iMyanmarHouse.com - Best Property Website for Myanmar
×














အမေရိကန် အဆိုတော်   တေလာဆွစ်ဖ်၏ သူငယ်ချင်းများသည် တေလာ ဆွစ်ဖ်၏ လက်ရှိချစ်သူ စကော့တလန်အဆိုတော် ကယ်လ်ဗင်ဟဲရစ်ကိုမယုံကြည်ကြကြောင်း သတင်းရင်းမြစ်အချို့ကပြော သည်ဟု အမေရိကန် OK!မဂ္ဂဇင်း ကဖော်ပြသည်။

တေလာဆွစ်ဖ်၏သူငယ် ချင်းများသည် ကယ်လ်ဗင်ဟဲရစ် နှင့် တေလာဆွစ်ဖ်၏အရင်းနှီးဆုံး သူငယ်ချင်းတစ်ဦးဖြစ်သော မော် ဒယ်ဂီဂီဟာဒစ်တို့အကြား ရင်းနှီး မှုကိုစိုးရိမ်နေကြသည်ဟု သတင်း ရင်းမြစ်များကဆိုသည်။

’’ကယ်လ်ဗင်က ဂီဂီအပေါ် ရုတ်တရက်စိတ်ဝင်စားမှုပြတယ်။ သူက ဂီဂီနဲ့ရင်းနှီးအောင်ကြိုးစား နေတယ်ဆိုတာကို တေလာ့ သူငယ်ချင်းတွေ သတိထားမိတယ်။ သူငယ်ချင်းတွေက ကယ်လ်ဗင်ကိုမယုံဘူး။ ဒါပေမဲ့တေလာဆွစ်ဖ်က ကယ်လ်ဗင်ကို ဘယ်လောက်ထိသဘောကျ တယ်ဆိုတာကို သူငယ်ချင်းတွေသိလို့ တေလာ့ကိုအားပေးဖို့ပဲ ကြိုးစားနေကြတယ်’’ဟု သတင်းရင်းမြစ်တစ်ခုက OK! မဂ္ဂဇင်း သို့ပြောသည်။

ကယ်လ်ဗင်ဟဲရစ်က ၎င်း၏ တေးဂီတဗီဒီယို၌ မော်ဒယ်ဂီဂီ ဟာဒစ် သရုပ်ဆောင်ရမည့်ကိစ္စ နှင့်ပတ်သက်၍ ဂီဂီထံသို့ စာပို့နေ ခြင်းသာဖြစ်သည်ဟုပြောကြားခဲ့ သောကြောင့် တေလာဆွစ်ဖ်သည် ကယ်လ်ဗင်နှင့် ဂီဂီတို့၏ ရင်းနှီး လာမှုကို ကယ်လ်ဗင်ဟဲရစ်နှင့် ထိပ်တိုက်ဖြေရှင်းပြီးဖြစ်သည်ဟု ယူဆရသည်ဟု Contact musicသတင်းက   မှတ်ချက်ပေးထား သည်။

တေလာဆွစ်ဖ်နှင့် ကယ်လ် ဗင်ဟဲရစ်တို့သည် ဂျေးဇီနှင့် ဘီ ယွန်စေးတို့ဇနီးမောင်နှံကိုဖြတ် ကျော်၍ ၂၀၁၅ ၏ ဝင်ငွေ အကောင်းဆုံးစုံတွဲနေရာကိုရရှိ ကြောင်း Forbes မဂ္ဂဇင်းက ပြီးခဲ့ သည့်သီတင်းပတ်တွင် ဖော်ပြခဲ့ သည်။

Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top