iMyanmarHouse.com - Best Property Website for Myanmar
×














စကော့ တလန်အဆိုတော် ကယ်လ်ဗင်ဟဲ ရစ်သည် ချစ်သူအမေရိကန်အဆို တော် တေလာဆွစ်ဖ်နှင့် ချစ်ဇာတ်လမ်းကို ပထမဆုံးအကြိမ် ထုတ် ဖော်ပြောကြားလိုက်သည်။

ကယ်လ်ဗင်ဟဲရစ်သည် တေလာဆွစ်ဖ်နှင့် ချစ်ဇာတ်လမ်း အကြောင်းကို ဗြိတိန်ရေဒီယို အသံလွှင့်ဌာနအချို့နှင့် ပြုလုပ် သော ဇူလိုင် ၁၇ ရက် အင်တာ ဗျူးများတွင် ထုတ်ဖော်ပြောကြား ခဲ့ခြင်းဖြစ်သည်။

‘‘ဒီအချစ်ဇာတ်လမ်းက စိတ် ဝင်စားစရာကောင်းတယ်။ နေ့ တိုင်း ဒီအကြောင်းနဲ့ပတ်သက်ပြီး ရေးထားတဲ့ မတူကွဲပြားတဲ့အရာ တစ်ခုခုရှိနေတယ်လေ’’ဟု ကယ်လ်ဗင်ဟဲရစ်က ဗြိတိန် Kiss FM နှင့် အင်တာဗျူးတွင် ပြော ကြားသည်။

ကယ်လ်ဗင်ဟဲရစ်က တေ လာဆွစ်ဖ်နှင့် အလွန်ပျော်ရွှင်နေ သည်ဟု Kiss FM အား ပြော ကြားသည်။

တေလာဆွစ်ဖ်နှင့် စေ့စပ် ရန် စီစဉ်နေသည်ဟူသော ကော လာဟလများကို ကယ်လ်ဗင်ဟဲ ရစ်က ပယ်ချခဲ့ပြီး ၎င်းတို့နှစ်ဦး ပူးပေါင်း၍ စုံတွဲသီချင်းထွက်ရှိရန် ပင် မသေချာဟု ပြောကြားသည်။

ကယ်လ်ဗင်ဟဲရစ်သည် ၎င်း ချစ်သူ၏ အထင်ကြီးစရာကောင်း သော စွမ်းရည်များကိုလည်း ဗြိတိန် Hits Radio နှင့် အင်တာ ဗျူးတွင် ပြောကြားခဲ့သည်။

တေလာဆွစ်ဖ်သည် မုန့် ဖုတ်ခြင်း၊ အသားကင်ခြင်းမှသည် ဟောလိဝုဒ်ကြယ်ပွင့်များနှင့် မိတ် ဆွေဖွဲ့ခြင်းအထိ အလွန်ထူးချွန် သည်ဟု ကယ်လ်ဗင်ဟဲရစ်က ချီးမွမ်းပြောကြားသည်။

ကယ်လ်ဗင်ဟဲရစ်က ၎င်းတို့ စုံတွဲသည် ကိုယ်စီကိုယ်စီ အချိန် ဇယားများဖြင့် အလုပ်များကြ သော်လည်း နှစ်ဦးသားတွေ့ဆုံ ရန် အမြဲကြိုးစားသည်ဟု ပြော ကြားသည်။

၎င်းတို့စုံတွဲသည် ဘီယွန်း စေးနှင့် ဂျေးဇီတို့စုံတွဲကိုဖြတ် ကျော်၍ ၂၀၁၅ ၏ ဝင်ငွေ အကောင်းဆုံးစုံတွဲဖြစ်ခဲ့သည်ဟု Forbes မဂ္ဂဇင်းက ပြီးခဲ့သည့်လ တွင် ဖော်ပြခဲ့သည်။

Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top