အန်ဂျလီနာဂျိုလီ ကချင်စစ်ဘေးဒုက္ခသည်များနှင့်တွေ့ဆုံ
ကမ္ဘာကျော်မင်း သမီး အန်ဂျလီနာဂျိုလီသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ်အဖြစ် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာပြီး ကချင်စစ်ရှောင် ဒုက္ခသည်စခန်းများသို့ သွားရောက်၍ ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့ သည်။
မင်းသမီးဂျိုလီသည် ဇူလိုင် ၃၀ ရက် မွန်းလွဲတွင် ကချင်ပြည်နယ်ရှိ ဂျန်မိုင်ကောင်းနှစ်ခြင်းစစ်ဘေးဒုက္ခသည်စခန်းနှင့် မလန ဒုက္ခသည်စခန်းသို့ သွားရောက်ပြီး ဒုက္ခသည်အချို့နှင့် တွေ့ဆုံခဲ့သည်။ဂျိုလီရောက်ရှိချိန်တွင် မြစ် ကြီးနားမြို့၌ မိုးတဖွဲဖွဲရွာသွန်းနေ သော်လည်း စစ်ဘေးဒုက္ခသည် စခန်းရှိ ဒုက္ခသည်များသာမက မြစ်ကြီးနားမြို့ပေါ်ရှိ ပြည်သူများကပါ လာရောက်ကြိုဆိုနှုတ်ဆက်ခဲ့ကြ သည်။
ဂျန်မိုင်ကောင်းဒုက္ခသည် စခန်းတွင် ဂျိုလီသည် အခြားသောပြည်ပဧည့်သည်အချို့နှင့် အစိုးရ အရာရှိများကဲ့သို့ ဒုက္ခသည်များ ကို ခန်းမတွင် ကြိုတင်စုစည်း၍ တွေ့ဆုံခြင်းမျိုးမပြုလုပ်ဘဲ ဒုက္ခသည်များအနက် အသက် (၉၀)ခန့်ရှိ အဖွားအိုနေထိုင်ရာအခန်းသို့ သွားရောက်ကာ သီးသန့်တွေ့ဆုံ မေးမြန်းခဲ့သည်။
‘‘ဒီအသက်အရွယ်အထိရှိပြီး ဘယ်လိုအတွေ့အကြုံတွေရှိလဲ၊ ဘယ်လိုအခက်အခဲတွေရှိလဲ ဆိုတာကို မေးတာ။ ဘယ်လိုဒုက္ခ တွေရောက်နေလဲကို မေးတယ်’’ဟု ၎င်းနှင့်တွေ့ဆုံခဲ့သူ အသက် (၉၀)ခန့်ရှိ အဘွားအိုက ပြောကြားသည်။ဂျိုလီတွေ့ဆုံခဲ့သည့် အဘွားအိုသည် ၎င်းတွေ့ဆုံခဲ့သူမှာ ကမ္ဘာ ကျော်မင်းသမီး အန်ဂျလီနာဂျိုလီဟု မသိရှိဘဲ သာမန်နိုင်ငံခြားသားတစ်ဦးအဖြစ်သာ သိခဲ့သည်။
UNHCR ၏ အထူးကိုယ်စားလှယ် အန်ဂျလီနာဂျိုလီသည် ဂျန်မိုင်ကောင်းဒုက္ခသည်စခန်းမှတစ်ဆင့် မလနဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့ပြီး ဒုက္ခသည်အချို့နှင့် ထပ်မံတွေ့ဆုံခဲ့သည်။ဂျိုလီသည် ဇူလိုင် ၃၁ ရက် တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုအဖွဲ့အစည်းအချို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
Credit : 7day Daily
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...