iMyanmarHouse.com - Best Property Website for Myanmar
×









 ဒီလို လေ့လာချက်မျိုးပြုလုပ်တာက အချည်းနှီးသာဖြစ်ပြီး ဒီသတင်းအချက်အလက်ကလည်း လုံးဝအကျိုးမရှိဘူးလို့ သင် ထင်မြင်မိပါလိမ့်မယ်။ ဒါပေမယ့် အသုံးဝင်တဲ့အချက်ကို သင် မကြာခင်တွေ့ ရမှာပါ။ Missouri တက္ကသိုလ်က စိတ်ပညာလေ့လာသူတွေဟာ ကောလိပ်တက္ကသိုလ်ကျောင်းသား ၃၇၄ ယောက်ကို လေ့လာပြီး အမျိုးအစား အုပ်စု လေးစု ခွဲခြားခဲ့ပါတယ်။ အဆိုပါ အုပ်စုလေးခုကို တကယ့်နာမည်ကြီးစာရေးဆရာ နဲ့ စိတ်ကူးယဉ်ဇာတ်ကောင်နာမည်တွေဖြစ်တဲ့ Mary Poppins ၊ Ernest Hemingway ၊ The Nutty Professor နဲ့ Mr.Hyde ဆိုပြီး အမည်ပေးခဲ့ပါတယ်။

၁။ Ernest Hemingway လို အသောက်သမား
ဒါကတော့ အကြီးဆုံးအုပ်စုဖြစ်ပါတယ်။ Ernest Hemingway ဆန်ဆန်သောက်တတ်သူတွေဟာ အရက်ကြောင့် ဘာမှမဖြစ်ပုံပါပဲ။ Ernest Hemingway ကိုယ်တိုင်ကလည်း “ ၀ီစကီဘယ်လောက်သောက်သောက် မမူးတတ်ဘူး” လို့ ပြောထားတာကြောင့် သူ့ နာမည်ပေးထားတာပါ။ Hemingway ယမကာသမားတို့ ကတော့ ပါးပါးလေးပဲသောက်သောက် ဖင်ထောင်အောင် သောက်သောက် သိပ်မူမပျက်တတ်ပါဘူး။

၂။ Mary Poppins လို အသောက်သမားမျိုး
သင်က Mary Poppins အသောက်သမားဆိုရင်တော့၊ သင်ဟာ ချစ်ဖို့ ကောင်းသလို ယုံကြည်စိတ်ချဖို့ လည်းကောင်းတဲ့ အသောက်သမားမျိုးပါ။ Mary Poppins က ၁၉၆၄ ခုနှစ်ဇာတ်လမ်းထဲမှာ သူမဟာ လုံးဝပြီးပြည့်စုံတဲ့ လူတစ်ယောက် ဖြစ်တယ်လို့  ပြောဖူးပါတယ်။ Mary Poppins ယမကာမောင်မယ်တွေဟာ ဖော်ရွေတဲ့လူမျိုးတွေဖြစ်ပြီး မူးလာလေလေ စကားတွေ ဖောင်ဖွဲ့ ပြောလေလေဖြစ်ပြီး ပရော်ပရည် လုပ်တတ်တဲ့လူမျိုးတွေဖြစ်ပါတယ်။

၃။ Nutty Professor လို အသောက်သမားမျိုး
ဒီအမျိုးအစားကတော့ Eddie Murphy သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကား The Nutty Professor ကို မှီးထားတာဖြစ်ပါတယ်။ ( Jerry Lewis သရုပ်ဆောင်တဲ့ ကားမဟုတ်ဘူးနော်) ။ လေ့လာတွေ့ ရှိချက်အရ Nutty Professor အသောက်သမားမျိုးက အရှက်အကြောက် များတဲ့ သိုသိုသိပ်သိပ်သမားတွေဖြစ်ပါတယ်။ ပါတီတစ်ခုမှာ မမူးခင်အထိ ရုပ်တည်ကြီးနဲ့ နေတတ်သူတွေပါ။

၎။ Mr.Hyde လို အသောက်သမားမျိုး
Dr.Jekyll and Mr.Hyde ဆိုတဲ့ ရုပ်ရှင်နဲ့ ရုပ်ပြဇာတ်လမ်းက ဇာတ်ကောင် Dr.Jekyll မှာ လူကောင်း Dr.Jekyll နဲ့ လူဆိုး Mr.Hyde ဆိုပြီး စရိုက်နှစ်မျိုးရှိပါတယ်။ သူဟာ စိတ်ထိန်းချုပ်မှုလွတ်သွားရင် လူဆိုး Mr.Hyde ဖြစ်သွားတာပါ။ Mr.Hyde အုပ်စုဝင် အသောက်သမားတွေကတော့ စဉ်းစားချင့်ချိန်မှုနည်းပြီး၊ ရန်လို တတ်တဲ့လူမျိုးတွေပါ။ အယ်လ်ကိုဟောရဲ့ လွှမ်းမိုးမှုအောက်ရောက်သွားရင် သူတို့ ရဲ့ မကောင်းတဲ့စရိုက်က ခွဲထွက်လာတတ်တဲ့လူမျိုးပါ။

သင်နဲ့ အတူတူအရက်သောက်ဖော်သောက်ဖက်တစ်ယောက်ယောက်ဟာ ဘယ်လို အမျိုးအစားထဲကလည်းဆိုတာ ခွဲခြားသိထားရင် သူတို့ နဲ့ ဆက်ဆံတဲ့အခါမှာ အဆင်ပြေဆုံး ဆက်ဆံနိုင်ပါလိမ့်မယ်။ ဒါပေမယ့် Mr.Hyde လို ယစ်ထုတ်ကိုတော့ ဝေးဝေးက ရှောင်တာအကောင်းဆုံးပါပဲ။သင်ကကော ချစ်စရာ Mary Poppins လား မကောင်းဆိုးဝါး Mr.Hyde လား။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top