iMyanmarHouse.com - Best Property Website for Myanmar
×










သင်ဟာ ဘာရာသီခွင်မှာ မွေးဖွားတဲ့သူ ဖြစ်ပါသလဲ။ ရာသီခွင်တွေအလိုက် သင်ဟာ အချစ်ရေးနဲ့ပတ်သက်ရင် ဘယ်လိုရှိတတ်တယ်ဆိုတာ ပြောပြပေးသွားပါမယ်။ ဒီတစ်ခါတော့ မီးသင်္ကေတ၊ ကမ္ဘာမြေကြီး၊ ရေ၊ လေ သင်္ကေတတွေအလိုက် တစ်ခုချင်းစီမှာ ပါဝင်နေတဲ့ ရာသီခွင်တွေကို စုပြီး ပြောပြပေးချင်ပါတယ်။ သင်ဟာ ကိုယ့်မွေးရက်သာ သိပြီး ဘယ်ရာသီခွင်မှန်း မသိဘူးဆိုရင်လည်း အောက်မှာ ဖော်ပြပေးထားတဲ့ ပုံလေးကို ကြည့်ပြီး သင်ဘယ်ရာသီဖြစ်တယ်ဆိုတာ မှတ်သားနိုင်ပါတယ်နော်။

၁။မီး (Aries, Leo, Sagittarius)

ခုဖော်ပြထားတဲ့ ရာသီခွင် သုံးမျိုးကိုတော့ မီးသင်္ကေတထဲမှာ တွေ့ရှိရပါတယ်။ သူတို့ရဲ့အချစ်ရေးကို ပြောရရင်ဖြင့် ဒီရာသီဖွားတွေဟာ အချစ်ရေးမှာ ရိုမန်တစ်ဆန်ဆန်ပြုမူတတ်ကြပြီး အရမ်းလည်း ချစ်တတ်ကြသူတွေပါ။ များသောအားဖြင့် သူတို့အချစ်ရေးဟာ အစပိုင်းမှာ အမြဲပြောင်းလဲနေတတ်သလို တည်မြဲတဲ့အချစ်ကိုလည်း တန်းပြီး မတွေ့တတ်ပါဘူး။ တစ်ယောက်တည်းတွေ့ပြီး တစ်ယောက်တည်းနဲ့ချစ်၊ လက်ထပ်လိုက်ရတာမျိုး သူတို့မှာ ရှားပါတယ်။ သူတို့က မေတ္တာစစ်နဲ့ချစ်သည့်တိုင်အောင် တစ်ဖက်လူကြောင့်၊ အကြောင်းအမျိုးမျိုးကြောင့် ပြတ်သွားရတဲ့ ရည်းစားတွေ ရှိတတ်ကြပါတယ်။ ဒါပေမယ့် သူတို့တွေဟာ ကြုံလာတဲ့အချစ်ကံကို ကြံကြံခံပြီး သူတို့ ချစ်တတ်တဲ့စိတ်ကြောင့် ခိုင်မြဲတဲ့အချစ်ကို ရရှိနိုင်မယ်လို့ ယုံကြည်တတ်ကြပါတယ်။

၂။ကမ္ဘာမြေကြီး (Taurus, Virgo, Capricorn)

ခုဖော်ပြထားတဲ့ ရာသီခွင်သုံးမျိုးကတော့ ကမ္ဘာမြေကြီးသင်္ကေတထဲမှာ တွေ့ရှိရပါတယ်။ သူတို့ဟာ နှလုံးသားရေးကိစ္စကိုတောင် လက်တွေ့ကျကျ လုပ်ဆောင်တတ်သူတွေပါ။ သူများတွေလို အချစ်ရေးကို နံပါတ် (၁) ထားတတ်ပေမယ့် ဦးနှောက်နဲ့ချင့်ချိန်တတ်သူတွေလို့ ဆိုရပါမယ်။ တကယ်ချစ်မိနေပြီဆိုရင်လည်း ဒါဟုတ်ရဲ့လားလို့ အကြိမ်ကြိမ် ဆန်းစစ်နေတတ်ကြပါတယ်။ ဒါ့အပြင် သူတို့ဟာ သူတို့ကို သက်တောင့်သက်သာဖြစ်တာမျိုးကို သဘောကျကြပြီး အဲ့ဒီလို သူတို့ကို ဖြစ်စေတဲ့ အရာတွေနဲ့ အမြဲပျော်ရွှင်ကျေနပ်နေတတ်ပါတယ်။

၃။လေ (Gemini, Libra, Aquarius)

ခုဖော်ပြပေးထားတဲ့ ရာသီခွင်သုံးမျိုးကတော့ လေ သင်္ကေတထဲမှာ တွေ့ရှိရပါတယ်။ သူတို့ဟာ အီစီကလီလုပ်တာ၊ ရိုမန်တစ်ဆန်ဆန်လုပ်ဆောင်ရတာမျိုးတွေ သိပ်ကြိုက်ပါတယ်။ ဒါ့အပြင် အကြည့်တစ်ခုနဲ့တင် မဆုံးဖြတ်တတ်သလို သူတို့ရဲ့ အချစ်ရေးဟာ သူငယ်ချင်းလိုရော ချစ်သူလိုပါ ဆက်ဆံနိုင်ကာမှသာ အဆင်ပြေပါလိမ့်မယ်။ သူတို့ဟာ စကားပြောကောင်းကြသူတွေလည်း ဖြစ်ပါတယ်။

၎။ရေ (Cancer, Scorpio, Pisces)

ခုဖော်ပြထားတဲ့ ရာသီခွင်းသုံးမျိုးကတော့ ရေ သင်္ကေတထဲမှာ ပါဝင်နေပါတယ်။ သူတို့ဟာ စိတ်ခံစားလွယ်၊ ထိခိုက်လွယ်ပြီး သနားတတ်၊ ဂရုဏာစိတ်ကြီးသူတွေပါ။ ကိုယ့်ချစ်သူက တစ်ခုခု မပြောလိုက်၊ မလုပ်လိုက်နဲ့ သင့်ဘက်က ခံစားလို့ မပြီးတော့တာမျိုးတွေ ရှိတတ်ပါတယ်။  ဒါ့အပြင် သင်ဟာ အချစ်ရေးမှာ အမြဲအားငယ်နေတတ်သလို အလိုက်သိလွန်းတဲ့စိတ်ကြောင့် တစ်ဖက်လူကို အမြဲအရှုံးပေးဆက်ဆံတတ်တယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top