iMyanmarHouse.com - Best Property Website for Myanmar
×










ငယ်ငယ်တုန်းက ဘယ်အချိန် တမှေးအိပ်ရမယ်ဆိုပြီး မိဘတွေက ကလေးငယ်တွေကို နေ့ခင်းအိပ်ချိန်လေးတွေ သတ်မှတ်ပေးတတ်ကြပါတယ်။ တမှေးအိပ်တယ်ဆိုတာ ကလေးငယ်၊ လူငယ်တွေသာမက -အရွယ်ရောက်ပြီးသူ၊ လူကြီးတွေမှာလည်း နေ့လည်နေ့ခင်း တမှေးအိပ်ပေးဖို့ လိုအပ်ပါတယ်။ အချိန်ဘယ်လောက်ရလဲဆိုတာ အရေးမကြီးပါဘူး။ အကျိုးကျေးဇူးတွေကတော့

၁၅ မိနစ်မှ မိနစ် ၂၀ ကြား
ခဏတစ်ဖြုတ် နေ့လည်နေ့ခင်း တစ်မှေးအိပ်ခြင်းက လန်းဆန်းမှု ပိုဖြစ်စေပါတယ်။

မိနစ် ၃၀
မိနစ် ၃၀ အိပ်ပေးတာ ညအချိန် အိပ်မောကျစဉ် ဖြစ်ပေါ်တဲ့ ဖောယောင်းမှု၊ ညောင်းညာခြင်းကို ခုခံပေးနိုင်ပါတယ်။

၄၅ မိနစ်
၄၅ မိနစ်အိပ်ပေးပါက ဦးနှောက်မှတ်ဥာဏ်နဲ့ သွေးပေါင်ကျခြင်းကို ပိုမိုတိုးတက်ကောင်းမွန်စေနိုင်ပါတယ်။

မိနစ် ၆၀
နေ့ခင်း တစ်နာရီလောက် တုံးတုံးလှဲတာ ကော်ဖီတစ်ခွက်သောက်ခြင်းထက် ပိုကောင်းတယ်လို့ သုတေသီတွေက ဆိုပါတယ်။

မိနစ် ၉၀
မိနစ် ၉၀ အပြည့်အိပ်ပေးတာ အားအင် ပြန်လည်ဖြည့်တင်းပေးပြီး ကြွက်သားများကို သက်သောင့်သက်သာဖြစ်စေပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top