iMyanmarHouse.com - Best Property Website for Myanmar
×









ကမ္ဘာကျော်အဆိုတော် လေဒီဂါဂါရဲ့ တက်တူးတွေအကြောင်း ပြောရရင်တော့ တစ်ချိန်တည်းမှာပဲ သူမရဲ့ထူးခြားတဲ့ အိုင်ဒီယာတွေကိုပါ သင်အံ့သြရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူမဟာ သူမရဲ့အနုပညာပါဖောင်းမန့်စ်တွေကို တစ်ခြားအနုပညာရှင်တွေနဲ့ မတူအောင် ကြိုးစားလေ့ရှိသလို သူမခန္ဓာကိုယ်ပေါ်တင်မယ့် တက်တူးဒီဇိုင်းတွေကိုလည်း သေချာစဉ်းစားလေ့ရှိတာကြောင့်ပါ။

လေဒီဂါဂါရဲ့လက်မောင်းအတွင်းဘက်ထိုးထားတဲ့ တက်တူးကတော့ ဂျာမန်ကဗျာဆရာ Rainer Maria Rilke ရဲ့ စာသားတစ်ခုဖြစ်ပါတယ်။ သူမဟာ ဂျပန်မှာတက်တူးထိုးဖူးခဲ့တယ်လို့ သိရပြီး အဲ့ဒီအချိန်ကတော့ ၂၀၀၉ခုနှစ်ပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ သူမရဲ့ ပရိသတ်တွေကို ရည်ရွယ်ပြီး Little Monsters ကို ဖြည့်စွက်ထိုးခဲ့ပါတယ်။ ဒါ့အပြင် သူမဟာ ပေါင်မှာ Unicorn လေး တစ်ကောင်ထိုးခဲ့ပြီး ဘေးမှာ Born this Way ဆိုတဲ့ သူမ သီချင်းနာမည်လေးကိုပါ ကပ်လျှက်ထိုးခဲ့တာပါ။

ဒါ့အပြင် လေဒီဂါဂါရဲ့တက်တူးတွေထဲမှာ လက်ကောက်ဝတ်မှာထိုးထားတဲ့ ငြိမ်းချမ်းရေးသင်္ကေတအပြင်  John Lennon ကို ဂုဏ်ပြုရေးထိုးထားတဲ့ တက်တူးလည်းရှိပါသေးတယ်။ နောက်ထပ်တစ်ခုကတော့ သူမရဲ့အဖေအတွက် ရေးထိုးခဲ့တဲ့ ကျောပေါ်က Dad ဆိုတဲ့ တက်တူးလေးပါပဲ။ ထူးခြားတာကတော့ သူမရဲ့ လက်မှာထိုးထားတဲ့ကြွက်ပုံလေးပါပဲ။

တက်တူးနဲ့ပတ်သက်ပြီး သူမပြောသွားတာက "တက်တူးတစ်ခုချင်းစီတိုင်းကို အဓိပ္ပါယ်တွေ ပြည့်ဝနေတာမျိုးပဲ ကြိုက်တယ်။ သူများနဲ့မတူအောင်လို့တော့ အရမ်းကြီး မစဉ်းစားပါဘူး။ ကိုယ်တကယ်ကြိုက်တဲ့အရာတွေဆိုပြီး ထိုးလိုက်ရင်ကို သူများနဲ့တော့ သိပ်မတူတော့ဘူး။ ပြီးတော့ ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်အခြမ်းတွေကိုပဲ တက်တူးတွေထပ်ဖြည့်သွားမယ်။ ညာဘက်ကိုတော့ ထိုးဖြစ်မယ်မထင်ဘူး။ အဖေကလည်း အဲ့ဒီလိုလုပ်ပေးဖို့ တောင်းဆိုထားတယ်"တဲ့။

Credit : Trend Myanmar
 
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top