iMyanmarHouse.com - Best Property Website for Myanmar
×










မမှည့်သေးတဲ့ သင်္ဘောသီးစိမ်းမှာ အနံ့ပြေပြေလေး တစ်မျိုးရှိပါတယ်။ သင်္ဘောသီးစိမ်းမှာ နူးညံ့တဲ့ အဖြူရောင်အသားရှိပြီး ဗီတာမင်-စီ ရင်းမြစ်ကြီး တစ်ခုလည်းဖြစ်ပါတယ်။ သင်္ဘောသီးက ပိုတက်စီယမ်နဲ့ အမျှင်ဓာတ်ရနိုင်တဲ့ အဓိကနေရာတစ်ခုပြီး ကယ်လိုရီ နည်းပါးပါတယ်။ အစာချေမှု အကူအညီဖြစ်စေတဲ့ pectin ပမာဏမြင့်မားစွာ ပါဝင်ပါတယ်။

သင်္ဘောသီးစိမ်း ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေက
၁။ အဆစ်ရောင်နာ၊ အဆစ်အရိုးယောင်ရမ်းနာ၊ ဂေါက်နာ နဲ့ ပန်းနာ စတဲ့ရောဂါကနေ တဆင့်ဖြစ်တဲ့  ယောင်ရမ်းခြင်းကို သိသိသာသာ လျော့ကျစေပါတယ်။

၂။ သင်္ဘောသီးမှာ ကြွယ်ဝစွာ ပါဝင်တဲ့ အမျှင်ဓာတ်တွေက အူမကြီးအတွင်း ကင်ဆာရောဂါ ဖြစ်စေတဲ့ အဆိပ်အတောက်တွေကို ထိန်းချုပ်ပြီး ဝမ်းသွားနေစဉ် ခန္ဓာကိုယ်အတွင်းမှ ရှင်းထုတ်ပေးပါတယ်။

၃။ သင်္ဘောသီးကို သူ့ရဲ့ ညင်သာပြီး သာဘာဝဝမ်းနုတ်ဆေး အာနိသင်ကြောင့် လူသိများပြီး အစာချေဖျက်မှုကို အကူအညီဖြစ်စေပါတယ်။ ပုံမှန်စားပေးပါက ဝမ်းချုပ်ခြင်း၊ လိပ်ခေါင်းနဲ့ ဝမ်းလျောခြင်းတို့အတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။

၎။ သင်္ဘောသီးမှာ ပါရှိတဲ့ အစွမ်းထက် anti-oxidant သုံးမျိုးက  ကိုလက်ထရောကို ကာကွယ် တားဆီးပေးပါတယ်။ နောက်ပိုင်း နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတွေ ဖြစ်စေနိုင်တဲ့ အသက်အန္တရာယ် များတဲ့ ရောဂါများဖြစ်ပေါ်စေပါတယ်။

၅။ သင်္ဘောသီးမှာ ရနိုင်တဲ့ ဗီတာမင်-အေ က အဆုတ်ယောင်ခြင်းကို ကို လျော့နည်းစေပါတယ်။ ဒါ့ကြောင့် ဆေးလိပ်ကို ကိုယ်တိုင်မသောက်ပေမယ့် တဆင့်ခံ အငွေ့ရှူမိသောလူတွေ အတွက်လည်း အကျိုးပြုပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top