iMyanmarHouse.com - Best Property Website for Myanmar
×










အားလပ်ချိန်တွေကို ထိုင်တဲ့ကိုယ်နေဟန်ထားနဲ့ ပိုမိုကုန်လွန်စေလေ အမျိုးသမီးတွေမှာ ကင်ဆာဖြစ်နိုင်ခြေပိုများတယ်လို့အမေရိကန်ကင်ဆာအဖွဲ့အစည်းက ပြုလုပ်တဲ့ လေ့လာမှုသစ်တစ်ခုမှာ
ဖော်ပြခဲ့ပါတယ်။ အမျိုးသားတွေမှာတော့ အလားတူဆက်စပ်မှုမျိုးလုံးဝ မရှိဘူးလို့သိရပါတယ်။

ကွန်ပျူတာနဲ့ ဗီဒီယိုဂိမ်းတွေ၊ ပြောင်းလဲလာတဲ့ ပို့ဆောင်ရေးစနစ်တွေကြောင့် ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း အမေရိကန်မှာ ထိုင်ပြီးအချိန်ကုန်လွန်စေတာက အရမ်းများလာတာကြောင့် ထိုင်တာနဲ့ ကင်ဆာအကြား ဆက်စပ်မှုရှိမှာကို သုတေသီတွေက ပိုပြီးစိုးရိမ်လာကြပါတယ်။

သုတေသီတွေက အမျိုးသား ၆၉၂၆၀ ဦးနဲ့ အမျိုးသမီး ၇၇၄၆၂ တို့ကို နှိုင်းယှဉ်လေ့လာခဲ့ရာ အထိုင်ပိုများသူတွေက သွေးကင်ဆာ၊ ရင်သားကင်ဆာနဲ့ သားဥအိမ်ကင်ဆာတို့ဖြစ်နိုင်ခြေ ၁၀ ရာခိုင်နှုန်းပိုများတာကို တွေ့ရှိခဲ့ကြပါတယ်။ အမျိုးသားတွေနဲ့ အထိုင်များတာအကြားမှာတော့ ဆက်စပ်မှုမတွေ့ခဲ့ပါဘူး။ မည်သို့ဆိုစေ နောက်ထပ်လေ့လာမှုတွေ လိုအပ်ဦးမှာပါ။

Credit : phothutaw

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top