iMyanmarHouse.com - Best Property Website for Myanmar
×










လူအိုစောင့်ရှောက်ရေး ဂေဟာ သို့မဟုတ် အငြိမ်းစားနေအိမ်တွေသွားရင် အမျိုးသားတွေထက် အမျိုးသမီးဦးရေ ပိုများတာ တွေ့ရမှာပါ။ Assisted living homes စောင့်ရှောက်ရေးဂေဟာတွေမှာ အမျိုးသမီးနဲ့ အမျိုးသားဦးရေ ၁း၇ ရှိပြီး nursing homes အထူးသဖြင့် အသက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာတွေမှာ ၁၀း၁ အချိုးအစား ရှိပါတယ်။

ရောဂါအမျိုးမျိုးတွေကြောင့် ကမ္ဘာတစ်ဝှမ်း အမျိုးသားတွေထက် အမျိုးသမီးတွေ ပိုမိုအသက်ရှည်ကြကြောင်း လေ့လာမှုတစ်ခုက ဖော်ပြထားပါတယ်။ပုံမှန်အားဖြင့် အမျိုးသမီးတွေအတွက် လူ့ဘဝသက်တမ်း ပိုရှည်တယ်ဆိုပေမယ့် ဒါဟာ ၁၉ ရာစုနောက်ပိုင်း မွေးဖွားသူတွေကြား ဖြစ်ပေါ်တဲ့ (demographic phenomenon) သေဆုံးမှုနှုန်းဖြစ်ပါတယ်။

ကူးဆက်ရောဂါများတားဆီးခြင်း၊ နေစဉ်အစားအစာ ပိုမိုစားသုံးခြင်းနဲ့ တခြား အပြုသဘောဆောင်တဲ့ ကျန်းမာရေးအလေ့အထတွေဆိုတာ ၁၈၀၀ ခုနှစ်များနဲ့ ၁၉၀၀ ခုနှစ်များအတွင်း မွေးဖွားခဲ့သူများမှ ဖြစ်ပေါ်ခဲ့တာပါ။ သေဆုံးမှုနှုန်း ကျဆင်းကာ အမျိုးသမီးတွေ အသက် အရှိန်ဟုန်ဖြင့် စတင်ရှည်လျားစပြုလာခဲ့ပါတယ်။

ယင်းလေ့လာမှုကို Neurobiology of aging မှ ပါမောက္ခ William Kiechnick နဲ့ Wisconsin-Madison တက္ကသိုလ်မှ Center for Demography of Health and Aging က Hiram Beltran-Sanchez တို့မှ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ယင်းသုတေသန ပညာရှင်တွေက ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံ ၁၃ နိုင်ငံမှာ ၁၈၀၀ နဲ့ ၁၉၃၅ အတွင်း လူ့ဘဝသက်တမ်းကို စူးစမ်းလေ့လာခဲ့ကြပါတယ်။

၁၉၀၀ ခုနှစ်နောက်ပိုင်း မွေးဖွားသူတွေကြား သေဆုံးမှုနှုန်းထားက ၅၀ မှ ၇၀ အရွယ် အမျိုးသားများမှာ အမျိုးသမီးများထက် နှစ်ဆတိုးလာခဲ့တယ်။ သုတေသနပညာရှင်တွေအနေနဲ့ ဆေးလိပ်သောက်ခြင်းနဲ့ဆက်စပ်တဲ့ ရောဂါကို ထိန်းချုပ်နိုင်ခဲ့တဲ့ အချိန်မှာတောင် နှလုံးသွေးကြောနဲ့ ပတ်သက်တဲ့ရောဂါဖြစ်ပေါ်လာကာ အသက် ၄၀ ကျော် အရွယ်ရောက်ပြီး အမျိုးသားများ သေဆုံးမှု ပိုမိုများပြားနေဆဲ ဖြစ်ခဲ့ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top