုက်တယ်ဆိုပါစို့။ နေ့လည်စာ မစားပဲနေခြင်းရဲ့ ရလာဒ်က ညစာပိုစားဖြစ်သွားတာ ဖြစ်နိုင်ပါတယ်။ ဒါကို သတိထားပါ။ တစ်နပ်စာကျော်စားလိုက်ခြင်းဟာ ခန္ဓာကိုယ်အတွက် ပြန်ပေးဆပ်လိုက်ရတာ ဘာမှမထူးပါဘူး။

၆။ ၀ိတ်ချခြင်းမှာ အားလပ်ရက်ထားခြင်း

ဒီနေ့ စနေနေ့မို့၊ တနင်္ဂနွေနေ့မို့ ငါစားချင်တာလေး စားလိုက်မယ်၊ ကျန်တဲ့ရက်တွေမှပဲ ၀ိတ်ချတဲ့ကိစ္စ ဆက်လုပ်တော့မယ်လို့ တွေးရင်မှားပါလိမ့်မယ်။ လုပ်ပြီဆိုရင်တော့ ဆက်တိုက်လုပ်ဆောင်သွားရမှာပါ။

၇။ဝိတ်ကျစေတဲ့ ဆေးဝါးတွေ သောက်သုံးခြင်း

လွယ်ကူတဲ့ နည်းလမ်းကို ရွေးလိုက်မယ်ဆိုရင် အကျိုးဆက်တွေတော့ ရှိလာပါလိမ့်မယ်။ ၀ိတ်ကျစေဖို့ ထုတ်လုပ်ထားတဲ့ ဆေးဝါးတွေဟာ အများအားဖြင့် သင့်ကျန်းမာရေးအတွက် မကောင်းပါဘူး။

၈။ကျန်းမာစေဖို့အတွက် အသီးအနှံတွေကို အများကြီး စားခြင်း

လူတွေပြောတာတော့ အသီးအနှံတွေဟာ လူကို ကျန်းမာစေတဲ့အပြင် အဆီလည်း မတက်စေဘူးတဲ့။ ဒါပေမယ့် ဘယ်အသီးအနှံ၊ အသား နဲ့ အစားအစာမှာမဆို အဆီဓာတ်ကတော့ ရှိတာချည်းပါပဲ။ ဒီတော့ လိုအပ်တာထက် အသီးတွေကို အများကြီးစားမယ်ဆိုရင်လည်း ဒါဟာ သင့်ခန္ဓာကိုယ်အတွက် မကောင်းပြန်ဘူး။

၉။လွယ်ကူစွာ အသင့်စားနိုင်တဲ့ အစားအသောက်များ၊ အဆာပြေမုန့်များကို စားခြင်း

အာလူးအချောင်းကြော်လေးစားတာလောက်ကတော့ ဘာမှဖြစ်မှာမဟုတ်ပါဘူး။ ဒါမှမဟုတ် မုန့်ဆီကြော်လေးစားရင်း တီဗီလေးကြည့်လိုက်တာ ဘာမှမဖြစ်နိုင်ပါဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ အမှန်တော့ အလွယ်တကူ ၀ယ်စားနိုင်တဲ့ ဆီကြော်မုန့်တွေရော၊ ဘာဂါတို့လို့ အသင့်စား အစားအစာတွေဟာ သင့်ကို ပိုဝိတ်တက်စေတာပါ။

၁၀။အရက်၊ဘီယာကို လုံးဝမသောက်ပဲ နေလိုက်ခြင်း

နေ့တိုင်းပုံမှန်သောက်ဖြစ်နေတဲ့ ဘီယာကို တန်းဖြတ်လိုက်ဖို့က မလွယ်ပါဘူး။ တစ်ပတ်လောက် ဖြတ်လိုက်ပြီး ပြန်သောက်ဖြစ်တဲ့အခါ ခုထက်ပိုသောက်ဖြစ်သွားမယ့်အစား ခုသောက်နေတဲ့ ဘီယာအမျိုးအစားတွေအစား ကဆီဓာတ်နည်းပြီး ကျန်းမာရေးနဲ့ပိုညီညွတ်တဲ့ ဘီယာအမျိုးအစားကို ရွေးသောက်ပါ။ တန်းဖြတ်လိုက်မယ့်အစား အရေအတွက်ကို တစ်ဖြည်းဖြည်းလျှော့ချသွားလိုက်ပါ။

၁၁။စားသောက်ပြီး တန်းအိပ်လိုက်ခြင်း

ဒီအချက်ကတော့ လူတိုင်းသိထားပြီးသားအချက်ပါ။ ထမင်းစားပြီးတာနဲ့ အိပ်ယာပေါ်တန်းရောက်သွားမယ်ဆိုရင်တော့ အဆီတွေနဲ့ဝိတ်တက်လာမှာပေါ့။ ဒီတော့ အစာခြေနေတဲ့အချိန်အတောအတွင်းမှာ သင်ဟာ အိပ်ယာရဲ့အဝေး တစ်နေရာရာမှာ ရှိသင့်ပါတယ်။

၁၂။ဝိတ်ချနည်းစနစ်ကို ဘယ်တော့မှ မပြောင်းလဲခြင်း

ဝိတ်ချတဲ့ပုံစံ၊ နည်းကို အမြဲတစ်ပုံစံ၊ တသတ်မတ်တည်းသွားနေလို့တော့ အဆင်မပြေပါဘူး။ အရင်လက ရှိနေတဲ့ ခန္ဓာကိုယ်အလေးချိန်က ခုဝိတ်ချထားလို့ ကျသွားပြီဆိုပါစို့။ ကျသွားတဲ့ အလေးချိန်အတိုင်းရှိနေအောင် ဆက်ထိန်းဖို့ အရင်သုံးပြီးသား ၀ိတ်ချနည်းစနစ်ကိုပဲ သုံးနေရင်တော့ မှားပြီပေါ့။

Credit :Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top