iMyanmarHouse.com - Best Property Website for Myanmar
×











(၁) အ၀လွန်ခြင်း
အ၀လွန်သည့်အခါ လည်ချောင်းတစ်ဝိုက် အဆီပြင်ပိုများလာပြီး အသက်ရှူလမ်းကြောင်းကို ကျဉ်းစေသည်။ ဟောက်ခြင်းကြောင့် အိပ်ရေးပျက်ပြီး ခံတွင်းကောင်းစေသည့် ဟော်မုန်းများထွက်လာခြင်းကြောင့်လည်းအစားလွန်ကာ ကိုယ်အလေးချိန်တက်စေသည်။

(၂) အရက်
အရက်ကြောင့် အိပ်ချိန်မမှန် ခြင်းဖြစ်တတ်သည့်အပြင် လည်ချောင်းကြွက်သားများကိုပါ ပျော့ပြောင်းစေသောကြောင့် လေပြွန်ပိတ်ကာ အဟောက်သန်တတ်သည်။

(၃) ဆေးဝါး
ကြွက်သားပျော့ပြောင်းစေသည့် ဆေးများသည် လည်ချောင်း ကြွက်သား ပျော့စေသောကြောင့် လေပြွန်ပိတ်စေသည်။ အိပ်ဆေး သောက်သည့်အခါ အလွန်နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်တတ်သည့်အတွက် ဟောက်ခြင်းကြောင့် အသက်ရှူရပ်သွားတတ်သည့်အခါ၌ လန့် နိုးမည်မဟုတ်ပေ။

(၄) ဆေးလိပ်
ဟောက်ခြင်းကြောင့် လေပြွန်နံရံများ ဒဏ်ဖြစ်နေသည့်အခါ ဆေးလိပ်သောက်လျှင် လေပြွန်တစ်လျှောက် အမွေးနုကလေးများပျက်စီးခြင်း၊ ဆေးလိပ်ငွေ့၏ ဆိုးကျိုးများပိုခံစားရခြင်းဖြစ်တတ်သည်။

(၅) ခန္ဓာကိုယ်ဖွဲ့စည်းပုံ
လည်ချောင်းအကျိတ်၊ အာသီး ကြီးခြင်း၊ လျှာခင်ကြီးခြင်း၊ တစ်ဘက် စောင်းခြင်းစသည့် ဖွဲ့စည်းပုံများကြောင့်ဟောက်တတ်သည်။ လည် ပင်းဖွဲ့စည်းပုံကြီးများ ကျယ်ပြန့်သူများသည်လည်း အဟောက်သန်တတ်သည်။

(၆) အိပ်သည့်ပုံစံ
ပက်လက်အိပ်သူများ ပိုဟောက်သည်။ ဘေးတစောင်းအိပ်ခြင်းဖြင့် မဟောက်အောင် ကာကွယ်နိုင်သည်။ ဟောက်တတ်လျှင် ည၀တ်အင်္ကျီ၏ကျောကုန်း၌ တင်းနစ်ဘောလုံးများထည့်ချုပ်ထားပါ။

Credit : Health Updates Journal

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top