iMyanmarHouse.com - Best Property Website for Myanmar
×













သံဓာတ်ချို့တဲ့မှုဟာ အဖြစ်များဆုံးအာဟာရချို့တဲ့မှုဖြစ်ပါတယ်။ အမျိုးသမီးများအတွက် အန္တရာယ်ရှိစေနိုင်ပြီးသွေးအားနည်းရောဂါ
ဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးသို့အောက်ဆီဂျင်ကို ဖြန့်ဝေပေးသော
သွေးနီဥဆဲလ်များကိုကူညီပေးနိုင်တဲ့ ပရိုတိန်းဓာတ်တစ်မျိုးဖြစ်တဲ့
ဟီမိုဂလိုဘင်ဓာတ်ကို ထုတ်လုပ်ရာမှာသံဓာတ်ဟာအလွန်အရေးကြီးပါတယ်။
ထို့ကြောင့်သံဓာတ်ချို့တဲ့မှုရဲ့လက္ခဏာများကိုသိရှိပြီး ကာကွယ်ကုသနိုင်ရန် အရေးကြီးပါတယ်။

- အလွန်အမင်းမောပန်းခြင်း
သံဓာတ်ချို့တဲ့သူများဟာ အလွန်အမင်းမောပန်းနေတတ်ပါတယ်။ သို့သော် အမျိုးသမီးအများစုဟာ မောပန်းမှုကို သတိမထားမိတတ်ကြပါ။
နေ့စဉ်မောပန်းမှုကို ဘ၀ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် မေ့ဖျောက်
ပစ်တတ်ကြပါတယ်။ သံဓာတ်ချို့တဲ့မှုဟာ ခန္ဓာကိုယ်တစ်ရှူးများသို့
အောက်ဆီဂျင်ရောက်ရှိမှု လျော့နည်းစေပြီး ခန္ဓာကိုယ်ကလိုအပ်တဲ့ အားအင်များပျောက်ဆုံး စေတတ်ပါတယ်။ ထို့ကြောင့် အားနည်းခြင်း၊ အာရုံခံစားလွယ်ခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း စသည်တို့ ဖြစ်တတ်ပါတယ်။

- အသားအရေဖျော့ခြင်း
ဟီမိုဂလိုဘင်ဓာတ်ဟာ သင့်သွေးကို အနီရောင်ဖြစ်စေပြီး သင့်အသားအရေကို ပန်းရောင်သန်းစေပါတယ်။ ထို့ကြောင့် သံဓာတ်လျော့နည်းခြင်းဟာ သင့်အသားအရေကို အလွန်ဖျော့တော့သော အရောင်ဖြစ်စေနိုင်ပါတယ်။ သင့်နှုတ်ခမ်း၊ ခံတွင်းနဲ့ မျက်ခွံအတွင်းသားများပုံမှန်ထက်အရောင်ဖျော့နေ ခြင်းကလည်းသံဓာတ်ချို့တဲ့မှုကြောင့်ပဲဖြစ်ပါတယ်။

- ခြေထောက်ဂနာမငြိမ်ဖြစ်ခြင်း
ခြေထောက်ဂနာမငြိမ်လှုပ်ရှားမှုများဟာ သံဓာတ်ချို့တဲ့မှုကြောင့်
ဖြစ်ပါတယ်။ သံဓာတ်နည်းလေ လက္ခဏာများပိုမို ပြင်းထန်လေဖြစ်ပါတယ်။

- ပြင်းထန်စွာနှလုံးတုန်ခြင်း
သံဓာတ်လျော့နည်းတဲ့ သွေးအားနည်းရောဂါကို အချိန်အတော်ကြာခံစားရသူဟာ နှလုံးရောဂါ လက္ခဏာများစတင် လာတတ်ကြပါတယ်။မူမမှန်သော နှလုံးခုန်မှုများကိုခံစားရနိုင်ပါတယ်။ ထို့ကြောင့် နှလုံးတွင်ပြဿနာများစတင်ဖြစ်ပွားလာပါကသံဓာတ်အဆင့်ကို စစ်ဆေးသင့်ပါတယ်။ သံဓာတ်ချို့တဲ့မှု ကနှလုံးရောဂါကို ပိုမိုဆိုးရွားစေပါတယ်။ အဆင့်ကို စစ်ဆေးသင့်ပါတယ်။ သံဓာတ်ချို့တဲ့မှုက နှလုံးရောဂါကို ပိုမိုဆိုးရွားစေပါတယ်။

- ခေါင်းကိုက်ခြင်း
သံဓာတ်ချို့တဲ့လာသော ခန္ဓာကိုယ်ဟာ အရင်ဦးဆုံးဦးနှောက်သို့ အောက်ဆီဂျင်ပို့လွှတ်မှု လျော့နည်းသွားပါတယ်။ ထို့ကြောင့် ဦးနှောက်မှ လုံလောက်သော အောက်ဆီဂျင်မရရှိတော့ဘဲ
ခေါင်းကိုက်ခြင်းကို ဖြစ်စေပါတယ်။

- အသက်ရှူမ၀ခြင်း
သင့်အောက်ဆီဂျင် လျော့နည်းနေသောအခါဘယ်လိုပင်အသက်ပြင်းပြင်း
ရှူသော်လည်း အသက်ရှူမ၀ဘဲ ဖြစ်နေတတ်ပါတယ်။ သင်ပုံမှန် လုပ်နေကျ လုပ်ငန်းစဉ်များလုပ်ဆောင်ရင်း အသက်ရှူမ၀ဘဲ မွန်းကျပ်ခြင်းများ
ဖြစ်ပေါ်လာပါက သံဓာတ်ချို့တဲ့နေခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

- စိတ်ဖိစီးမှုခံစားရခြင်း
သင့်ဘ၀ဟာ စိတ်ဖိစီးမှုများနဲ့ ပြည့်နှက်နေခြင်း မဟုတ်သော်လည်း သံဓာတ်ချို့တဲ့မှုဟာ သင့်ကိုစိတ်ဖိစီးမှုခံစားရစေနိုင်ပါတယ်။
အောက်ဆီဂျင်ကင်းမဲ့မှုက သင့်အာရုံကြောစနစ်များကို လှုံ့ဆော်ပေးပြီး စိတ်မသက်မသာ ခံစားရတတ်ပါတယ်။

- ဆံပင်ကျွတ်ခြင်း
သံဓာတ်ချို့တဲ့၍သွေးအားနည်းရောဂါ ဖြစ်ပွားသူများဟာ ဆံပင်ကျွတ်ခြင်းကို ခံစားရပါတယ်။ သင့်ခန္ဓာကိုယ်ရဲ့မရှိမဖြစ် အင်္ဂါများရဲ့လုပ်ဆောင်ချက်များအတွက် အောက်ဆီဂျင်ထောက်ပံ့ပေး
ရခြင်းကြောင့်သင့်ဆံပင်ကိုမပျက်မစီးအောင်ထိန်းသိမ်းပေးနိုင်စွမ်းမရှိတော့ပါ။

- အမျိုးသမီးများ ဓမ္မတာရက်ကြာခြင်း
အမျိုးသမီးများတွင် သံဓာတ်ချို့တဲ့မှုရဲ့ အဓိကအကြောင်းအရင်းကတော့ အမျိုးသမီးဓမ္မတာ ရက်ကြာခြင်းပဲဖြစ်ပါတယ်။ သွေးများစွာဆုံးရှုံး၍ပြန်လည်
ဖြည့်တင်းနိုင်မှုမရှိပါကသွေးအားနည်းရောဂါ ခံစားရတတ်ပါတယ်။

- သင့်လျှာတွင် အနာဖြစ်ခြင်း
သံဓာတ်ချို့တဲ့မှုကကြွက်သားများကျန်းမာမှုကို ထောက်ပံ့ပေးသောသွေးနီဥဆဲလ်များရှိ ပရိုတိန်းဓာတ်ကိုလျှော့ချနိုင်တာကြောင့်သင့်လျှာကိုထောက်ပံ့
ပေးသောကြွက်သားများတွင်နာကျင်မှု၊ ထိခိုက်မှုများခံစားရတတ်ပါတယ်။

အသက် ၁၉ နှစ်မှ ၅၀ ကြားထိအမျိုးသမီးများတွင် တစ်နေ့လျှင်သံဓာတ် ၁၈မီလီဂရမ်လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင်တစ်နေ့ လျှင် ၂၇ မီလီဂရမ်ခန့် လိုအပ်ပါတယ်။ ထို့ကြောင့် လိုအပ်သော သံဓာတ် အာဟာရ ဖြည့်တင်းနိုင်ရန်အတွက်သံဓာတ်ပြည့်ဝသော အစားအစာများဖြစ်တဲ့
ပဲပင်ပေါက်၊ ဟင်းနုနွယ်၊ အမဲသား၊ အခွံမာ သစ်သီးများ၊ ကြက်သား၊ ပဲဝါကလေးစသည်တို့ကို စားသုံးပေးနိုင်ပါတယ်။ ထို့ပြင် သံဓာတ်ဖြည့်တင်းပေးနိုင်တဲ့ ဗီတာမင်အားဆေးများ သောက်သုံးခြင်းဖြင့်လည်းလိုအပ်သောသံဓာတ်ပမာဏကို ရရှိနိုင်ပါတယ်။

Credit : အထွေထွေကျန်းမာရေးဗဟုသုတ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top