iMyanmarHouse.com - Best Property Website for Myanmar
×











နိုင်ငံတိုင်း၊လူမျိုးတိုင်းမှာ မိမိတို့ရဲ့ဒေသကိုလိုက်ပြီး စားသောက်တဲ့အစားအစာတွေက ကွာခြားသွားကြပါတယ်။ မြန်မာနိုင်ငံမှာ ဆန်ကို အဓိကစားသောက်ကြပြီး၊ အနောက်နိုင်ငံတွေမှာတော့ ဂျုံနဲ့ပြုလုပ်ထားတဲ့ပေါင်မုန့်တွေကို အလေးထားစားသုံးကြတာကိုတွေ့ရပါတယ်။ ဒီလိုပါဘဲနယ်မြေဒေသ၊ထွက်ရှိရာ အစားအစာကိုလိုက်ပြီး အဓိကစားသောက်ကြတာဖြစ်ပါတယ်။ အိုင်းရစ်လူမျိုးတွေဟာ အာလူးကို အဓိကစားသောက်ကြပြီး အာလူးဟာ ကိုယ်ခန္ဓာကိုကျန်းမာကြံ့ခိုင်စေတာကြောင့် အိုင်းရစ်လူမျိုးတွေရဲ့ကျန်းမာကြံ့ခိုင်မှုဟာ အာလူးရဲ့အစွမ်းသတ္တိကြောင့်ဖြစ်ကြောင်းလေ့လာဖတ်ရှုဖူးပါတယ်။

အာလူးဟာ ကျန်းမာရေးအကျိုးကျေးဇူးပြုမှုများတယ်ဆိုတာ ကျန်းမာရေးဆောင်းပါးတွေမှာလည်း လေ့လာမှတ်သားဖူးပါတယ်။ဘယ်လို အကျိုးကျေးဇူးများလဲ ပိုမိုလေ့လာဖြစ်တဲ့အခါသူ့ရဲ့အစွမ်းအာနိသင်ကတကယ်အစွမ်းထက်တာကြောင့်ဗဟုသုတယူ
အသုံးတည့်နိုင်ကြစေဖို့ဝေမျဖော်ပြပေးလိုက်ပါတယ်။

အာလူးရဲ့ကျော်ကြားမှုတစ်ခုကတော့ ကင်ဆာကို ကာကွယ်ပေးနိုင်ခြင်းဘဲဖြစ်ပါတယ်။ အာလူးမှာ ပါဝင်တဲ့ဒြပ်ပေါင်းတစ်မျိုးဟာ ကင်ဆာမဖြစ်ပွားရအောင်ကာကွယ်ပေးသလို အကျိတ်အမျိုးမျိုးဖြစ်ပေါ်မှုကိုလည်း တားဆီးကာကွယ်ပေးကြောင်း စိုက်ပျိုးရေးဆိုင်ရာသုတေသနတွေက လေ့လာဖော်ပြကြပါတယ်။့ ဒါ့အပြင် အာလူးမှာ ဗီတာမင် အေ နဲ့ စီ မြင့်မားစွာ ပါဝင်နေမှုရဲ့အစွမ်းသတ္တိဟာ ကင်ဆာရဲ့ဆိုးကျိုးသက်ရောက်မှုတွေကိုပါ များစွာ ကာကွယ်ပေးကြောင်းလည်း ပြောဆိုထားကြပါတယ်။

အာလူးရဲ့ နောက်ထပ် အာနိသင်တစ်ခုက ကိုယ်အလေးချိန်ကိုမြင့်တက်စေခြင်းဘဲဖြစ်ပါတယ်။ ကိုယ်အလေးချိန်အားနည်းနေသူများအတွက် မိမိတို့ရဲ့ ကိုယ်အလေးချိန် ပြန်တက်စေဖို့ အာလူးကို စားပေးခြင်းဖြင့် ကိုယ်အလေးချိန်ပြန်လည်မြင့်တက်လာအောင် ကြိုးစားနိုင်ကြောင်းလည်း ဖော်ပြထားကြပါတယ်။ အာလူးမှာ ဗီတာမင် စီ နဲ့ ဘီ ရောနှောပါဝင်မှုဟာ ကာဗွန်ဟိုက်ဒရိုက်စုပ်ယူမှုမှာ များစွာ အထောက်အကူဖြစ်စေတာကြောင့် အားနည်းနေတဲ့နလန်ထစတွေ၊အားကစားသမားတွေအတွက် ကိုယ်အလေးချိန်ကိုပြန်လည်မြှင့်တင်ရာမှာ များစွာ အသုံးဝင်ခြင်းဘဲဖြစ်ပါတယ်။

အဆစ်အမြစ်ရောင် ၊ဒူလာရောဂါ သမားတွေအနေနဲ့လည်း အာလူးကိုစားပေးခြင်းဖြင့် ရောဂါရဲ့သက်ရောက်မှုတွေကို များစွာ ကာကွယ်နိုင်ပါတယ်။ အာလူးမှာပါဝင်တဲ့ ကယ်လစီယမ်၊ မဂ္ဂနီစီယမ်တို့ဟာ အကြောအဆစ်ရောင်နာတို့ကိုသက်သာအောင်အထောက်အကူပြုနိုင်ပါတယ်။ အကြောအဆစ်ရောင်နာသမားတွေအနေနဲ့ အာလူးပြုတ်ကို စားပေးခြင်းဖြင့် နာကျင်မှုဝေဒနာတွေကိုများစွာလျော့ကျသက်သာစေနိုင်ပါတယ်။ ဒါပေမယ့် အကြောအဆစ်ရောင်နာသမားတွေအနေနဲ့ အာလူးကြောင့် ကိုယ်အလေးချိန်တက်လာနိုင်သလို အလေးချိန်ကြောင့်ဆိုးရွားတဲ့သက်ရောက်မှုတွေလည်းကြုံတွေ့ရနိုင်ပါတယ်။ အာလူးကြောင့် အလေးချိန်မြင့်တက်ခြင်းကို အတတ်နိုင်ဆုံးရှောင်ရှားနိုင်ဖို့ အာလူးတစ်မျိုးတည်းမဟုတ်ဘဲ အခြားအစားအစာတွေနဲ့တွဲဖက်စားသုံးပေးခြင်းဖြင့် မိမိရဲ့ရောဂါသက်သာအောင်ဆောင်ရွက်နိုင်ပါတယ်။

အာလူး ရဲ့ နောက်ထပ်အစွမ်းသတ္တိတစ်ခု က ကာဗွန်ဟိုက်ဒရိုက် အများဆုံး ပါဝင်နေတာကြောင့် အစာမာမာတွေ ကိုမစားနိုင်တဲ့ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေအတွက် အစာကြေညက်လွယ်ကူစေခြင်းဘဲဖြစ်ပါတယ်။

အာလူးမှာ ဗီတာမင် စီ နဲ့ ဘီ ပေါင်းစပ်ပါဝင်နေမှုဟာ အသားအရေ ကျန်းမာရေးကို များစွာ အထောက်အကူပြုပါတယ်။ အာလူးကိုပါးပါးလှီး ပျားရည်ထဲနှစ်လိုက်ပြီး မျက်နှာမှာ ကပ်ထားရင် ဝက်ခြံနဲ့ အမဲစက်တွေကို ပျောက်ကင်းသက်သာစေပါတယ်။ ကိုယ်ခန္ဓာ အရေပြားလွှာမှာ အပူလောင်တာဖြစ်ဖြစ် ကြုံလာခဲ့ရင် အာလူးကို ပါးပါးလေးလှီးကပ်ပေးခြင်းဖြင့် အနာကို သက်သာစေသလို အနာကျက်မြန်စေပါတယ်။ တံတောင်ဆစ်ဝန်းကျင်ကို နူးညံပြီး သန့်ရှင်းနေချင်တယ်ဆိုရင် အာလူးကို အသုံးပြုပွတ်တိုက်ပေးခြင်းဖြင့် စိတ်ကျေနပ်မှုကို ရရှိစေနိုင်ပါတယ်။

အာလူးမှာ သံဓာတ်လည်းပါဝင်နေတာကြောင့် ဦးနှောက်ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူပြုပါတယ်။ ဦးနှောက်ပင်ပန်းနွမ်းနယ်မှုတွေကို ကာကွယ်ပေးပြီး ဦးနှောက်စွမ်းဆောင်ရည်မြင့်မားအောင် အားဖြည့်ပေးပါတယ်။

ဒါပေမယ့် အဝလွန်နေသူတွေ၊ ဆီးချိုရောဂါရှိသူတွေအနေနဲ့ အာလူးကို ရှောင်နိုင်ရင် ကောင်းပါတယ်။ ဆီးချိုသမားတွေအနေနဲ့ အာလူးကို ကျန်းမာရေးနဲ့ညီညွတ်စွာစားချင်တယ်ဆိုရင် ပေါင်းပြီး စားသုံးခြင်းက အကောင်းဆုံးဘဲဖြစ်ပါတယ်။ အာလူးနဲ့ပတ်သက်ပြီး သတိထားစရာတွေက အစိမ်းရောင်ဖြစ်နေတဲ့အာလူး တွေဟာ လူတွေကို အဆိပ်အတောက်ဖြစ်လွယ်စေပါတယ်။အာလူးကို အခြေခံအစားအစာအနေနဲ့ များများစားမိရင် အစာအိမ်အချဉ်ပေါက်တာမျိုး ကြုံတွေ့ရတတ်ပါတယ်။

အာလူးမှာ လူတွေအတွက် အကျိုးပြုမှုများရှိသလို သတိထားရှောင်ရှားစရာတွေလည်းရှိတာကြောင့် စားသုံးကြတဲ့အခါ အလွန်ကျွံမဖြစ်စေဘဲ ပုံမှန်စားသောက်ကြခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးရရှိစေနိုင်ပါတယ်။

Credit : YangonLife

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top