iMyanmarHouse.com - Best Property Website for Myanmar
×














စမတ်ဖုန်းတွေဟာ လူတွေကို စိတ်ဖိစီးမှု တွေဖြစ်ပေါ်အောင် ပြုလုပ်နေတယ်လို့ သုတေသန အသစ် တစ်ခုက ဖော်ပြလိုက်ပါတယ်။ဖုန်းအသုံးပြုတဲ့ မိနစ် အရေအတွက် နဲ့ တည်နေရာကို ခြေရာခံကြည့်ခြင်းဟာ သုံးစွဲသူရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကို သဲလွန်စ ပေးနိုင်ပါတယ်။ ဖုန်းသုံးစွဲချိန်များလေလေ ၊ ဖုန်းအသုံးပြုသူတွေမှာ စိတ်ဖိစီးမှု ဖြစ်ဖို့ အခွင့်အရေးပိုများလေလေ ပဲ ဖြစ်တယ်လို့ သုတေသီတွေက အခိုင်အမာဆိုကြပါတယ်။

သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့ကြတာကတော့ တစ်နေ့ကို ပျမ်းမျှအားဖြင့် စမတ်ဖုန်း ၆၈ မိနစ်ခန့် သုံးစွဲသူတွေဟာ စိတ်ဖိစီးမှု ကို ဖြစ်ပေါ်စေနိုင်ပြီး ၁၇ မိနစ် သာ သုံးမယ်ဆိုရင်တော့ ပျော်ရွှင်မှု တစ်ခုကို ဖန်တီးနိုင်လိမ့်မယ်ဆိုတာပါပဲ။

ဒါ့အပြင် GPS ခြေရာခံ စနစ်နဲ့ တိုင်းတာမှု အရလည်း မိမိနေအိမ်မှာပဲ စမတ်ဖုန်းသုံးစွဲသူတွေ အများစုဟာ စိတ်ဖိစီးမှု လက္ခဏာတွေကို ပိုမိုတွေ့မြင်ရပါတယ်။ အနာဂတ် ကာလတွေမှာလည်း စမတ်ဖုန်းတွေဟာ လူတွေရဲ့ စိတ်ဖိစီးမှုတွေကို စောင့်ကြည့်နိုင်ဖို့ အသုံးပြုလာဖွယ်ရာရှိနေပါတယ်။

လေ့လာမှု ပြုလုပ်တဲ့အခါမှာတော့ သုတေသီတွေဟာ အမျိုးသား နဲ့ အမျိုးသမီး ၂၈ ယောက်ရဲ့ ၂ ပတ်အတွင်း ဖုန်းအသုံးပြုနှုန်းနဲ့ အသုံးပြုတဲ့နေရာတွေကို စောင့်ကြည့်မှတ်တမ်းတင်ခဲ့ကြပါတယ်။ အဲဒီနောက် သူတို့ရဲ့ ၀မ်းနည်းမှု နဲ့ စိတ်ဖိစီးမှုတွေကို ၁ ကနေ ၁၀ အထိ အဆင့်သတ်မှတ်ခဲ့ကြပါတယ်။ အဲဒီအခါမှာ မိမိနေအိမ်မှာပဲ စမတ်ဖုန်းသုံးစွဲမှု အများဆုံး သူတွေဟာ အားလုံးထဲမှာ ၀မ်းအနည်းဆုံး ၊ စိတ်အဖိစီးဆုံး လူသားတွေ ဖြစ်နေခဲ့ကြပါတယ်။

ဒါ့အပြင် စိတ်ဖိစီးမှု အများဆုံး သူတွေရဲ့ စမတ်ဖုန်း အသုံးပြုပုံတွေကို ထပ်မံ လေ့လာခဲ့တဲ့အခါမှာတော့ ထို စိတ်ဖိစီးမှု များသူတွေဟာ အင်တာနက်သုံးခြင်း နဲ့ ဂိမ်းကစားခြင်းတွေကို ဖုန်းပြောခြင်းထက်ပိုမို အသုံးပြုကြပြီး သူတို့ရဲ့ အဓိက စိတ်ဖိစီးရတဲ့ အကြောင်းအရင်းကတော့ သူတို့ဟာ အပြင်မထွက်ပဲ တစ်နေရာတည်းမှာပဲ ဖုန်းအသုံးပြုနေခြင်းကြောင့် တက်ကြွမှု မရှိတော့ပဲ စိတ်ဖိစီးရတာဖြစ်တယ်လို့ သုတေသီတွေက ရှင်းပြခဲ့ကြပါတယ်။

Credit : thithtoolwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top