iMyanmarHouse.com - Best Property Website for Myanmar
×









ချစ်တတ်ခြင်းသည် ရန်လိုခြင်းထက် ပိုကောင်းကြောင်း လေ့လာမှု တစ်ခုတွင် ဖော်ပြထားသည်။
ယင်းစကားသည် အထူးသဖြင့် ခွေးတူဝက်တူ ကောင်များအတွက် မှန်ကန်သည်ဟု ဆိုရမည်။ ငယ်ရွယ်စဉ်တွင် တိုက်ခိုက်မှုများဖြင့် အချိန် ကုန်တတ်သည့် ခွေးတူဝက်တူ အထီးများသည် အေးဆေးစွာ နေတတ်သည့် ခွေးတူဝက်တူ အထီးများထက် အိုမင်းမှုနှုန်း ပိုမြန်တတ်ကြောင်း ပညာရှင်များက လေ့လာ တွေ့ရှိခဲ့သည်။

ငယ်ရွယ်စဉ်တွင် တိုက်မှုခိုက်မှု ၀ါသနာ မပါသည့် ခွေးတူဝက်တူ ကောင်များသည် ကိုယ်စိတ် ကျန်းမာ ချမ်းသာရေး၊ အမများနှင့် ရောနှော နေထိုင်ရေးတို့ အတွက်လည်း အချိန်ပို ပေးနိုင်ကြသည်။ ဗြိတိန်နိုင်ငံ ဂလိုဆဲစတာရှိုင်းယား ဒေသရှိ ၀ုချက်စတာ ဥယျာဉ်ရှိ ခွေးတူ ၀က်တူများအား အက်ဇီတာ တက္ကသိုလ်မှ ပညာရှင်များက လေ့လာခဲ့ခြင်း ဖြစ်သည်။ ပညာရှင်များသည် ခွေးတူ ၀က်တူများအား နှစ်ပေါင်း (၃၅) နှစ်ကြာ လေ့လာမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အခြား ခွေးတူ ၀က်တူ အထီးများနှင့် နီးနီးကပ်ကပ် နေတတ်သော ခွေးတူ ၀က်တူ အထီးများသည် သက်တမ်း တိုလေ့ရှိကြောင်း ပညာရှင်များက တွေ့ရှိခဲ့သည်။ ယခု တွေ့ရှိမှုကြောင့် လူသား အမျိုးသားများသည် အမျိုးသမီးလောက် သက်တမ်း မရှည်သည်ကိုလည်း ဆက်စပ် စဉ်းစား မိလာစေခဲ့သည်။

လူသားများ အပါအ၀င် ပြိုင်ဆိုင်မှု လုပ်တတ်သည့် သတ္တ၀ါများတွင် အထီးများသည် အမများထက် သက်တမ်းတိုလေ့ ရှိကြောင်း တွေ့ရှိခဲ့သော်လည်း အကြောင်းအရင်း အပြည့်အစုံကို သိရှိရန် ဆက်လက် လေ့လာရဦးမည် ဖြစ်ကြောင်း အက်ဇီတာ တက္ကသိုလ်မှ ပညာရှင် ဒေါက်တာ အန်ဒရူးယန်းက ပြောဆိုခဲ့သည်။သို့သော် ခွေးတူ ၀က်တူ အမများမှာမူ အခြားအမများနှင့် အတူနေခြင်းကြောင့် သက်တမ်းတိုလေ့ မရှိကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။ 

Credit : messenger

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top