iMyanmarHouse.com - Best Property Website for Myanmar
×









ရာသီဥတု ပိုနွေးလာတဲ့အခါ လူတွေ ညုပ်ဖိနပ်ရွေးစီးကြပါတယ်။ မိုးတွင်းကျပြန်တော့လည်း ညှပ်ဖိနပ်၊ သားရေဖိနပ်တွေကို ရွေးစီးကြပြန်ရော။ ဒါပေမယ့် ညှပ်ဖိနပ်စီးခြင်းက သင့်ကျန်းမာရေးကို အန္တရာယ်ဖြစ်စေတာ သိပါသလား။  ဘယ်လိုတွေဖြစ်စေနိုင်လဲဆိုတာ သင်သိချင်နေပါလိမ့်မယ်။ သို့သော် သက်သောင့်သက်သာဖြစ်မယ့်အစား သင့်ခြေထောက်ကို ဘယ်လို နာကျင်စေနိုင်တဲ့အကြောင်းအရင်း များစွာရှိပါတယ်။

ရောဂါဘယတွေဖြစ်စေညှပ်ဖိနပ်စီးတဲ့အခါ ခြေထောက်ဟာ ပတ်ဝန်းကျင်မှတဆင့် ဘက်တီးရီးယား ပိုးမွှားများနဲ့ ဗိုင်းရပ်စ်ပိုးမွှားများနဲ့ ထိတွေ့သွားပါတယ်။ ဒါ့ကြောင့် အရေပြား ပျက်စီးပြီ်း ပြသနာကြီးကြီးမားမားဖြစ်သွားစေနိုင်တယ်။ အရေပြား ပျက်စီးသွားတဲ့နေရာနဲ့ တိုက်ရိုက် ထိတွေ့မိရင် ဘက်တီးရီးယား ပိုးမွှားတွေက မြန်ဆန်စွာ ပွားများပါတယ်။

ခြေချောင်းနဲ့ ခြေဖနှောင့်တွေ ပျက်စီးစေညှပ်ဖိနပ်စီးတာ ခြေထောက်ကို ညစ်ပတ်စေပါတယ်။ ညှပ်ဖိနပ် အဆင့်မပြတ် စီးရင် ခြေထောက်တွေ ညစ်ညစ်ပတ်ပတ်ဖြစ်ကာ ပုံပန်းတွေ ပြောင်းလဲစေပါလိမ့်မယ်။

နာကျင်မှုဖြစ်စေပြီး ကိုယ်နေဟန်ထားပြောင်းလဲစေညှပ်ဖိနပ်လို ဖိနပ်တွေဟာ မတ်သပ်ရပ်ရတာ မြဲမြန်မှု မရှိစေပါဘူး။ ဒီ့အတွက်ကြောင့် စီးတဲ့သူတွေ  တင်ပါး၊ တင်ပါးဆုံရိုးနဲ့ ဒူးဆစ် ပြသနာဖြစ်ကြပါတယ်။ အထူးသဖြင့် ကိုယ်ဟန်အနေအထား ပုံမှန်မဖြစ်တဲ့ သူတွေအတွက် ညှပ်ဖိနပ် မစီးသင့်ပါဘူး။

ခြေသံပြင်းပြင်းနင်းစေညှပ်ဖိနပ်စီးသူတွေ ခြေလမ်းပိုစိပ်ပြီး သာမန်ကွင်းထိုးဖိနပ် စီးသူတွေထက် လမ်းလျှောက်တဲ့အခါ ပိုမို နှေးကွေးစွာ လျှောက်တတ်ကြောင်း၊ ခြေထောက်ကို ပြင်းပြင်းပိုနင်းမိတတ်ကြကြောင်း လေ့လာမှုတစ်ခုမှ ဖော်ပြထားပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top