iMyanmarHouse.com - Best Property Website for Myanmar
×









လူတိုင်းလူတိုင်းရဲ့မိဘတွေမှာ မတူညီတဲ့အမြင်လေးတွေ ရှိပါတယ်။ အဲဒါကို ညှိနှိုင်းဖို့ အချိန်လိုပါတယ်။ အကူအညီ ရယူရန် များများဖတ်ကြည့်ပါ။ သင်တို့နှစ်ယောက်လုံးဟာ သင့်ရင်သွေးငယ်လေးကို အကောင်းဆုံး ဖြစ်စေချင်ပါတယ်။ အကောင်းဆုံးနဲ့ ပတ်သက်လို့ ပြဿနာ တစ်ခုကတော့ အမြဲတမ်း ရှိနေတတ်ပါတယ်။ မိဘတစ်ယောက်က ကောင်းတဲ့ အတွေးလို့ ထင်နေတဲ့အရာကို နောက်မိဘတစ်ယောက်က အခြားတစ်မျိုးလို မြင်ပါတယ်။ ဒါကဖြစ်နေကျပါ။ ဒါပေမဲ့ဒီပြဿနာတွေကို သင်ဘယ်လိုဖြေရှင်းမလဲ။ ပြီးတော့ သင်ဘယ်လို မယုတ်မလွန် ဆုံးဖြတ်မလဲ။

စာတစ်မျက်နှာပေါ်က မိဘများအတွက် အကောင်းဆုံးအကြံဥာဏ်များ

၁.အနာခံပြီး ရိုးသားစွာ သင်ရဲ့ကိုယ်ပိုင်မိဘ အုပ်ထိန်းမှုစတိုင်ကို သတ်မှတ်ဖော်ထုတ်ပါ။

၂.သင့်ရဲ့မိဘအုပ်ထိန်းမှု စတိုင်ကို သင့်ခင်ပွန်းနဲ့ ပွင့်ပွင့်လင်းလင်းဆွေးနွေး တိုင်ပင်ပြီး အတူလုပ်ဆောင်ဖို့ တိုက်တွန်းပြောဆိုပါ။

၃.သင့်သား/သမီးတွေကို သင်ပြောကြားစေချင်တဲ့ ယုံကြည်မှုတွေ၊ စာရိတ္တကျင့်ဝတ်တွေနဲ့ နေပုံထိုင်ပုံတွေကို ပြောဆိုသွန်သင်ပေးပါ။

၎.သား/သမီးတွေရဲ့စိတ်ဝင်စားမှုတွေကို မိဘနှစ်ပါးလုံး အကောင်းဆုံး ညှိနှိုင်းပေးဖို့ လိုအပ်တယ်ဆိုတာကိုတော့ သဘောတူရပါမယ်။

၅.သင်နဲ့ သင့်ခင်ပွန်းနှစ်ယောက်လုံး နီးကပ်လာအောင် သင်လုပ်ထားတဲ့ အရာတွေ အားလုံးကို အကောင်းဆုံးပြောင်းလဲ သဘောတူညီမှုဖြစ်လာအောင် ကြိုးစားလုပ်ဆောင်ပါ။

၆.နှစ်လိုဖွယ်ရှိတဲ့ သဘောတူညီမှု မဖြစ်လာဘူးဆိုရင် တိုင်ပင်ဆွေးနွေးသူ၊ ဆေးကုသရေး ပညာရှင်၊ ခရစ်ယန်ဘုန်းကြီး/ သင်းအုပ်ဆရာ၊ ဆရာ/မသို့မဟုတ် သူငယ်ချင်းမိတ်ဆွေနဲ့ နှီးနှောတိုင်ပင်ပါ။

မိဘတွေရဲ့အကောင်းဆုံး လိုက်နာကျင့်ကြံမှု

၁.သင့်ရင်သွေးငယ်များကို ယုယကြင်နာပါ။ သား/သမီးများအပေါ် ပြုမှုဆက်ဆံပုံဟာ သူတို့ကိုယ်သူတို့ပြုမှုဆက်ဆံရန်အတွက် စံပြဖြစ်အောင် လုပ်ဆောင်ပါ။

၂.သင့်ရင်သွေးငယ်တွေနဲ့ ပွင့်ပွင့်လင်းလင်းပြောဆို ဆွေးနွေးပါ။ စကားပြောဆို ဆွေးနွေးမှုဟာ သွေးစည်းညီညွတ်တဲ့ မိသားစုဆက်ဆံရေးကို ပိုင်ဆိုင်စေတဲ့အရာပါ။

၃.သတ်မှတ်ထားတဲ့ အကန့်အသတ်တွေနဲ့အတူ မေတ္တာတရား/ပြုစုစောင့်ရှောက်မှုကို ညှိယူပါ။

၎.ရှုံ့ချဝေဖန်တဲ့ စကားမျိုးပြောဆိုခြင်းထက် တက်ကြွမှုဖြစ်စေတဲ့ စကားများပြောဆိုခြင်းဖြင့် ဂုဏ်သရေရှိအောင် တည်ဆောက်ပါ။

၅.ကလေးတွေ စိတ်မနှစ်မြှိ့မှုတွေကို ဖြေရှင်းပေးပါ။ သင့်သား/သမီးတွေကို အရည်အချင်းရှိအောင် ပြုစုပျိုးထောင်ပါ။ ဒါဆိုရင် စိတ်ဆိုးစရာခံစားမှုတွေကို ရင်ဆိုင်ရတဲ့အခါ သူတို့ ဆိုးဆိုးဝါးဝါးမဖြစ်တော့ပါဘူး။ ဘ၀ရဲ့အကျည်းတန် အရုပ်ဆိုးမှုတွေကို ကျွန်တော်တို့ ခုခံ ကာကွယ် တားဆီးလို့ မရပါဘူး။ ကျွန်တော်တို့ အကောင်းဆုံး လုပ်နိုင်ပေးတာကတော့ မလွဲမသွေ ရင်ဆိုင်ရမယ့် လောကဓံကို ဖြေရှင်းနိုင်ဖို့ သင်ယူရမယ်ဆိုတာပါပဲ။

Credit: TrendMyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top