iMyanmarHouse.com - Best Property Website for Myanmar
×














ကိုယ့်ကို ရယ်မောပျော်ရွှင်စေတဲ့သူမျိုးကို အမျိုးသား၊ အမျိုးသမီးမရွေး ချစ်ခင်နှစ်သက်ကြမှာဖြစ်ပါတယ်။ သင်ဟာ မိန်းကလေး တစ်ဦးဖြစ်ပြီး အမျိုးသားတစ်ဦးရဲ့ နှစ်သက်မှုကို လိုချင်ရင်တော့ စမတ်ကျဖို့ထက် အရေးကြီးတာ ရှိနေပါတယ်။

သုတေသနစစ်တမ်းအရ အမျိုးသားတွေဟာ ဥာဏ်ရည်ထက်မြက်ပြီး သွက်သွက်လက်လက်ရှိတဲ့ အမျိုးသမီးတွေထက် သူတို့ဟာသလုပ်တာကို အတူတကွ လိုက်ပြီးရယ်မောပေးတက်တဲ့ အမျိုးသမီးတွေကို ပိုပြီးနှစ်သက်ကြတယ်လို့ သုတေသနစစ်တမ်းက ဖော်ထုတ်လိုက်ပါတယ်။ မိုင်ယာမီတက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ ဒီစစ်တမ်းမှာ အမျိုးသား အမျိုးသမီး နှစ်ဖက်လုံးစီက အချက်အလက်ကောက်ယူခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ ကိုယ့်ရဲ့ ချစ်သူကို ဟာသပြောလေ့ရှိတဲ့ အကျင့်ရှိရင်လည်း စိတ်မပူပါနဲ့။ ဒါကို အမျိုးသားတွေက နှစ်သက်တယ်လို့ ဒီစစ်တမ်းမှာ ဖော်ပြပါတယ်။

အမျိုးသားနဲ့ အမျိုးသမီး ၈၀ ကျော်ကို ကောက်ယူခဲ့တဲ့ ဒီစစ်တမ်းမှာ အမျိုးသမီးတွေကတော့ သူတို့ကို ရယ်မောရုံ ပြုလုပ်ပေးနိုင်တဲ့သူမျိုးကို နှစ်သက်ကြပေမယ့် အမျိုးသားတွေကတော့ သူတို့ဟာသလုပ်တာကို အသိအမှတ်ပြုပြီး အတူလိုက်ရယ်မောပေးတဲ့ အဖော်ကို ပိုပြီးလိုချင်ကြတယ်လို့ ဆိုပါတယ်။ အမျိုးသားတွေ အနေနဲ့ အမျိုးသမီးတွေနဲ့ ချိန်းတွေ့တဲ့အခါ ရယ်မောအောင်လုပ်ပေးရမယ်ဆိုတဲ့ အသိနဲ့ ဖိအားဝင်နေတက်ကြ တာကြောင့် သူတို့လုပ်တဲ့ ဟာသတွေကို နှစ်နှစ်ခြိုက်ခြိုက်ရယ်မောပေးရင် ပိုပြီးသဘောကျလေ့ ရှိတာဖြစ်ပါတယ်။

Credit : Planet Myanmar

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top