iMyanmarHouse.com - Best Property Website for Myanmar
×









နာမည်ကျော်ရုပ်ရှင် Titanic မင်းသားလီယိုနာဒို ဒီကာပရီယိုအား ကမ္ဘာကြီးပူနွေးမှု ကို တားဆီးပေးခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိသော ဖွံ့ဖြိုးတိုးတက်စေရေး ကတိပေး ဆောင်ရွက်ခြင်းတို့အတွက် မိုနာကိုမင်းသား အဲလ်ဘက်က Medi-ation Division ဆုကို ချီးမြှင့်ခဲ့ သည်။

သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေး တက်ကြွလှုပ်ရှားသူ လီယိုနာဒို (၄၀)နှစ်သည် သီတင်း ခြောက်ပတ်အတွင်း ကိုယ်ပိုင် ဂျက်လေယာဉ်ဖြင့် ခရီးခြောက် ကြိမ်ထွက်ခဲ့သည်ဆိုသော သတင်းဖွင့်ချမှုများကြောင့် ၎င်း၏ လုပ် ရပ်များသည် သူတော်ကောင်း ယောင်ဆောင်ခြင်းဖြစ်သည်ဟု ယခင်က စွပ်စွဲခံခဲ့ရသည်။

၎င်းသည် လီယိုနာဒိုဒီကာပရီယို ဖောင်ဒေးရှင်းအတွက် ဒုတိယမြောက်နှစ်အဖြစ် ရန်ပုံငွေရှာဖွေ ပေးခဲ့သည်။

ထို့နောက် ယခုလဆန်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးတက်ကြွလှုပ်ရှားသူများနှင့် အဖွဲ့အစည်းများအတွက် ကန် ဒေါ်လာ ၁၅ သန်းလှူဒါန်းခဲ့သည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top