iMyanmarHouse.com - Best Property Website for Myanmar
×














ဘယ်မိဘကမှ ကိုယ့်သားသမီးတွေကို စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာမှာပါ ဒုက္ခတွေ မခံစားစေချင်ကြပါဘူး။ ဆိုတော့ ကလေးများရဲ့ စိတ်ရောဂါဖြစ်ပွားမှုအန္တရာယ် ကြိုတင်ခန့်မှန်းသိရှိနိုင်တဲ့ စမ်းသပ်နည်းတစ်ခု ရှိပါတယ်။ စိတ်ရောဂါဆိုတာ ဖြေရှင်း ကုသဖို့ အင်တန်ခက်ခဲပြီး လူတစ်ဦးကို ဘက်ပေါင်းစုံ ထိခိုက်နစ်နာစေပါတယ်။

လေ့လာမှု အသစ်တစ်ရပ်က ကလေးငယ်တွေအတွက် စိတ်ကျရောဂါအန္တရာယ် စိုးရိမ်ရမှုရှိမရှိ ခန့်မှန်းသိရှိနိုင်တဲ့ အင်မတန်ရိုးရှင်းတဲ့ စမ်းသပ်နည်းတစ်ခု တွေ့ရှိခဲ့ပါတယ်။ အဲဒီစမ်းသပ်နည်းမှာ အဓိကအားဖြင့် ကလေးငယ်တစ်ဦးကို မျက်နှာအမျိုးမျိုးကို ကြည့်ခိုင်းပြီး သူ့မျက်စိသားငယ်အိမ်ရဲ့တုံ့ပြန်မှုကို ကြည့်ရမှာဖြစ်ပါတယ်။ ကျွန်ုပ်တို့ မူးယစ် သို့မဟုတ် စိတ်လှုပ်ရှားရင် မျက်စိသားငယ်အိမ်မှ အမျိုးမျိုးတုံ့ပြန်ပါတယ်။ အဲဒီမျက်စိသားငယ်အိမ်ရဲ့ လှုပ်ရှားမှုများမှာလည်း မယုံနိုင်လောက်အောင် တိကျမှန်ကန်ပါတယ်။ ဒါ့ကြောင့် ကလေးတွေကို မျက်နှာအမျိုးမျိုးကို ကြည့်ခိုင်းလိုက်ပြီး သူ့မျက်စိသားငယ်အိမ် ဘယ်လိုတုံ့ပြန်သလဲဆိုတာ သတိထားကြည့်လိုက်ပါ။

သိပ္ပံပညာရှင်တွေက အိပ်စက်ခြင်း၊ စိတ်လှုပ်ရှားမှု အခြေအနေ၊ ဖိုမဆိုင်ရာ စိတ်ဝင်စားမှုများ၊ လူမျိုးရေး ဘက်လိုက်ခြင်းတွေ၊ အကျင့်စာရိတ္တ၊ စိတ်ကစဥ့်ကလျားရောဂါ၊ မှတ်ဥာဏ်၊ အာရုံစိုက်မှုနဲ့ အထီးကျန် စိတ်ဝေဒနာကို တောင် သိရှိ၊ အကဲဖြတ် ခန့်မှန်းနိုင်ကြောင်း သိရပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top