iMyanmarHouse.com - Best Property Website for Myanmar
×











ပုံမှန်မှီဝဲလေ့ ရှိသည့် ဆေးဝါးများက လူတစ်ဦး၏ ကိုယ်ကျင့်တရား ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက် အပေါ် သက်ရောက်မှုရှိကြောင်း လေ့လာမှုတစ်ခုတွင် ဖော်ပြထားသည်။စိတ်ကျရောဂါ ပျောက်ဆေးများ
 သောက်သုံးသူများသည် ကိုယ်ကျိုးစွန့် လုပ်ဆောင် တတ်ကြသော်လည်း ပါကင်ဆင်ရောဂါကို ကုသရာတွင် သုံးစွဲသည့် ဆေးများအား သောက်သုံးသူများသည် အတ္တကြီးစွာ ဆောင်ရွက်တတ်ကြောင်း သုတေသန ပညာရှင်များက တွေ့ရှိခဲ့သည်။

လန်ဒန် တက္ကသိုလ်နှင့် အောက်စဖာ့ဒ် တက္ကသိုလ်တို့မှ ပညာရှင်များသည် ကျန်းမာသော အစမ်းသပ်ခံ တစ်စုအား စိတ်ကျရောဂါ ပျောက်ဆေး တစ်မျိုးဖြစ်သည့် စီတာလိုပရမ်များကို သောက်သုံးစေခဲ့ပြီး ကျန်တစ်စုအား ဓာတ်သဘော သက်ရောက်မှု မရှိသည့် ဆေးအတုများကို သောက်သုံးစေခဲ့သည်။ စီတာလိုပရမ်သည် ဦးနှောက်တွင်းရှိ ဓာတုပစ္စည်းတစ်မျိုး ဖြစ်သော ဆရိုတိုနင် ပမာဏအပေါ် သက်ရောက်မှု ရှိစေသည်။

အခြား ကျန်းမာသော အစမ်းသပ်ခံ တစ်စုအား ပင်ကင်ဆင်ရောဂါ ကုဆေး လီဗိုဒိုပါကို သောက်သုံးစေခဲ့ပြီး ကျန်တစ်စုအား ဆေးအတုကို သောက်သုံးစေခဲ့သည်။ လီဗိုဒိုပါသည် ဦးနှောက်တွင်းရှိ ဓာတုပစ္စည်းတစ်မျိုး ဖြစ်သော ဒိုဖာမင်း ပမာဏအပေါ် သက်ရောက်မှု ရှိစေသည်။စီတာလိုပရမ် သောက်သုံးသူများသည် ဆေးအတု သောက်သုံးသူများထက် အခြားလူများ ထိခိုက်မှု မရှိစေရန် အတွက် အနစ်နာခံရန် ပိုမို အသင့်ရှိကြကြောင်း ပညာရှင်များက လေ့လာ တွေ့ရှိခဲ့သည်။

ဆန့်ကျင်ဘက်အားဖြင့် လီဗိုဒိုဖာ သောက်သုံးသူများသည် ဆေးအတု သောက်သုံးသူများထက် ပိုမို အတ္တကြီးပြီး ကိုယ်ကျိုးစီးပွား အတွက်ဆိုလျှင် အခြားသူအပေါ် ဒုက္ခပေးရန် ၀န်မလေးကြောင်း တွေ့ရှိခဲ့ပြန်သည်။

Credit : messenger

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top