iMyanmarHouse.com - Best Property Website for Myanmar
×













 ပေါ့ပ်အဆို တော် တေလာဆွစ်ဖ်၊ ဗြိတိန် အဆိုတော်နှင့် တေးရေးအက်ဒီရှီ ယာရန်၊ R&B အဆိုတော် ဘီယွန် စေးနှင့် ဒီဂျေမက်ရွန်ဆွန်တို့သည် အမ်တီဗီတေးဂီတဗီဒီယိုဆုများ အတွက် အမည်စာရင်းတင်သွင်း မှုတွင် ဦးဆောင်နေကြောင်း အမ် တီဗီရုပ်သံကွန်ရက်ကုမ္ပဏီက ပြောကြားသည်။

၂၀၁၄ က ရောင်းအား အကောင်းဆုံးတေးအယ်လ်ဘမ် တစ်ခုဖြစ်ခဲ့သော "1989"ကို သီဆိုသူ တေလာဆွစ်ဖ်သည် ဩဂုတ် ၃၀ ရက်တွင် ချီးမြှင့်မည့် ယင်းဆုများအတွက် အမည်စာရင်းတင် သွင်းမှုကိုးခုရရှိထားသည်။

ရှီယာရန်က အမည်စာရင်း ခြောက်ခုတင်သွင်းခံထားရပြီး ဘီယွန်စေးနှင့် ရွန်ဆွန်တို့သည်ငါးခုစီတင်သွင်းမှုရရှိထားသည်။

ဟစ်ဟော့ပ်အဆိုတော် ကန် ဒရစ်လာမာနှင့် ပူးတွဲသီဆိုသော တေလာဆွစ်ဖ်၏ Bad Blood တေးဂီတဗီဒီယိုတွင် အခြား အောင်မြင်ကျော်ကြားသူ တစ်ဒါဇင်ကျော်ကလည်း ဖျော်ဖြေတင် ဆက်ထားသည်။

ယင်းတေးဂီတဗီဒီယိုသည် တစ်နှစ်တာ အကောင်းဆုံးတေးဂီ တဗီဒီယိုဆုအတွက် ဘီယွန်စေး ၏ 7/11၊ ရှီယာရန် ၏ Thinking Out loud၊ ရွန်ဆွန်၏ Uptown Funk တေးဂီတဗီဒီယို၊ လာ ဟာ၏ Alright" တေးဂီတဗီဒီယို တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

တေလာဆွစ်ဖ်၏ "Blank Space" တေးဂီတဗီဒီယိုသည်အကောင်းဆုံးအမျိုးသမီးတေး ဂီတဗီဒီယိုဆုနှင့် အကောင်းဆုံး ပေါ့ပ်ဂီတဗီဒီယိုဆုတို့အတွက် အမည်စာရင်းတင်သွင်းခံထားရ သည်။ 

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top